• Empowerment Culture
    အမျိုးသမီးတွေရဲ့အခွင့်အရေးအတွက် ကိုယ်တိုင်ဦးဆောင်နိုင်မယ့် နည်းလမ်း (၅) ခု
Su Yee Moe
[Unicode Version]

နေ့စဉ်ဘဝမှာ အမျိုးသမီးတွေဟာ တန်းတူညီမျှ ဆက်ဆံခံရမှုနဲ့ ဝေးနေရပါတယ်။ ခွဲခြားဖိနှိပ်ခံရမှုတွေ၊ စော်ကားနှောင့်ယှက်မှုတွေနဲ့ ကြုံတွေ့နေရတယ်။ လူသားတစ်ဦးအနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတာ အများကြီးပါပဲ။ အဲ့ဒီအတွက် အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်တာတွေ ရှိပါတယ်။

၁။ ကိုယ့်ဆန္ဒကိုထုတ်ဖော်ပါ

1.jpg

ကိုယ့်ရဲ့မိသားစုကိုရော သူငယ်ချင်းတွေကိုရော ဒါမှမဟုတ် အမျိုးသမီးအရေးဦးဆောင်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကိုဖြစ်ဖြစ် ကိုယ့်ရဲ့ဆန္ဒကို ထုတ်ဖော်ပြောကြားပါ။ အမျိုးသမီးတွေ ရသင့်ရထိုက်တဲ့အခွင့်အရေးနဲ့ ကျား၊မ တန်းတူညီမျှရေးဟာ များများလှုံ့ဆော်ပြောကြားကြမှ အတားအဆီးတွေကိုဖြတ်ကျော်နိုင်မှာပါ။ Jaha Dukureh ဟာ UN Women ရဲ့ ဒေသဆိုင်ရာနှလုံးလှသံတမန်ဖြစ်ပါတယ်။ အာဖရိကမှာရှိတဲ့ အမျိုးသမီးတွေလိင်အင်္ဂါဖြတ်တောက်ခံရမှုနဲ့ သက်ငယ်ထိမ်းမြားမှုတွေကို ဆန့်ကျင်တားမြစ်နေတဲ့ တက်ကြွလှုပ်ရှားသူပါ။

၂။ အချင်းချင်းကူညီထောက်ပံ့ပါ

အမျိုးသမီးတွေရဲ့ဘဝ တိုးတက်လာဖို့ဆိုရင် အမျိုးသမီးအချင်းချင်း အပြန်အလှန်ရိုင်းပင်းကူညီနေဖို့ အရေးကြီးတာပေါ့။ အမျိုးသမီးတွေဟာ တစ်ယောက်ကိုတစ်ယောက် ကူညီနေမယ်၊ ရိုင်းပင်း စည်းလုံးနေမယ်ဆိုရင် ဒီအသိုက်အဝန်းဟာ ပိုကောင်းလာဖို့ပဲရှိပါတယ်။

၃။ ကိုယ်တိုင်ပါဝင်ပါ

4.jpg

အမျိုးသမီးတွေရဲ့ဘဝတွေ မြှင့်တင်ပေးနိုင်ဖို့အတွက် အမျိုးသမီးတွေမှာ အာဏာနဲ့လုပ်ပိုင်တွေရဖို့ကို ကိုယ်တိုင်ပါဝင်နိုင်ပါတယ်။ အုပ်ချုပ်ရေးပိုင်းတွေမှာ ပါဝင်နိုင်အောင် ဝင်ရောက်အရွေးခံသင့်ပါတယ်။

၄။ မျိုးဆက်သစ်တွေကို ပညာပေးပါ

ကမ္ဘာတစ်ဝန်းက ငယ်ရွယ်တဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ကျား၊မ တန်းတူညီမျှရေးအတွက် ကြိုးစားနေကြပါပြီ။ လူငယ်ဦးဆောင်သူတွေကို empower ဖြစ်အောင် လုပ်ပေးခြင်း၊ အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ပြီး ပညာပေးခြင်းတွေဟာ အနာဂတ်ပိုကောင်းလာဖို့ နည်းလမ်းတစ်ခုပါ။

၅။ ကိုယ့်ရဲ့အခွင့်အရေးကိုကိုယ်တိုင်သိပါစေ

6.jpg

အမျိုးသမီးဆိုတာလည်း လူပဲ။ မိန်းကလေးအဖြစ်နဲ့ မွေးဖွားလာရတာ ဘာမှ ရှက်ရွံ့သိမ်ငယ်စရာမလိုဘူး။ ကိုယ့်မှာလည်း လူသားတစ်ဦး ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရနေဖို့လိုတာကို ကိုယ်တိုင်လက်ခံရပါမယ်။ ကိုလံဘီယာက တက်ကြွလှုပ်ရှားသူ Charo Mina-Rojas ဆိုရင် သူမရဲ့နိုင်ငံတွင်းက မိန်းကလေးတွေအတွက် ကြိုးပမ်းနေသူပါ။ အောက်ခြေလူတန်းစားတွေကို ပညာသင်ကြားပေးမှုတွေ အဆက်မပြတ်လုပ်နေပါတယ်။

Source : UN Women

[Zawgyi Version]

ေန႔စဥ္ဘဝမွာ အမ်ိဳးသမီးေတြဟာ တန္းတူညီမွ် ဆက္ဆံခံရမႈနဲ႔ ေဝးေနရပါတယ္။ ခြဲျခားဖိႏွိပ္ခံရမႈေတြ၊ ေစာ္ကားေႏွာင့္ယွက္မႈေတြနဲ႔ ၾကံဳေတြ႕ေနရတယ္။ လူသားတစ္ဦးအေနနဲ႔ ရသင့္ရထုိက္တဲ့ အခြင့္အေရးေတြ ဆံုးရႈံးေနရတာ အမ်ားႀကီးပါပဲ။ အဲ့ဒီအတြက္ အမ်ိဳးသမီးအခြင့္အေရးလႈပ္ရွားမႈမွာ ကိုယ္တုိင္ကိုယ္က် ပါဝင္ႏုိင္တာေတြ ရွိပါတယ္။

၁။ ကိုယ့္ဆႏၵကိုထုတ္ေဖာ္ပါ

ကိုယ့္ရဲ႕မိသားစုကိုေရာ သူငယ္ခ်င္းေတြကိုေရာ ဒါမွမဟုတ္ အမ်ိဳးသမီးအေရးဦးေဆာင္လႈပ္ရွားေနတဲ့ အဖြဲ႔အစည္းေတြကိုျဖစ္ျဖစ္ ကိုယ့္ရဲ႕ဆႏၵကို ထုတ္ေဖာ္ေျပာၾကားပါ။ အမ်ိဳးသမီးေတြ ရသင့္ရထိုက္တဲ့အခြင့္အေရးနဲ႔ က်ား၊မ တန္းတူညီမွ်ေရးဟာ မ်ားမ်ားလႈံ႕ေဆာ္ေျပာၾကားၾကမွ အတားအဆီးေတြကိုျဖတ္ေက်ာ္ႏုိင္မွာပါ။ Jaha Dukureh ဟာ UN Women ရဲ႕ ေဒသဆိုင္ရာႏွလံုးလွသံတမန္ျဖစ္ပါတယ္။ အာဖရိကမွာရွိတဲ့ အမ်ိဳးသမီးေတြလိင္အဂၤါျဖတ္ေတာက္ခံရမႈနဲ႔ သက္ငယ္ထိမ္းျမားမႈေတြကို ဆန္႔က်င္တားျမစ္ေနတဲ့ တက္ၾကြလႈပ္ရွားသူပါ။

၂။ အခ်င္းခ်င္းကူညီေထာက္ပံ့ပါ

အမ်ိဳးသမီးေတြရဲ႕ဘဝ တိုးတက္လာဖုိ႔ဆုိရင္ အမ်ိဳးသမီးအခ်င္းခ်င္း အျပန္အလွန္႐ိုင္းပင္းကူညီေနဖုိ႔ အေရးႀကီးတာေပါ့။ အမ်ိဳးသမီးေတြဟာ တစ္ေယာက္ကိုတစ္ေယာက္ ကူညီေနမယ္၊ ရိုင္းပင္း စည္းလံုးေနမယ္ဆုိရင္ ဒီအသိုက္အဝန္းဟာ ပိုေကာင္းလာဖုိ႔ပဲရွိပါတယ္။

၃။ ကိုယ္တိုင္ပါဝင္ပါ

အမ်ိဳးသမီးေတြရဲ႕ဘဝေတြ ျမႇင့္တင္ေပးႏိုင္ဖုိ႕အတြက္ အမ်ိဳးသမီးေတြမွာ အာဏာနဲ႔လုပ္ပိုင္ေတြရဖုိ႔ကို ကိုယ္တုိင္ပါဝင္ႏိုင္ပါတယ္။ အုပ္ခ်ဳပ္ေရးပိုင္းေတြမွာ ပါဝင္ႏိုင္ေအာင္ ၀င္ေရာက္အေရြးခံသင့္ပါတယ္။

၄။ မ်ိဳးဆက္သစ္ေတြကို ပညာေပးပါ

ကမၻာတစ္ဝန္းက ငယ္ရြယ္တဲ့ တက္ၾကြလႈပ္ရွားသူေတြဟာ က်ား၊မ တန္းတူညီမွ်ေရးအတြက္ ႀကိဳးစားေနၾကပါၿပီ။ လူငယ္ဦးေဆာင္သူေတြကို empower ျဖစ္ေအာင္ လုပ္ေပးျခင္း၊ အမ်ိဳးသမီးအခြင့္အေရးနဲ႔ပတ္သက္ၿပီး ပညာေပးျခင္းေတြဟာ အနာဂတ္ပိုေကာင္းလာဖုိ႔ နည္းလမ္းတစ္ခုပါ။

၅။ ကိုယ့္ရဲ႕အခြင့္အေရးကိုကိုယ္တိုင္သိပါေစ

အမ်ိဳးသမီးဆုိတာလည္း လူပဲ။ မိန္းကေလးအျဖစ္နဲ႔ ေမြးဖြားလာရတာ ဘာမွ ရွက္ရြံ႕သိမ္ငယ္စရာမလိုဘူး။ ကိုယ့္မွာလည္း လူသားတစ္ဦး ရသင့္ရထိုက္တဲ့ အခြင့္အေရးေတြ ရေနဖုိ႔လိုတာကို ကိုယ္တုိင္လက္ခံရပါမယ္။ ကိုလံဘီယာက တက္ၾကြလႈပ္ရွားသူ Charo Mina-Rojas ဆိုရင္ သူမရဲ႕ႏိုင္ငံတြင္းက မိန္းကေလးေတြအတြက္ ၾကိဳးပမ္းေနသူပါ။ ေအာက္ေျခလူတန္းစားေတြကို ပညာသင္ၾကားေပးမႈေတြ အဆက္မျပတ္လုပ္ေနပါတယ္။

Source : UN Women


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs