ရာစုနှစ် ၂ ခု ကျော်လွန်လာပြီးတဲ့တိုင်အောင် ကျား၊မ သာတူညီမျှရေးအတွက် လုပ်ဆောင်နေကြရတုန်းပါပဲလို့ World Economic Forum က နောက်ဆုံးထုတ်ပြန်ထားတဲ့ Global Gender Gap Report မှာ ရေးသားထားပါတယ်။ ကျား၊မ တန်းတူညီမျှရေးအတွက် အဖွဲ့အစည်းပေါင်းများစွာကလည်း အားထုတ်နေကြပါတယ်။ လုပ်ငန်းခွင်မှာရော လုပ်ငန်းခွင်ပြင်ပမှာပါ အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ တကယ်များပါတယ်။ အဲ့ဒီအတွက် ခေါင်းဆောင်တွေအနေနဲ့ အမျိုးသမီးတွေကဏ္ဍတိုးတက်လာဖို့ရာ ဒါတွေ ပြီးမြောက်နေဖို့လိုပါတယ်။
အမျိုးသမီးတွေဟာ သူတို့ရဲ့အလုပ်ရှင်၊ အထက်အရာရှိအပေါ် မယုံကြည်ကြဘူး။ အသက်မွေးဝမ်းကြောင်းဆိုင်ရာအခွင့်အလမ်းတွေ တိုးတက်လာဖို့အတွက်ဆိုရင် ပိုပြီးပွင့်လင်းမြင်သာမှုရှိရပါမယ်။
ဆက်သွယ်ချိတ်ဆက်မှုတွေသာ မရှိဘူးဆိုရင် အမျိုးသမီးတွေအနေနဲ့ အောင်မြင်လာစရာအကြောင်းမရှိပါဘူး။ ပြီးတော့ အမျိုးသမီးတွေသာမက အမျိုးသားတွေကိုပါ role model အတွက်နဲ့ စိတ်နှစ်မြှုပ်အတုယူသင့်တယ်။ ယောက်ျားတွေထံက ထောက်ပံအားပေးမှုတွေလည်း လက်ခံရပါမယ်။
အလုပ်ထဲမှာ ပျော်ရွှင်နေတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့အသက်မွေးဝမ်းကြောင်းနဲ့ ပုဂ္ဂိုလ်ရေး၊ မိသားစုဘဝ ဟန်ချက်ညီနေဖို့ အရေးကြီးကြောင်းကိုလည်း သိကြပါတယ်။ ဒါပေမဲ့ မိသားစုအသစ်တစ်ခု စတင်လိုက်တဲ့ အမျိုးသမီးတွေမှာတော့ သူတို့ရဲ့အသက်မွေးဝမ်းကြောင်းအပေါ် မိခင်ဘဝဖြစ်တည်မှုက သက်ရောက်မှုရှိလာမှာကို ပူပန်ကြပါတယ်။ မီးဖွားပြီး အလုပ်ပြန်လုပ်မယ်ဆိုရင်တော့ ဝန်ထမ်းဘက်ကလည်း အလုပ်ကို ပိုကြိုးစားဖို့လိုအပ်သလို အလုပ်ရှင်အနေနဲ့လည်း သူ့အတွက် အဆင်ပြေသင့်လျှော်အောင် ညှိနှိုင်းဖြေလျှော့တာလေးတွေ လုပ်ပေးသင့်ပါတယ်။
ရာစုႏွစ္ ၂ ခု ေက်ာ္လြန္လာၿပီးတဲ့တုိင္ေအာင္ က်ား၊မ သာတူညီမွ်ေရးအတြက္ လုပ္ေဆာင္ေနၾကရတုန္းပါပဲလို႔ World Economic Forum က ေနာက္ဆံုးထုတ္ျပန္ထားတဲ့ Global Gender Gap Report မွာ ေရးသားထားပါတယ္။ က်ား၊မ တန္းတူညီမွ်ေရးအတြက္ အဖြဲ႔အစည္းေပါင္းမ်ားစြာကလည္း အားထုတ္ေနၾကပါတယ္။ လုပ္ငန္းခြင္မွာေရာ လုပ္ငန္းခြင္ျပင္ပမွာပါ အမ်ိဳးသမီးေတြ ရင္ဆိုင္ေနရတဲ့ စိန္ေခၚမႈေတြဟာ တကယ္မ်ားပါတယ္။ အဲ့ဒီအတြက္ ေခါင္းေဆာင္ေတြအေနနဲ႔ အမ်ိဳးသမီးေတြက႑တိုးတက္လာဖုိ႔ရာ ဒါေတြ ၿပီးေျမာက္ေနဖုိ႔လိုပါတယ္။
အမ်ိဳးသမီးေတြဟာ သူတို႔ရဲ႕အလုပ္႐ွင္၊ အထက္အရာရွိအေပၚ မယံုၾကည္ၾကဘူး။ အသက္ေမြးဝမ္းေၾကာင္းဆုိင္ရာအခြင့္အလမ္းေတြ တိုးတက္လာဖုိ႔အတြက္ဆုိရင္ ပိုၿပီးပြင့္လင္းျမင္သာမႈရွိရပါမယ္။
ဆက္သြယ္ခ်ိတ္ဆက္မႈေတြသာ မရွိဘူးဆုိရင္ အမ်ိဳးသမီးေတြအေနနဲ႔ ေအာင္ျမင္လာစရာအေၾကာင္းမရွိပါဘူး။ ၿပီးေတာ့ အမ်ိဳးသမီးေတြသာမက အမ်ိဳးသားေတြကိုပါ role model အတြက္နဲ႔ စိတ္ႏွစ္ျမွဳပ္အတုယူသင့္တယ္။ ေယာက္်ားေတြထံက ေထာက္ပံအားေပးမႈေတြလည္း လက္ခံရပါမယ္။
အလုပ္ထဲမွာ ေပ်ာ္႐ႊင္ေနတဲ့ အမ်ိဳးသမီးေတြဟာ သူတို႔ရဲ႕အသက္ေမြးဝမ္းေၾကာင္းနဲ႔ ပုဂၢိဳလ္ေရး၊ မိသားစုဘဝ ဟန္ခ်က္ညီေနဖုိ႔ အေရးႀကီးေၾကာင္းကိုလည္း သိၾကပါတယ္။ ဒါေပမဲ့ မိသားစုအသစ္တစ္ခု စတင္လိုက္တဲ့ အမ်ိဳးသမီးေတြမွာေတာ့ သူတုိ႔ရ႕ဲအသက္ေမြးဝမ္းေၾကာင္းအေပၚ မိခင္ဘဝျဖစ္တည္မႈက သက္ေရာက္မႈရွိလာမွာကို ပူပန္ၾကပါတယ္။ မီးဖြားၿပီး အလုပ္ျပန္လုပ္မယ္ဆုိရင္ေတာ့ ဝန္ထမ္းဘက္ကလည္း အလုပ္ကို ပိုႀကိဳးစားဖုိ႔လိုအပ္သလို အလုပ္ရွင္အေနနဲ႔လည္း သူ႔အတြက္ အဆင္ေျပသင့္ေလွ်ာ္ေအာင္ ညႇိႏႈိင္းေျဖေလွ်ာ့တာေလးေတြ လုပ္ေပးသင့္ပါတယ္။
See stories of the future in your inbox each morning.
Copyright © 2018 Duwun.