ဦးဝင်းမြင့် ဖမ်းဆီးထိန်းသိမ်းခံရချိန်မှာ သားသမီးနှစ်ယောက်နဲ့ ရုန်းကန်ခဲ့ရပြီး၊ သားဖြစ်သူကို အသက် (၁၆)နှစ်အရွယ်မှာ ဆုံးရှုံးသွားတယ်။
May Sandy Aye

မြန်မာတိုင်းဆောင်းပါးမှ ဒေါ်ချိုချို၏ပုံ

 

လွန်ခဲ့တဲ့ ၂နှစ်က မြန်မာတိုင်းမ် သတင်းစာမှာ ဆောင်းပါးရှင် မအိအိတိုးလွင်ရေးသားတဲ့ လွှတ်တော်ဥက္ကဌကြီးရဲ့ ပါရမီဖြည့်ဘက်ဆိုတဲ့ ခေါင်းစဉ်နဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ဖတ်ဖူးပါတယ်။

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့က ဦးထွန်းမင်း၊ ဒေါ်ဝင်းကြည်တို့ရဲ့ တတိယမြောက်သမီးဖြစ်တဲ့ ဒေါ်ချိုချိုဟာ သမ္မတဦးဝင်းမြင့်နဲ့ ပဉ္စမတန်းစတက်တဲ့ အချိန်မှာ စတွေ့ခဲ့တာပါ။

မိဘနှစ်ဦးပိုင်ဆိုင်တဲ့ သပြေညိုသွေးဆေးလုပ်ငန်း၊ ဇမ္ဗူထွန်းရုပ်ရှင်ရုံစတဲ့ စီးပွားရေးလုပ်ငန်းတွေကို စွန့်ပစ်ပြီး ဒေါ်ချိုချိုဟာ ဦးဝင်းမြင့် နိုင်ငံရေးလောကထဲဝင်တဲ့အချိန်ကစပြီး ခင်ပွန်းဖြစ်သူအတွက် ပေးဆပ်အနစ်နာခံခဲ့တဲ့ အကြောင်း အဲဒီဆောင်းပါမှာ သူက ပြောပါတယ်။

၁၉၈၈ခုနှစ်မှာ ဦးဝင်းမြင့် ဖမ်းဆီးထိန်းသိမ်းခံရချိန်မှာ သားသမီးနှစ်ယောက်နဲ့ ရုန်းကန်ခဲ့ရပြီး၊ သားဖြစ်သူကို အသက် (၁၆)နှစ်အရွယ်မှာ ဆုံးရှုံးသွားတယ်လို့လည်း ဆောင်းပါးထဲမှာ ဖော်ပြထားပါတယ်။

ဆယ်ဦးမြောက်သမ္မတဖြစ်လာသူ ဦးဝင်းမြင့်

 

တာမွေမြို့နယ်က တိုက်ခန်းလေးကနေ သမ္မတဦးဝင်းမြင့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် လွှတ်တော်အမတ်ဖြစ်ပြီးနောက်မှာ ခင်ပွန်းဖြစ်သူနေထိုင်တဲ့ နေပြည်တော်က စည်ပင်ဧည့်ရိပ်သာ အခန်းကျဉ်းလေးကို ပြောင်းရွှေ့လာပါတယ်။

အဲဒီအချိန်က နေပြည်တော် စည်ပင်ဧည့်ရိပ်သာအိမ်ခန်းမှာရိုက်ထားတဲ့ ဓာတ်ပုံထဲမှာ ချည်အင်္ကျီအကွက်လက်ရှည်၊ ပါတိတ်လုံချည်နဲ့ ဆံထုံးရိုးရိုးထုံးထားတဲ့ သာမန်အိမ်ထောင်ရှင်မတစ်ဦးဖြစ်တဲ့ ဒေါ်ချိုချိုဟာ ဒီကနေ့မှာတော့ သမ္မတ ကတော်ဖြစ်လာပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်း ဦးဝင်းမြင့်ဟာ မတ်လ ၂၈ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် နိုင်ငံတော် သမ္မတရွေးကောက်တင်မြှောက်ပွဲမှာ ထောက်ခံမဲ ၄၀၃မဲနဲ့ နိုင်ငံတော်သမ္မတဖြစ်လာခဲ့ပါတယ်။

 

ယခုသတင်းကို ၂၀၁၆ခုနှစ် မြန်မာတိုင်းသတင်းစာမှ ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်သည်။

https://myanmar.mmtimes.com/features/17516-2016-02-04-05-50-35.html#.WrvKQH1biqk.facebook


Author


က္က