ဘယ်လိုမှ ဖုံးဖိလို့မရတဲ့ ဝက်ခြံတွေကိုမြင်တိုင်း စိတ်ဆင်းရဲရသလို လူတွေက အာမေဋိတ်သံနဲ့ တအံ့တသြတွေ မေးလာရင်လည်း စိတ်ဆင်းရဲရတာပါပဲ။

မိန်းကလေးတစ်ယောက်အတွက်တော့ မျက်နှာဆိုတာ အရမ်းကို အရေးပါတဲ့ အစိတ်အပိုင်းမဟုတ်လား။ အထူးသဖြင့် မဒီလေးတို့လို ငယ်ရွယ်တဲ့ မိန်းကလေးတွေဟာ မျက်နှာကို ပိုပြီး ဂရုစိုက်ကြတယ်လေ။ အဲ့ဒီလို ဂရုစိုက်နေရင်းနဲ့ပဲ မျက်နှာမှာ ရုတ်တရက်ဆိုသလို ဝက်ခြံတွေပေါက်လာပြီး မျက်နှာကြည့်ရဆိုးသွားရင် စိတ်ဓာတ်တွေကျလာတာအမှန်ပါပဲ။ အဲ့လိုအချိန်တွေမှာ ဘယ်လိုစိတ်ထားလေးနဲ့ နေကြမလဲဆိုတာကို မဒီ့ကိုယ်တွေ့ အဖြစ်လေးနဲ့ မျှဝေလိုက်ချင်တယ်နော်။

 

နေ့စဉ် မျက်နှာကို သေသေချာချာသစ်၊ မိတ်ကပ်တွေဖျက်၊ skincare တွေ လူးနေတဲ့ ကြားကပဲ ဝက်ခြံတွေ ရုတ်တရက် ထွက်လာတာမျိုး ကြုံဖူးသူတွေက ဒီခံစားချက်ကို နားလည်ကြမှာပါ။ Break Out ဖြစ်နေချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျသွားတယ်။ ဘယ်လိုမှ ဖုံးဖိလို့မရတဲ့ ဝက်ခြံတွေကိုမြင်တိုင်း စိတ်ဆင်းရဲရသလို လူတွေက အာမေဋိတ်သံနဲ့ တအံ့တသြတွေ မေးလာရင်လည်း စိတ်ဆင်းရဲရတာပါပဲ။ အဲ့ဒီလိုအချိန်ဟာ လနဲ့ချီ (တချို့ဆို နှစ်နဲ့ချီ) ကြာမြင့်တတ်လို့ ဒီအချိန်တွေကို ဘယ်လိုဖြတ်သန်းကြမလဲဆိုတာ အကြံပေးလိုက်ပါတယ်။

 

အရင်ဆုံးတော့ ကိုယ့်စိတ်ထားက ကိုယ့်ကို ပိုဆိုးစေတယ်ဆိုတာ သတိပေးချင်ပါတယ်။ စိတ်ဖိစီးနေရင် ဝက်ခြံတွေ ပိုထွက်လာနိုင်တယ်လေ။ ဒီဝက်ခြံတွေက ခဏပါပဲ။ အရင်တုန်းကတောင် မရှိခဲ့ဘူးလေ။ နောင်လည်း ရှိမှာမဟုတ်ပါဘူး ယာယီပါပဲဆိုတာ မမေ့ပါနဲ့။

 

ကောင်းနိုးရာရာတွေ လိုက်မစမ်းပါနဲ့။ အလှကုန်ပစ္စည်း တစ်ခုခု သုံးပြီးမှ ဖြစ်လာတယ်ဆိုရင် ချက်ချင်း ရပ်လိုက်ဖို့ လိုပါတယ်။ အရေပြားနဲ့ အလှအပဆိုင်ရာ ဆရာဝန်ဆီ သွားပြပါ။ စိတ်ဓာတ်မကျပါနဲ့။ ဆရာဝန်ပြောတဲ့အတိုင်း လိုက်နေရင် မျက်နှာပေါ်က ဝက်ခြံတွေ မြန်မြန်ပျောက်သွားမှာမို့လို့ ဝက်ခြံတွေပိုထွက်လာစေမယ့် စိတ်ဖိစီးမှုတွေကို အဖြစ်မခံပါနဲ့လို့ မဒီက တိုက်တွန်းလိုက်ချင်ပါတယ်။



က္က