Raw က မကျေပွဲကို ရွန်ဒါက Wrestlemania 34 မှာ အနိုင်ယူပြလိုက်ပါတယ်။

အမေရိကန်နပန်းမယ် ရွန်ဒါ ရူဆေး (Ronda Rousey) ဟာ WWE ရဲ့ အမျိုးသမီးနပန်းပွဲအစီအစဉ်တွေမှာ ပထမဆုံးပါဝင်ပြီးနောက် အနိုင်နဲ့ စင်မြင့်ထက်က နှုတ်ဆက်လိုက်ပါတယ်။ ရွန်ဒါရူဆေးနဲ့ WWE တို့ဟာ Wrestlemania 34 ပွဲ မတိုင်မီတည်းက ဆွေးနွေးနေခဲ့ကြတယ်လို့ သိရပါတယ်။ Wrestlemania 34 ပွဲကိုတော့ တနင်္ဂနွေနေ့က နယူးအော်လိန်းက Mercedes-Benz Superdome မှာ ပြုလုပ်ခဲ့တာပါ။

 

WWE ရဲ့ Women Battle မှာ ရွန်ဒါဟာ ဂန္ထဝင်နပန်းသမား Kurt Angle နဲ့အတူ တွဲဖက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ Stephanie McMahon နဲ့ Triple H တို့ အဖွဲ့ကို ရွန်ဒါနဲ့ အိန်ဂျယ်တို့က ယှဉ်ပြိုင်ရတာဆိုတော့ ပွဲက အရမ်းကို စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပါတယ်။

 

  ရွန်ဒါနဲ့ McMahon တို့ဟာ Raw မှာ ဆုံခဲ့ကြဖူးပါတယ်။ အဲ့ဒီတုန်းကတော့ ရွန်ဒါက McMahon ကို အနိုင်မရခဲ့ပါဘူး။ အသက် ၃၁ နှစ်အရွယ် နပန်းမယ် ရွန်ဒါဟာ အိန်ဂျယ်နဲ့အတူ McMahon ၊ Triple H အတွဲကို တက်ညီလက်ညီ သတ်ပုတ်ပြီး မိနစ် ၂၀ အကြာမှာ အနိုင်ရသွားခဲ့တာပါ။ ပြိုင်ဘက်ဟောင်းကို အနိုင်ရပြီးနောက်မှာတော့ " ကျွန်မရဲ့ မင်္ဂလာပွဲနေ့ ပြီးရင် ဘဝမှာ အကြိုက်ဆုံး နေ့တစ်နေ့ပဲ" လို့ ရွန်ဒါက ပြောပါတယ်။

 

Wrestlemania 34 ဟာ WWE က စီစဉ်ကျင်းပတဲ့ pay-per-view ပွဲ ဖြစ်ပါတယ်။ အိုလံပစ်ကစားသမား၊ UFC ချန်ပီယံဟောင်း ရွန်ဒါရူဆေးဟာ WWE နဲ့ ပြီးခဲ့တဲ့လမှာ  full-time အဖြစ်နဲ့ စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။ UFC နဲ့ နောက်ဆုံးပွဲစဉ်နှစ်ပွဲ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ ရွန်ဒါက WWE နဲ့ စာချုပ် ချုပ်ခဲ့တာပါ။

Source : BBC, CBS



က္က