Ei Ei Mar

ကမ္ဘာလှည့်ပြီး အောင်မြင်မှုတွေ သိမ်းပိုက်နေတဲ့ Black Pink ရဲ့ 2019 World Tour ဟာ ဇူလိုင်လမှာဆိုရင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိမှာပါ။

မြန်မာနိုင်ငံက Blink တွေ၊ K- Popper တွေ အတွက် ဒီ Bangkok Tour က ကိုယ်ချစ်တဲ့ Black Pink Member တွေနဲ့ တွေ့ဆုံခွင့်ရမယ့် မျှော်လင့်ချက်တစ်ခုဆိုလည်း မမှားပါဘူး။ ဒီတော့ Black Pink Bangkok Tour ကို ပထမဦးဆုံးအကြိမ် သွားရောက်မယ့် Blink တွေအနေနဲ့ ဘာတွေပြင်ဆင်ရမလဲ၊ ဘာတွေလိုအပ်လဲဆိုတာကို Madi ကပြောပြပေးသွားမှာပါ။

(၁) Ticket Price

Black Pink ရဲ့ တရားဝင်ကြေညာချက်အရ Ticket တွေက ထိုင်းဘတ် 1900, 2500, 3500, 4000, 5000, 5500, 6000, 6500 နဲ့ ဈေးအမြင့်ဆုံးကတော့ ထိုင်းဘတ် 7500 ပါ။ လာမယ့် မေလ(၁၁)ရက်နေ့မှာ Ticket အရောင်းစဖွင့်မှာ ဖြစ်ပြီး www.thaiticketmajor.com မှာ ရောင်းချပေးသွားမှာပါ။ Ticket အရောင်းဖွင့်တဲ့နေ့မှာ သူများတွေထက် လက်ဦးအောင် ဝယ်ဖို့ကလည်း အရေးကြီးပါတယ်နော်။

(၂) Light Stick

K Pop Concert ကိုသွားမယ်ဆိုရင် အရေးကြီးတာက Light Stick ပါ။ K Pop Idol Group တွေ အများကြီး စုပေါင်းလုပ်တဲ့ Concert မျိုးမှာ ကိုယ် Stan တဲ့ Idol Group ကို အချက်ပြရင်း အားပေးနိုင်မယ့် Light Stick ပါ။ ဒီတစ်ခေါက်က Black Pink သီးသန့် Tour ဆိုတော့ Black Pink ရဲ့ Light Stick ကတော့ မပါမဖြစ်ပါနော် Blink တို့ရေ။ Light Stick အပြင် ကိုယ့် Bias Name လေးတွေနဲ့ Banners လေးတွေပါ ယူသွားလို့ ရပါသေးတယ်။

(၃) ကင်မရာ၊ဖုန်း (Power Bank မမေ့ပါနဲ့)

ကိုယ့်အားပေးတဲ့ Idol တွေကို အပြင်မှာ မြင်တွေ့ရမှာဆိုတော့ ဒီ အခိုက်အတန့်လေးကို အမှတ်တရ သိမ်းဆည်းထားနိုင်ဖို့က Fan အတွက် အရေးကြီးဆုံးအရာဆိုရင် မမှားပါဘူး။ဒီတော့ ကင်မရာ၊ဖုန်းက မရှိမဖြစ်ပါ။ တချို့ ပွဲတွေကတော့ ကင်မရာတွေယူမလာဖို့ တားမြစ်ချက်တွေ ရှိတတ်တာမို့ ဖုန်းပါသွားရင် အဆင်ပြေပါတယ်။ Memory Card အလုံအလောက်နဲ့ Power Bank တွေ ဆောင်သွားပါ။

(၄) Fan Chart တွေ အလွတ်ကျက်ထားပါ။

ကိုယ် Blink စစ်စစ်ဖြစ်ကြောင်း သက်သေပြဖို့ရော Idol တွေ ဖျော်ဖြေနေချိန်မှာ ဘေးနားက Fan တွေနဲ့ အတူတူ အော်ဟစ်အားပေးနိုင်ဖို့ Black Pink သီချင်းတိုင်းရဲ့ Fan Chart တွေကို အလွတ်ရဖို့ လိုပါမယ်။

(၅) သက်သောင့်သက်သာဖြစ်မယ့် အဝတ်အစားမျိုး ဝတ်သွားပါ။

လှလှလေး ဝတ်ပြီးသွားမယ်လို့ စိတ်ကူးယဉ်ထားပေမယ့် တကယ့်တကယ် ပွဲထဲရောက်တဲ့အခါ သက်သောင့်သက်သာ ဖြစ်စေတဲ့ အဝတ်အစားတွေက အကောင်းဆုံးပါ။ ပွဲထဲဝင်ဖို့ တန်းစီတဲ့ အချိန်တင် တော်တော်ကြာပါတယ်။ချွေးစုပ်လွယ်မယ့် အဝတ်မျိုး၊ စုတ်ပြဲ မလွယ်တဲ့ အဝတ်မျိုးရွေးချယ် ဝတ်ဆင်သွားပါ။ပြီးတော့ ပွဲထဲမှာ လူက အများကြီးရှိနေမယ့် အပြင် ဒီကြားထဲ Idol တွေကိုလည်း အားပေးရဦးမှာဆိုတော့ တွေးသာကြည့်ပေတော့ Blink တို့ရေ။

(၆) တတ်နိုင်သမျှစောစောသွားပါ

စောစောသွားတော့ တန်းအကြာကြီးစီးစရာမလိုဘဲ ပွဲထဲ မြန်မြန်ဝင်နိုင်တာပေါ့။ ပြီးတော့ အခြား Blink တွေနဲ့ လည်း Bias အကြောင်း ဆွေးနွေးရင်း မိတ်ဆွေဖွဲ့လို့ ရတာပေါ့။ မိတ်ဖွဲ့ဖို့ ရှက်ကြောက်မနေပါနဲ့။

(၇) ပေါ့ပေါ့ပါးပါးရှိမယ့် အိတ်မျိုးယူသွားပါ။

မရှိမဖြစ်လိုမယ့် ပိုက်ဆံအနည်းငယ် ၊ ဖုန် ၊ ကင်မရာ တွေ ထည့်သယ်သွားလို့ရမယ့် အိတ်သေးသေးသာယူသွားဖို့ အကြံပေးပါရစေ။ အိတ်အကြီးကြီးနဲ့ လူတွေ ကြားထဲ တိုးဝှေ့ဖို့ အခက်အခဲဖြစ်သလို အခန့်မသင့်ရင် အိတ်နဲ့ ပစ္စည်းတွေပါ ပျက်စီးနိုင်ပါတယ်။ Idol တွေနဲ့ တွေ့ရချိန်မှာ ဝမ်းသာမျက်ရည်ကျတတ်တာမို့ Tissue ဆောင်သွားဖို့လည်း မမေ့ပါနဲ့။

(၈) မှန်ဘီလူး

ဒီပစ္စည်းကတော့ Stage နဲ့ အဝေးမှာ နေရာယူထားရတဲ့ Blink တွေအတွက် အသက်လို့ ပြောရမှာပါ။ Black Pink Member တွေကို Projector Screen က ကြည့်ရတာ အားမရတဲ့အခါ မှန်ဘီလူးက အသင့်တော်ဆုံးပါပဲ။ကိုယ့် Bias ကို မှန်ဘီလူးကနေ တစ်ဆင့် ပျော်ပျော်ကြီး ကြည့်နိုင်ကြပါစေနော်။

Blink တို့ရော ဇူလိုင်လ (၁၃၊၁၄) မှာ ကျင်းပမယ့် Black Pink Bangkok Tour အတွက် အသင့်ပဲလား? ဘာတွေ ပြင်ဆင်ပြီးသွားပြီလဲဆိုတာ မျှဝေသွားပါဦး။

-Saint


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က