In partnership with  logo
အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ အတွက် ဉာဏ်၊ ဝီရိယ၊ လုံ့လ တွေ ရှိဖို့လိုအပ်ပါတယ်။

အောင်မြင်သူတစ်ယောက်ဖြစ်ဖို့ အတွက် ဉာဏ်၊ ဝီရိယ၊ လုံ့လ တွေ ရှိဖို့လိုအပ်ပါတယ်။

ဒါတွေအပြင် အောင်မြင်မှု ပန်းတိုင်ဆီ လျှောက်လှမ်းရာမှာ လိုအပ်တဲ့ ၊ နှလုံးသွင်းထားသင့်တဲ့ အကြောင်းအရာအချို့ကို မျှဝေပေးချင်ပါတယ်။



(၁) ဖြည်းဖြည်းနဲ့ မှန်မှန်

မရောက်သေးတဲ့ အနာဂတ်မှာ ကိုယ် ကြိုတင်စီမံထားတဲ့အတိုင်း ဖြစ်ပါ့မလား လုပ်နိုင်ပါ့မလားလို့ တွေးပူနေမယ့်အစား ပစ္စုပ္ပန်မှာ ဘာလုပ်မလဲ ဆိုတာကို ကိုယ်ကိုကိုယ်မေးပါ။ အောင်မြင်မှုကို တစ်ရက်တည်းနဲ့ ရယူလို့မရသလို တစ်ခါလှမ်းရင် ခြေတစ်လှမ်းပဲလှမ်းလို့ရတာမို့ အချိန်ယူပြီး လုပ်ဆောင်ပါ။

(၂) အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ပါ

ကံကောင်းခြင်းဆိုတာက အခွင့်အရေးတွေ့ဖို့ ကြိုတင်ပြင်ဆင်ထားခြင်းပါပဲ။ အကယ်၍သင်က ပြင်ဆင်ထားတာ မရှိဘူး၊ အခွင့်အလမ်းကို မရှာဖွေဘူးဆိုရင် ကံကောင်းခြင်းက သင့်အတွက် မဟုတ်ပါဘူး။

(၃)ကိုယ့်အတိတ်က အမှားတွေအတွက် ကိုယ့်ကိုကိုယ်ခွင့်လွှတ်တတ်ပါစေ။

အခုသင်က လွန်ခဲ့တဲ့ (၅)နှစ်က သင် မဟုတ်ပါဘူး။ အသက်ကြီးရင့်လာတာနဲ့ အမျှ အသိပညာတွေက တိုးပွားလာပါတယ်။ အတိတ်က လုပ်ခဲ့တဲ့ အမှားတွေကနေ သင်ခန်းစာ ယူပြီး ရှေ့ကို ဆက်လက်ချီတက်ပါ။

(၄)အချိန်တိုင်း ကိုယ့်ကိုကိုယ် တိုးတက်အောင်လုပ်ပါ။

သူများတွေနဲ့ မတူတာကို လုပ်နိုင်မယ့် အကောင်းဆုံး အခြေအနေရောက်တဲ့အထိ ပင်ကို အရည်အသွေး၊ အရည်အချင်းနဲ့ ဆက်ဆံရေး နယ်ပယ်တွေကို တိုးတက်အောင် လုပ်ဆောင်ဖို့ပါ။

(၅) ကိုယ်ကြိုးစားနိုင်တဲ့အထိ အစွမ်းကုန်ကြိုးစားပါ။

ပြိုင်ပွဲရဲ့ ရလဒ်ကို သင်ထိန်းချုပ်လို့မရပေမယ့် ပြိုင်ပွဲကို ဘယ်လို ပါဝင်ယှဉ်ပြိုင်မလဲဆိုတာကိုတော့ သင်ကိုယ်တိုင် ရွေးချယ်နိုင်ပါတယ်။အပြေးပြိုင်ပွဲလိုပေါ့။ ပြိုင်ပွဲကို နှေးသွားအောင် လုပ်လို့မရပေမယ့် သင်ကိုယ်တိုင်က ပန်းတိုင်ကို မြန်မြန်ရောက်ဖို့ အရှိန်နှုန်းအမြင့်ဆုံးနဲ့ ပြေးနိုင်ပါတယ်။အစွန်းကုန် ကြိုးစားပြင်ဆင်ထားမှ ပြိုင်ပွဲမှာ အနိုင်ရသလို ဘဝမှာ အောင်မြင်မှုကို ဆွတ်ခူးနိုင်ဖို့ ကိုယ်နိုင်သလောက် ရေကုန် ရေခမ်းကြိုးစားရမှာပါ။

မဒီတို့အားလုံး အောင်မြင်မှုပန်းတိုင်ဆီကို ချောချောမွေ့မွေ့နဲ့ လျှောက်လှမ်းနိုင်ကြပါစေနော်။

Saint

Share

Loading Next Article...
က္က