In partnership with  logo
သူကတော့ ဂိမ်းလောကမှာကော အနုပညာလောကမှာပါ အောင်မြင်နေသူဖြစ်ပါတယ်။

စီးပွားရေးလောက ၊ အနုပညာလောက ၊ နည်းပညာလောက စတဲ့ နယ်ပယ်အသီးသီးမှာ ကိုယ့်ဒူးကိုယ်ချွန်ပြီး အောင်မြင်နေကြတဲ့ မြန်မာအမျိုးသမီးတွေ ဒုနဲ့ဒေး အများကြီးပါပဲ။ အားလုံးက ကိုယ်စွမ်းကိုယ်စနဲ့ အောင်မြင်လာကြသလိုပဲ တချို့ကျတော့လည်း ကိုယ် ဝါသနာပါရာ အရာတွေအပေါ် တစိုက်မတ်မတ် စိတ်နှစ်ပြီး ဆောင်ရွက်တတ်တာကြောင့် အောင်မြင်လာကြတာတွေ ရှိပါတယ်။ ဒီလို အောင်မြင်တဲ့ မြန်မာအမျိုးသမီးတွေထဲကမှ ထူးထူးခြားခြား ဂိမ်းဆော့ရင်း အောင်မြင်လာခဲ့တဲ့ Gamer ဆုထက်အကြောင်းကို ပြောပြချင်ပါတယ်။ သူကတော့ GAME လောကမှာ လူချစ်လူခင်ပေါများတဲ့ Streamer တစ်ယောက်ဖြစ်ပြီး fans တွေကတော့ ဝုလု ၊ ဇီဇီ စသဖြင့် ချစ်စနိုးခေါ်တတ်ကြပါတယ်။

photo:Su Htat

Streamer တစ်ယောက်ဖြစ်လာပုံ

အခုအချိန်မှာ အားလုံးက Streamer တစ်ယောက်အဖြစ် လက်ခံအားပေးကြတဲ့ ဆုထက် ဟာ ဝါသနာအရ ဂိမ်းဆော့ရင်း အောင်မြင်လာခဲ့တာဖြစ်ပါတယ်။ ယောကျာ်းလေး အပေါင်းအသင်းများသလို ဂိမ်းဆော့ဖော် အစ်ကိုလည်း ရှိတဲ့ အတွက်ကြောင့် ဆုထက်တစ်ယောက်ဟာ Game ကို ဝါသနာတစ်ခုလို ပျော်ဝင်လာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ Stream စတင်လုပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် Streamer သက်တမ်း တစ်နှစ်ကျော်ခဲ့ပြီးဖြစ်ကာ ပရိသတ်ဝန်းရံမှုကိုလည်း ရရှိလာခဲ့သူဖြစ်လို့နေပါပြီ။

"အကိုနဲ့ ဆော့ရင်းနဲ့ ကြားထဲမှာ ကျွန်တော် တက္ကသိုလ်တက်တယ်။ တက္ကသိုလ်ပြီးသွားတာနဲ့ အနုပညာလောကထဲကို တန်းဝင်လာတာဆိုတော့ စိတ်တွေဘာတွေ ညစ်တဲ့အခါမျိုးကျတော့ အပေါင်းအသင်းတွေနဲ့ ဂိမ်းတွေ ဘာတွေ ဆော့တတ်တယ် ။ relax အနေနဲ့ ဆော့ရင်းနဲ့မှ ဂိမ်းအပေါ် commitment ဖြစ်လာတယ်။" လို့ ဂိမ်းကို

စွဲလန်းခဲ့ရတဲ့ အကြောင်းကို ပြောပြပါတယ်။

photo:Su Htat

အနုပညာလမ်းကြောင်းပေါ် စတင်လျှောက်လှမ်းခဲ့သူ

Streamer တစ်ယောက်အဖြစ် အသိအမှတ်ပြုခံရသလို အနုပညာရှင်တစ်ယောက် အဖြစ်ဝန်းရံခံရသူက တကယ်တမ်းမှာတော့ အနုပညာလောကထဲ စတင်

ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ ဂိမ်းလောကထဲကို ၂၀၁၉ နှစ်စပိုင်းမှာ ဝင်ရောက်ခဲ့ပေမယ့်လည်း အနုပညာလောကကိုတော့ ၂၀၁၆ ကတည်းက ဝင်ရောက်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

အဆောင် ဇာတ်လမ်းတွဲ ထဲက သရဲမလေး သရဖူအဖြစ် သိကြပြီး နောက်ပိုင်းမှာလည်း သူ့ရဲ့ သရုပ်ဆောင်မှုတွေကို ဆက်တိုက် မြင်တွေ့ခွင့်ရခဲ့ကြရပါတယ်။

လက်ရှိမှာတော့ "ဥတုမှားတဲ့ ဆောင်း" ရုပ်ရှင်ဇာတ်ကားမှာ Autism ကလေးလေးနေရာကနေ သရုပ်ဆောင်ထားတာ ဖြစ်လို့ ရုပ်ရှင်ဇာတ်ကားထိ သူ့ရဲ့ သရုပ်ဆောင်မှုတွေကို ထိုးဖောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အတိုက်အခိုက်များနဲ့ သူမ

ဂိမ်းလောကမှာရော အနုပညာလောကမှာပါ အောင်မြင်မှုရရှိလာခဲ့တာတွေက လွယ်လွယ်ကူကူ ရရှိလာခဲ့တာတွေတော့ မဟုတ်ပါဘူး။ အတိုက်အခိုက်တွေ၊ အခက်အခဲတွေလည်း ကြုံတွေ့ခဲ့ရပါသေးတယ်။ မိန်းကလေးတစ်ယောက် ဂိမ်းဆိုင်ဝင်တာကို မျက်စိစပါးမွှေးစူးတတ်ကြတဲ့ နိုင်ငံ၊ မိန်းကလေးတစ်ယောက် ဂိမ်းလောကမှာ အောင်မြင်လာတာဟာ ဝါသနာမဟုတ်ဘဲ ပေါ်ပင်သာ ဖြစ်တယ်လို့ အထင်ရှိနေတာတွေကြောင့် သူ့မှာ စိတ်အနှောင့်အယှက်တွေ ၊ အတိုက်အခိုက်တွေ အများကြီးကြုံရပါသေးတယ်။

"ဂိမ်းဆော့တာက ယောကျာ်းလေးမှ မိန်းကလေးမှ မဟုတ်ပါဘူး။ အကုန်ဆော့လို့ရတာပဲ။ ဒီမှာက မိန်းကလေးဂိမ်းဆော့ရင် ဘာလို့မှန်းမသိ အရမ်းခွဲခြားကြတယ်။ ကျွန်တော်တင်မဟုတ်ဘူး၊ Girl Player တွေတော်တော်များများလည်း ကြုံရတာကို တွေ့ရပါတယ်။ အမှန်တော့ အဲဒီလို မလုပ်သင့်ပါဘူး။ မိန်းကလေးလည်း သူတို့ ကြိုက်တဲ့ အလုပ်ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ ဂိမ်းဆိုင်ဝင်ရင် တချို့ကောင်လေးတွေက ကျွန်တော့်ကို မိန်းကလေးတစ်ယောက်က ဘာလာလုပ်တာလဲဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်တတ်ကြတယ်။ မိန်းကလေး ဂိမ်းမဆော့ရဘူးလား ၊ ကျွန်တော်ကော Stream လုပ်လို့မရဘူးလား၊"

အထင်သေးတဲ့ အကြည့်တွေ ၊ အမြင်တွေ ခံရရုံမက အတိုက်အခိုက်တွေကိုလည်း ခံခဲ့ရတဲ့အကြောင်း သူက ဆက်ပြောပါတယ်။

Photo:Su Htat

"ကျွန်တော် Stream ပြီး နှစ်ရက်မြောက်နေ့မှာ အတိုက်အခိုက်ခံရတာ၊ ခုထိလည်း အတိုက်အခိုက်ခံနေရတုန်းပါပဲ။ သူတို့ဘာပြောပြော ကျွန်တော်က ကိုယ်ကြိုက်တာ ကိုယ်လုပ်နေတာ၊ တချို့တွေကျတော့လည်း အမြင်မတူကြတာပေါ့နော်။ တချို့ကျတော့လည်း သူကြိုက်လို့သူဆော့တာပဲ ဆိုပြီး နားလည်ပေးတဲ့သူရှိတယ်၊ တချို့ကျတော့လည်း ဒီဂိမ်းကို လာပြီး ပေါ်ပင်လုပ်တယ်လို့ ပြောကြတဲ့သူတွေလည်း ရှိတယ်၊ တချို့က မကြိုက်ကြဘူး၊ မကြိုက်ကြတော့ ကျွန်တော် Stream လုပ်နေတဲ့ အချိန်မှာ comment မှာ ဘလိုင်းကြီး လာဆဲတာမျိုးတွေ တချို့ဆို အရမ်းကြီး ညစ်ညစ်ပတ်ပတ်တွေပါ ဘာပြောကြတယ်။ ဆိုတော့ အဲဒီလိုမျိုး အထင်သေးခံ ၊ အနှိမ်ခံ သူတို့အတွက်က အဲဒီလိုမျိုး

ဖြစ်နေတာပေါ့။ အဲဒီလိုမျိုးတွေ ကြုံခဲ့ရတယ်။ မိန်းကလေးတွေ ဂိမ်းဆော့တာကို ပေါ်ပင်လုပ်တယ်လို့ ထင်ကြတာမျိုးတွေရှိတယ်။ တိုက်ခိုက်စရာမရှိရင်ကျွန်တော့် အသံကအစ လိုက်တိုက်ခိုက်တာမျိုးတွေ ရှိတယ်။"

photo:Su Htat

တိုက်ခိုက်မှုတွေကို ဥပေက္ခာပြုတတ်တဲ့သူမ

Stream စတင်လုပ်ခဲ့ချိန်ကတည်းက အတိုက်အခိုက်တွေ ကြုံလာခဲ့ရပေမယ့်လည်း အဲဒီတိုက်ခိုက်မှုတွေကို ဥပေက္ခာပြုရင်း ကိုယ်လုပ်စရာရှိတာကိုသာ တစိုက်မတ်မတ် လုပ်သွားခဲ့တာကြောင့် ခုလို အောင်မြင်မှုတွေ ရရှိလာခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ တိုက်ခိုက်လာသူတွေကို ဘာမှ မတုံ့ပြန်ဘူးလို့ သူက ဆိုပါတယ်။ တိုက်ခိုက်မှုတွေ ကြုံလာခဲ့ရင်လည်း ကိုယ့်ကိုယ်ကိုယ်သာ ယုံကြည်ပြီး ဆက်လျှောက်ဖို့ သူက တိုက်တွန်းလိုက်ပါသေးတယ်။

"အတိုက်အခိုက်တွေ အများကြီး ကြုံတွေ့ခဲ့ရပေမယ့်လည်း ဘာမှတော့ မဖြေရှင်းခဲ့ပါဘူး။ ကျွန်တော်ဆိုလည်း ကိုယ့်ဘာသာ လိပ်ပြာလုံတဲ့အတွက် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ ကျွန်တော့်ကို မကောင်းပြောတဲ့သူတွေကိုလည်း ကျွန်တော် ဖြေရှင်းမနေဘူး။ အဓိကက ကိုယ့်ဘဝမှာ ကိုယ်ပျော်နေဖို့ ။ ကိုယ်ရိုးသားတယ် လိပ်ပြာလုံတယ်ဆိုရင် ဘာမှအရမ်းကြီးလိုက်တွေးမနေပါနဲ့။ လုပ်စရာရှိတာ လုပ်ပါ။ ကိုယ်ပျော်တယ်ဆိုရင် ကိုယ်ဝါသနာပါတဲ့အရာနဲ့ ကိုယ့်ဘဝကိုယ် တိုးတက်အောင် လုပ်တာ ၊ အောင်မြင်အောင် လုပ်တာက တရားပါတယ်"

ပျော်ရွှင်တဲ့ အရာနဲ့ အောင်မြင်အောင်လုပ်ခဲ့သူ

ပြောရမယ်ဆိုရင်တော့ ဆုထက်ဟာ ယောကျာ်းလေးတွေသာ အောင်မြင်ဖို့ ရာခိုင်နှုန်းများတဲ့ ဂိမ်းလောကမှာ Girl Player တစ်ယောက်အနေနဲ့ အောင်မြင်ကျော်ကြားလာခဲ့တာဖြစ်ပါတယ်။ ဂိမ်းဆော့တဲ့ မိန်းကလေးတစ်ယောက် ဆိုတဲ့ အမြင်နဲ့ အထင်သေး နှာခေါင်းရှုံ့တာတွေကို ကြုံတွေ့ခဲ့ရတာတောင်မှ ဒီအရာတွေကို သူက အောင်မြင်မှုတစ်ခု အဖြစ်ဖန်တီးနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

"ကျွန်တော်ချစ်တဲ့အလုပ် ၊ ကျွန်တော်ပျော်မွေ့တဲ့အလုပ်နဲ့ ကျွန်တော် အောင်မြင်အောင် လုပ်ချင်တယ်။ ပြီးတော့ ကျွန်တော် ချစ်တဲ့သူတွေကို အထောက်အပံ့ကောင်းတစ်ခု

ဖြစ်ချင်တယ်။ အဲဒီလိုလုပ်ဖို့ ကြိုးစားတဲ့အခါမှာလည်း ရိုးရိုးသားသားနဲ့ ကြိုးစားချင်တယ်၊ ဘဝကို အေးအေးဆေးဆေးလေးပဲ ဖြတ်သန်းချင်တဲ့သူတစ်ယောက်ပါ။ "

photo:Su Htat

ခုဆိုရင် ဟိုးအရင်အချိန်က မိန်းကလေး ဂိမ်းဆိုင်မှာ ဂိမ်းဆော့တာဟာ မလုပ်သင့်မလုပ်ထိုက်တဲ့ အရာတစ်ခုလို ထင်မြင်နေကြတဲ့ အမြင်တွေကို ဆုထက်ကတော့ အောင်မြင်မှုတွေဆွတ်ခူးပြီး ရိုက်ချိုးပြလိုက်ပါတယ်။ မဒီပရိသတ်ကြီးထဲမှာလည်း ကိုယ့်ရဲ့ ဝါသနာ ၊ ကိုယ့်ရဲ့ ပျော်မွေ့မှုက မိန်းကလေးမို့ မလုပ်ရဘူးဆိုတဲ့ အမြင်တွေကို

ဖျောက်ဖျက်ပစ်ပြီး ကိုယ့်ရဲ့ ယုံကြည်ရာလမ်းကြောင်းကို ယုံကြည်မှုအပြည့်နဲ့ တစိုက်မတ်မတ် လျှောက်ကြဖို့ပဲ လိုအပ်တယ်ဆိုတဲ့အကြောင်းကို Streamer ဆုထက်က

သူ့ရဲ့ အတွေ့အကြုံတွေ နဲ့ မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။ ယုံကြည်ရာကို လျှောက်လှမ်းဖို့ ဘယ်တော့မှ နောက်မတွန့်လိုက်ပါနဲ့ ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က