In partnership with  logo
သင်္ကြန်ပိတ်ရက်မှာ ရေကစားတာအပြင် ဒါတွေလုပ်လို့ရပါတယ်။

နှစ်တိုင်း သင်္ကြန်ပိတ်ရက်မှာ ရေပက်ခံထွက်ရတာ ငြီးငွေ့လာပြီ။ ရေပက်ခံလည်း မထွက်ချင် ဘာလုပ်ရမယ်မှန်းလည်းမသိ ကြံရာမရတဲ့သူတွေအတွက် အကြံဉာဏ်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

စာအုပ်ဖတ်

ရုံးတက်ရက်တွေမှာ အလုပ်တစ်ဖက်နဲ့ စာဖတ်ဖို့ အချိန်မရဘူးဆိုတဲ့ စာပေဝါသနာအိုးတွေအတွက် ဒီသင်္ကြန်ပိတ်ရက်ရှည်ကြီးက သုခဘုံပါပဲ။အခုတည်းက ကိုယ်ဖတ်ချင်တဲ့ စာအုပ်တွေကို ကြိုစီစဉ်ထားပြီး ပိတ်ရက်မှာ တဝကြီး ဖတ်နိုင်ပါတယ်။Snack လေးတွေတော့ ကြိုဝယ်ထားပေါ့။

မိသားစုကို အချိန်ပေး

မိသားစုဆိုတာ ကိုယ့်ဘဝရဲ့ အဓိက အစိတ်အပိုင်းဖြစ်လို့ အလုပ်တွေနားထားတုန်း မိသားစုကို အချိန်ပေးလိုက်ပါ။ မိသားစုနဲ့ အတူ ပန်းခြံလေးတစ်ခုမှာ ပျော်ပွဲစားထွက်တာပဲဖြစ်ဖြစ် အိမ်မှာပဲ အခြား Family Activity တွေလုပ်တာပဲ ဖြစ်ဖြစ် အားလပ်ရက်ကို မိသားစုနဲ့အတူ အေးဆေးစွာ ကုန်ဆုံးပါ။

ခရီးထွက်

ခရီးထွက်တာကလည်း စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ဖို့ နည်းလမ်းကောင်းတစ်ခုပါ။တစ်ယောက်တည်း ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ Team Trip လေးသွားပါလို့ အကြံပေးချင်ပါတယ်။ ပွင့်လင်းရာသီဖြစ်တာကြောင့် ခရီးထွက်ဖို့ အကောင်းဆုံး အချိန်လည်း ဖြစ်ပါတယ်။

အလှုဒါနပြု

အိမ်ရှေ့မှာ တစ်ပိုင်တစ်နိုင် အုန်းလက် မဏ္ဍပ်လေးထိုးပြီး အိမ်ရှေ့က ဖြတ်သွားတဲ့ လူတိုင်းကို စတုဒီသာကျွေးမွေးကာ သင်္ကြန်တွင်း ကုသိုလ်ယူနိုင်ပါသေးတယ်။

တရားစခန်းဝင်

တရားထိုင်ခြင်းက စိတ်တည်ငြိမ်ပြီး စိတ်ညစ်စရာတွေ ပြေလျော့စေပါတယ်။ ကုသိုလ်လည်းရ စိတ်လည်း ကြည်စေတာမို့လို့ တရားစခန်းဝင်ခြင်းကလည်း အခုခေတ်လူငယ်တွေကြားမှာ ခေတ်စားလာတဲ့အရာတစ်ခုပါ။

အိမ်သန့်ရှင်းရေးလုပ်

နှစ်သစ်ကူးတော့မှာ ဖြစ်တာကြောင့် နှစ်ဟောင်းက အညစ်အကြေးတွေ ရှင်းလင်းတဲ့အနေနဲ့ အိမ်ကို သန့်ရှင်းရေးလုပ်ပြီး နံ့သာရည်နဲ့ ဆေးတဲ့ မြန်မာ့ဓလေ့လည်း ရှိပါတယ်။ အိမ်က ရှုပ်ပွနေတဲ့အခါ အလိုလို လူကပါ ထိုင်းမှိုင်းနေတတ်တာဖြစ်လို့ အိမ်က သန့်သန့်ရှင်းရှင်းဖြစ်နေဖို့လည်း အရေးကြီးပါတယ်။ပိတ်ရက်ရှည်ရတုန်း အိမ်သန့်ရှင်းရေးလုပ်လိုက်တာ အကျိုးရှိပါတယ်။

ကဲ သင်္ကြန်ရုံးပိတ်ရက်ကို အကျိုးရှိရှိဖြတ်သန်းနိုင်ကြပါစေနော်။

Share

Loading Next Article...
က္က