အမျိုးသားများနည်းတူ အမျိုးသမီးများဟာလည်း ကိုယ်ဝါသနာပါရာကို ကိုယ့်စိတ်တိုင်းကျ ဖန်တီးရပ်တည်ရှင်သန်ခွင့်ရှိပါတယ်။
Thin Nu Swe

မြန်မာနိုင်ငံမှာ များသောအားဖြင့် ဓာတ်ပုံဆရာဆိုရင် အမျိုးသားဓာတ်ပုံဆရာတွေသာ များပါတယ်။ အမျိုးသမီးတွေဟာလည်း အမျိုးသားတွေနဲ့နည်းတူ ဓာတ်ပုံဖန်တီးရာမှာ ထူးချွန်ကြောင်း သက်သေပြလိုက်တဲ့ မြန်မာအမျိုးသမီးဓာတ်ပုံဆရာမတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့လေးတစ်ဖွဲ့အကြောင်းပြောပြပေးချင်ပါတယ်။ ဒီအမျိုးသမီးအဖွဲ့ရဲ့ နာမည်ကိုတော့Thuma Collective လို့ ခေါ်ပါတယ်။ ဒီအဖွဲ့ ကို ၂၀၁၆ ခုနှစ်က စတင်ပြီး အမျိုးသမီးဓာတ်ပုံသမားတွေ အစုအစည်းလေးနဲ့ ရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် နှစ်အစမှာတော့ အမျိုးသမီးသီးသန့် Photography Workshop တစ်ခုနဲ့ စတင်ခဲ့တာဖြစ်ပြီး ၂၀၁၇ အောက်တိုဘာမှာတော့ Thuma Collective ဆိုပြီးတည်ထောင်ခဲ့ကြောင်း စတင်တည်ထောင်သူတစ်ဦးဖြစ်တဲ့ မယုယုမြင့်သန်း က Duwun ကို ခုလို ပြောပါတယ်။

“Thuma Collective ကို စတင် တည်ထောင်တာ ၂၀၁၆ ခုနှစ်လောက်မှာပါ။ အဲဒီတုန်းကတော့ Thuma Collectiveရယ်တော့ မဟုတ်သေးဘူးပေါ့။ Myanmar Deitta မှာ ကျွန်မ အမျိုးသမီးဓာတ်ပုံဆရာမအဖြစ် လုပ်နေတယ်၊ ဒါပေမယ့် ကျွန်မနဲ့ Hang out လုပ်ဖြစ်နေတဲ့ လက်လှမ်းမှီတဲ့သူတွေတဲ့ ဓာတ်ပုံအသိုင်းအဝိုင်းက ယောက်ျားလေး မိတ်ဆွေတွေပဲ ဖြစ်နေတယ်။ တချို့ Project တွေမှာဆိုရင် မိန်းကလေးချင်း ဆွေးနွေးချင်တဲ့ အကြောင်းအရာတွေရှိတယ်၊ မိန်းကလေးချင်း တိုင်ပင်ချင်တဲ့ အကြောင်းအရာလေးတွေ ရှိတယ်။ ဒါပေမယ့် တိုင်ပင်ဖို့ လူမရိဘူး။ ကျွန်မရဲ့ နိုင်ငံတကာက မိတ်ဆွေတွေ နဲ့ပဲ တိုင်ပင်လေ့ရှိတယ်။ အဲဒီတော့ ကျွန်မ ဘာစဥ်းစားလိုက်လဲဆိုတော့ ကျွန်မတို့ မြန်မာနိုင်ငံမှာ အမျိုးသမီးဓာတ်ပုံအစုအစည်းလေးရှိမနေဘူးပေါ့။ Hang out လုပ်ဖို့ နေရာတောင် မရှိနေဘူးပေါ့ ။ အဲဒါဆိုရင် informally ပေါ့ women photographers class ဆိုပြီး စလုပ်ကြည့်မယ်ဆိုပြီး စလိုက်တာပါ"

ဒီ Thuma Collective အဖွဲ့ဝင်ကတော့ စုစုပေါင်း ၅ ဦး ပါဝင်ပါတယ်။ စတင်တည်ထောင်သူ မယုယုမြင့်သန်း၊ မရွှေဝတ်မှုန် ၊ မတင်ထက်ပိုင်၊ မခင်ကြည်ထက် နဲ့ မရီတာခင်တို့ပဲ ဖြစ်ပါတယ်။ ဒီအမျိုးသမီး ဓာတ်ပုံအဖွဲ့အစည်းဟာ ၂နှစ်ကျော် သက်တမ်းကို ရောက်ရှိနေပြီဖြစ်ပြီး ပြပွဲအားဖြင့်တော့ ၄ကြိမ်မြောက် ပြုလုပ်ပြီးသွားပြီ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းရဲ့ အဓိက ဦးစားပေးကတော့ တစ်ပုံကောင်းဓာတ်ပုံတွေ မဟုတ်ဘဲ Story Telling ဘက်ကို သွားတဲ့ ဓာတ်ပုံအနုပညာဖန်တီးမှုဖက်ကို ပိုအသားပေးဖန်တီးတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

ဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်ကိုတော့ Thuma Collective တည်ထောင်သူတစ်ဦးဖြစ်တဲ့ မရွှေဝတ်မှုန်က Duwun ကိုခုလို ပြောပြတယ်၊

" အမျိုးသမီးဓာတ်ပုံဆရာတွေ အထူးသဖြင့် Documentary လည်းမဟုတ် Commerial လည်း မဟုတ်ဘဲနဲ့ other forms of photography ေပါ့၊ Documentary လည်းပါပါတယ်။ consensual ဖြစ်တဲ့ art ဖြစ်တဲ့ photography ကို လုပ်ချင်တဲ့ အမျိုးသမီးဓာတ်ပုံဆရာမတွေ အချင်းချင်းကြားမှာ Supported ဖြစ်တဲ့ platform တစ်ခုဖြစ်အောင်၊ ပြီးတော့ ကာလရှည်ရိုက်တဲ့ ဓာတ်ပုံဇာတ်လမ်းတွေကို ရိုက်ဖြစ်အောင် long form story တွေကို Promote လုပ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တာပါ"

ဒီလို ဓာတ်ပုံဆရာမတွေ ဖွဲ့စည်းထားတဲ့ ဒီအဖွဲ့ရဲ့ တချို့ အဖွဲ့ဝင်တွေဟာလည်း တခြား FullTime အလုပ်တွေကို လုပ်ရင်းက ဝါသနာပါရာ ရူးသွပ်ရာကို အချိန်ပေးပြီး သူတို့ရဲ့ ဓာတ်ပုံအနုပညာကို အချိန်ပေးပြီး ဖန်တီးပုံဖော်နေကြတာဖြစ်ပါတယ်။




ဟိုအရင်က အမျိုးသားတွေသာ ကြီးစိုးခဲ့တဲ့ ဓာတ်ပုံလောကမှာတော့ ခုလို အမျိုးသမီးတွေဟာလည်း အမျိုးသမီးတွေရဲ့ အမြင်၊ အမျိုးသမီးတွေရဲ့ အသံကို ဓာတ်ပုံအနုပညာနဲ့ ဖန်တီးပြီး လူထုကို ထိတွေ့ကိုင်လှုပ်တာမျိုးတွေ ပြုလုပ်လာတာကို မြင်တွေ့ရပါတယ်။ အမျိုးသမီးဆိုပြီး အားငယ်နေတာမျိုးတွေ၊ တွေဝေနေတာမျိုးတွေ မရှိဘဲ ကိုယ့်ရဲ့ ရူးသွပ်ရာကို အချိန်ပေးပြီး ကိုယ့်ဝါသနာကို ပုံဖော်ချင်တဲ့သူတွေ ရှိခဲ့မယ်ဆိုရင်တော့ Thuma Collective အဖွဲ့ဝင်ရဲ့ ဖန်တီးမှုတွေကို အတူယူပြီး ကိုယ်ရူးသွပ်ရာကို ဖန်တီးပုံဖော်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။




က္က