In partnership with  logo
မေမေလည်း ပျော်ရွှင်ပါလိမ့်မယ်

Madi တို့ရေ မေလ(၁၂)ဆို အမေများနေ့နော်။ ပိတ်ရက်လည်း ဖြစ်တော့ အမေများနေ့ကို ဂုဏ်ပြုရင်း ကိုယ့် မေမေနဲ့ အတူတူ အချိန်ဖြုန်းလို့ရတာပေါ့။ မေမေ့နဲ့တူတူ ဘာလုပ်ရမယ်မှန်းမသိ၊ အမေများနေ့အတွက် အစီအစဉ်မရှိသေးတဲ့ သူတို့အတွက် ဘာတွေလုပ်ရမလဲဆိုတာကို အကြံပြုပေးလိုက်ပါတယ်။

(၁) Ice Skating

ဒီလို ရာသီဥတုပူပူမျိုးမှာ -8 ံC ကနေ -10 ံC ကြားရှိတဲ့ Royal Sportinment Complex မှာ မေမေနဲ့အတူ ရေခဲပြင်စကိတ်သွားစီးရင်း အတွေ့အကြုံအသစ်ကို ခံစားနိုင်ပါတယ်။ တစ်နာရီကို ၁၅၀၀၀ ကျသင့်မယ်လို့ သိရပြီး Trainer တွေလည်း ထားပေးထားတယ်လို့ သိရပါတယ်။မြန်မာနိုင်ငံရဲ့ ပထမဆုံး ရေခဲပြင် စကိတ်ကွင်းဖြစ်ပြီး ဖွင့်တာလည်း မကြာသေးပါဘူး။လိပ်စာကတော့ မရမ်းကုန်းမြို့နယ်၊ ၉မိုင်၊ တော်ဝင်လမ်း (ဝိတိုရိယဆေးရုံရှေ့) မှာပါ။

(၂) တိရစ္တာန်ဥယျာဉ်ထဲမှာ Zip Line စီးမယ်

ဒါကလည်း လောလောလတ်လတ်မှ ရန်ကုန်မြို့ထဲမှာ စဖွင့်တာပါ။ စွန့်စားရတာ နှစ်သက်သူတွေ အတွက် တခြားနယ်သွားစရာမလိုဘဲ ရန်ကုန်မြို့တွင်း တိရစ္ဆာန်ဥယျာဉ်ထဲမှာတင် Zip Line, Quick Jump နဲ့ Tree Climbing တွေကို ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတ ယ်။လက်မှတ် ဈေးနှုန်းတွေကလည်း တစ်ခုစီကို ၅၀၀၀ အောက်တွေပါပဲ။ မေမေနဲ့ အတူ စွန့်စားခန်းထွက်လို့ရပြီလေ။ ပေါ့ပေါ့ပါးပါး အဝတ်တွေ ဝတ်သွားဖို့ သတိပေးပါရစေ။

(၃) ရုပ်ရှင်ကြည့်မယ်

ရုပ်ရှင်ရုံသွားတာပဲ ဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် မေမေ့ အကြိုက် ဇာတ်ကားတွေကို Selection လုပ်ထားပြီး တစ်နေကုန် ထိုင်ကြည့်ရင်း အပန်းဖြေလို့ရပါတယ်။ Snack တွေ ဝယ်ထားဖို့လည်း မမေ့နဲ့ဦး။ ရုပ်ရှင်ကြည့်မယ်ဆိုရင် Snack စုံဖို့က အဓိကမဟုတ်လား။

(၄) ဘုရားသွားမယ်

နွေရာသီဖြစ်လို့ မနက်စောစောလေးထပြီး မေမေနဲ့ အတူ ဘုရားတက်ရင်း ကုသိုလ်ယူနိုင်ပါတယ်။ မေမေနဲ့ အတူ ဘုရားလည်းဖူးရင်း ဓာတ်ပုံလည်း ရိုက်ရင်းပေါ့။ ဘုရားတက်ပြီးတဲ့အခါ ဆိုင်လေးတစ်ဆိုင်ဆိုင် ထိုင်တာပဲ ဖြစ်ဖြစ် အိမ်ပြန်ပြီးနားတာပဲ ဖြစ်ဖြစ် ဒါကတော့ ကိုယ့်ရွေးချယ်မှုပေါနော်။

(၅) ခရီးတိုလေး ထွက်မလား

မေမေနဲ့အတူ ကမ်းခြေဖြစ်ဖြစ် ပျော်ပွဲစားခရီးတိုလေး ထွက်ကြည့်ပါ။ပိတ်ရက်လည်း ဖြစ်တော့ အလုပ်တွေကို ခဏမေ့ထားပြီး မေမေ့ကို အချိန်ပေးလိုက်ပါ။ ဓာတ်ပုံတွေရိုက်ပါ။ ခရီးထွက်ခြင်းက စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်သလို လူကိုလည်း Fresh ဖြစ်စေပါတယ်။

(၆) မုန့်တွေ လုပ်စားမယ်

အပြင်မထွက်ချင်ဘူး။အိမ်မှာပဲ အေးအေးလူလူ နေချင်ရင်တော့ မုန့်လုပ်စားလို့ရပါတယ်။ အမေများနေ့မှာ မေ့မေ့ အတွက် Party လေးလုပ်ပြီး မိသားစုနဲ့အတူ Celebrate လုပ်ရင်း မေမေ့ကို ချစ်ခြင်းမေတ္တာပြသပါ။ အိမ်နီးနားချင်းတွေကို မုန့်တွေ ဝေပေးပြီး ချစ်ခြင်းမေတ္တာ မျှဝေနိုင်ပါသေးတယ်။

မဒီတို့ရော အမေများနေ့မှာ မေမေ့ကို ပျော်ရွှင်အောင် ဘယ်လိုထားမလဲဆိုတာ ပြောပြဦးနော်..


Saint

Share

Loading Next Article...
က္က