In partnership with  logo
မဒီရဲ့ မဒီလေးတွေအတွက် လှပထက်မြက်မှုနဲ့အတူ စိတ်ဓာတ်ခွန်အားတွေပါ ရရှိစေနိုင်မယ့် Challenge လေးတွေ အမြဲတမ်းလုပ်သွားဖို့ရှိပါတယ်။

မဒီကနေပြီးတော့ အမျိုးသမီးတိုင်းအတွက် စိတ်ဓာတ်ခွန်အားတွေနဲ့ လှပထက်မြက်မှုတွေကိုပါ ပေးချင်တဲ့ ဆန္ဒအမြဲရှိပါတယ်။ ခုတော့ ဒီဆန္ဒတွေ အထမြောက်သွားပါပြီ။ Mission Slim Possible ဆိုတဲ့ အစီအစဉ်နဲ့အတူ မဒီတို့အတွက် Challenge လေးတစ်ခု စတင်လိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ ခန္ဓာကိုယ်မှာ အဆီပိုတွေများပြီး အဝလွန်နေသူတွေအတွက် အဆီပိုတွေကျသွားပြီး ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ရအောင် လေ့ကျင့်ပေးမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။

ဒီအစီအစဉ်မှာလာရောက်လျှောက်ထားသူပေါင်း ၂၀၀ နီးပါးရှိတဲ့အထဲကမှ အဆင့်ဆင့် ဆန်ခါတင်ရွေးချယ်ပြီးနောက်ဆုံး ၅ဦးကို Madi’s Challenge အတွက် ရွေးချယ်လိုက်ပါတယ်။ ဒီ မဒီလေး ၅ဦးကို Mission Slim Possible အစီအစဉ်မှာ ၆လတိတိ ဆော့ကစားစေပြီး ကိုယ့်ရဲ့ ခန္ဓာကိုယ်အဆီပိုတွေကို ကျသွားအောင် Train ပေးသွားမှာလည်း ဖြစ်ပါတယ်။

နုသဇင်စန်း



Madi’s Challenge မှာ ပါဝင်ရဖို့အတွက် ကံထူးသွားသူ တစ်ဦးကတော့ နုသဇင်စန်းဖြစ်ပါတယ်။ အသက်ကတော့ ၂၂နှစ်ဖြစ်ပြီး ပေါင်ချိန်က ၂၂၀ရှိပါတယ်။ စကာင်္ပူမှာ Marketing & Management နဲ့ ကျောင်းပြီးထားသူဖြစ်ပြီး မွေးကတည်းက တောက်လျှောက်ဝလာသူတစ်ယောက်ပါ။ ကျောင်းတက်တုန်းကဆို ပေါင်ချိန်တဲ့အချိန်တွေမှာ တစ်တန်းလုံး ဝိုင်းကြည့်ခံရတဲ့အတွက် အဲဒီရက်တွေဆို ကျောင်းပျက်တဲ့အထိ လုပ်ခဲ့ဖူးသူတစ်ယောက်ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ ဝေဖန်သံတွေကြောင့် ပိန်ဖို့ ကြိုးစားခဲ့တဲ့သူတစ်ယောက်ပါ။ ကဲ…နုသဇင်စန်းတစ်ယောက် ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာကို ၆လတာအတွင်း စောင့်ကြည့်ကြရမှာပါပဲ။

ဆုလှိုင်ထွန်း

နောက်ထပ်မဒီလေးကတော့ ဆုလှိုင်ထွန်းပါ။ အသက် ၂၂နှစ်ဖြစ်ပြီး ပေါင်ချိန် ၁၅၉ပေါင် ရှိပါတယ်။ WYTU ရဲ့ fifth year ITကျောင်းသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ကျောင်းချိန်ပြင်ပတွေမှာသာ ဆော့ကစားရပြီး ကိုယ့်ရဲ့ Body Transformation အတွက်ကော စိတ်ဓာတ်ခွန်အားပါ ရစေနိုင်တဲ့ အစီအစဉ်လို့ ယုံကြည်တဲ့အတွက် ဒီအစီအစဉ်ကို လျှောက်ထားခဲ့သူဖြစ်ပါတယ်။ သူ့ကို ဝတယ်လို့ ဝိုင်းပြောခဲ့ကြသူတွေကို ဒီအစီအစဉ်ပြီးသွားရင် သူတို့ရှေ့မှာ မော်ဒယ်ရှိုးလျှောက်ပြမယ်လို့ ကြုံးဝါးထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ တကယ်ပဲ သူပြောသလို လုပ်နိုင်မလားဆိုတာကိုတော့ ၆လအတွင်းမှာ စောင့်ကြည့်ကြရမှာပါ။

သီရိမြတ်ဆု

နောက်ထပ် ကံထူးသူ မဒီလေးက သီရိမြတ်ဆုဖြစ်ပါတယ်။ အသက် ၁၈နှစ်ဖြစ်ပြီး ပေါင်ချိန်ကတော့ ၁၉၉ ပေါင်ပါ ။ Radiant Tours & Travels မှာ Sale Executive အဖြစ်တာဝန်ထမ်းဆောင်နေပြီး ဥပဒေပထမနှစ်ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ ဝနေတဲ့ သူ့ရဲ့ ခန္ဓာကိုယ်အပေါ် မထိတထိ စနောက် လှောင်ပြောင်ကြသူတွေ နဲ့ လှပပြောင်းလဲစေချင်တဲ့သူတွေအတွက် သူ့ရဲ့ ပြောင်းလဲသွားတဲ့ ပုံစံကို ပြသလိုတဲ့ စိတ်နဲ့ Madi’s Challenge မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ အသက်ငယ်ရွယ်ပေမယ့် ဝတာကြောင့် သူ့ကို ရင့်တယ်လို့ ပြောဆိုမှုတွေအပေါ်မှာလည်း မကျေနပ်တဲ့ သူတစ်ယောက်ပါ။ သူကရော ၆လအတွင်း ဘယ်လို ပြောင်းလဲသွားမှာလဲ။ 

ဖြူငြိမ်း

နောက်ထပ် မဒီလေးကတော့ အသက် ၂၆နှစ်အရွယ်ဖြစ်ပြီး နာမည်က ဖြူငြိမ်းလို့ ခေါ်ပါတယ်။ ပေါင်ချိန်ကတော့ ၁၇၄ပေါင်ဖြစ်ပြီး DIR-ACE Technology ရဲ့ System Engineer တစ်ယောက်ဖြစ်ပါတယ်။ ဝတဲ့ ခန္ဓာကိုယ် အချိုးအစားကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးနေသူပါ။ သူတပါးကို ဝတယ်လို့ ပြောရင်တောင် ကိုယ့်ကိုလည်း ပြောလေမလားဆိုတဲ့ ဝမ်းနည်းစိတ်တွေနဲ့ နေခဲ့ဖူးတဲ့အတွက် ခုလို Madi's Challenge ကို ဝင် Jion ခဲ့သူလည်း ဖြစ်ပါတယ်။

အိသဲဦးခင်
နောက်ဆုံး မဒီလေးကတော့ အိသဲဦးခင်ပါ။ အသက်ကတော့ ၂၅နှစ်ဖြစ်ပါတယ်။ ပေါင်ချိန်ကတော့ ၂၁၁ ပေါင်ရှိပါတယ်။ THE CHARM ပိုးထည်တိုက်မှာ Sale Manager အဖြစ်လုပ်ကိုင်နေတာပါ။ အိသဲဦးခင်ကတော့ သူ့ရဲ့ ဝတဲ့ ခန္ဓာကိုယ်အပေါ်မှာ ပတ်ဝန်းကျင်ကနေစပြီးတော့ အမျိုးအရင်းတွေကအထိ လှောင်ပြောင်ပြောဆိုမှုဒဏ်တွေကြောင့် မကြာခဏ ကြိတ်ငိုခဲ့ရပြီး ကိုယ်တိုင်လည်း ပိန်သွားချင်စိတ် ပြင်းပြတဲ့သူဖြစ်ပါတယ်။ တကယ်ပဲ သူ့ရဲ့ ပြင်းပြတဲ့ စိတ်တွေအတိုင်း ပြောင်းလဲသွားနိုင်မှာလား။

မဒီရဲ့ Challenge တစ်ခုဖြစ်တဲ့ Mission Slim Possible အစီအစဉ်အတွက် အရွေးချယ်ခံရတဲ့ မဒီလေး ငါးယောက်ကတော့ အင်းယားလမ်းမှာရှိတဲ့ Infinity Fitness Gym မှာ ကစားနေတာဖြစ်ပါတယ်။ သူတို့ကိုတော့ Infinity Fitness ရဲ့ ကျွမ်းကျင်နည်းပြဆရာတွေဖြစ်ကြတဲ့ Sales & Service Director Anthoy Wayne Jones နဲ့ Personal Trainer Supervisor ကိုချမ်းတို့ကိုယ်တိုင် အစားအသောက်ပိုင်းဆိုင်ရာ နဲ့အတူ Workout တွေကို ကြပ်မတ်လမ်းညွှန်ပြသနေပါတယ်။ ၆ပတ်အတွင်းမှာ ဝိတ်ကျအောင် လမ်းညွှန်ပေးသွားမှာဖြစ်ပြီး ကျန်ကာလတွေမှာတော့ ကျစ်လစ်လှပအောင် Train ပေးသွားမှာပါ။ တကယ်လို့ ၆ပတ်အတွင်းမှာသာ အဆီပိုတွေကို အကောင်းဆုံးကျအောင် ချနိုင်ခဲ့ပြီး ဒီအစီအစဉ်ကနေ အနိုင်ရရှိသွားရင်တော့

ပထမဆု ဆုကြေးငွေ(၅)သိန်း+ (၁)နှစ် free ကစားခွင့်

ဒုတိယဆု ဆုကြေးငွေ(၃)သိန်း+ (၆)လ free ကစားခွင့်

တတိယဆု ဆုကြေးငွေ (၁)သိန်း+ (၃)လ free ကစားခွင့်ရရှိမှာပါ။ 

ကဲ…ဒီ မဒီလေး ငါးယောက် Winner ဖြစ်နိုင်မလား။

သူတို့ပိုင်ဆိုင်လိုတဲ့ လှပပြေပြစ်တဲ့ ခန္ဓာကိုယ်ကို ရရှိပိုင်ဆိုင်သွားနိုင်မလားဆိုတာကိုတော့ အပတ်စဉ်စောင့်ကြည့်ပေးကြပါဦးနော်။

Share

Loading Next Article...
က္က