In partnership with  logo
စိတ်ညစ်စရာ စိတ်ရှုပ်စရာတွေ ကြုံလာတဲ့အခါ စိတ်ဓာတ်တက်ကြွစေမယ့် သီချင်းမျိုးတွေ နားထောင်သင့်ပါတယ်။

မဒီလေးတို့မှာ စိတ်ညစ်စရာတွေ ရှိလာပြီဆိုရင် ထိုင်တွေးမနေဘဲ နားကြပ်လေးနဲ့ ဒီ သီချင်း(၆)ပုဒ်ကို နားထောင်ပြီး သံစဉ်တွေထဲ လွင့်မျောစီးဝင်လိုက်ပါ။

တစ်ခါတစ်ရံမှာ ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်တာ၊ စိတ်အားငယ်တာ၊ ဝမ်းနည်းသိမ်ငယ်လာတာ စတာတွေကို မဒီတို့ ခံစားဖူးကြမှာပါ။

ဒီလိုတွေ အချိန်ကြာကြာ ဖြစ်လာတဲ့အခါမှာ မဒီတို့ရဲ့ ကျန်းမာရေး၊ လူမှုရေး ၊အလုပ်အကိုင်နဲ့ ပညာရေး စတာတွေကိုပါ ထိခိုက်လာတတ်ပါတယ်။

 မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ နှစ်သိမ့်အားပေးမှု သေချာပေါက် လိုအပ်သလို စိတ်ဓာတ်တက်ကြွစေမယ့် သီချင်းမျိုးတွေ နားထောင်ကလည်း ကောင်းမွန်တဲ့ နည်းလမ်းတစ်မျိုးပါပဲ။

 ဟုတ်ပါတယ် စိတ်ထဲမှာ ခံစားနေရတဲ့ သိမ်ငယ်မှုတွေ၊ အားငယ်မှုတွေကို ဖြေဖျောက်ဖို့ နားကြပ်ကောင်းကောင်းတစ်ခုနဲ့ သီချင်းကောင်းကာင်းတွေက သေချာပေါက်လိုအပ်ပါတယ်။

 မဒီလေးတို့ရဲ့ စိတ်ကို အာဟာရ ဖြည့်ပေးနိုင်မယ့် သီချင်းအချို့ကို ရွေးချယ်ပေးထားပါတယ်။

(1) Perfect to me - Anne-Marie

ဒီသီချင်းလေးကတော့ Anne-Marie က သူမခံစားနေရတဲ့ Insecurities တွေအကြောင်း သီချင်းဖွဲ့ဆိုခဲ့တာပါ။ သူမဟာ မဂ္ဂဇင်းထဲက မော်ဒယ်တွေလို ုလှပတဲ့ ရုပ်ရည် မရှိ၊ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်မရှိတဲ့အကြောင်း၊ Make up လိမ်းဖို့ထက် Mac and Cheese ကို ပိုစိတ်ဝင်စားတဲ့ အကြောင်း၊ မော်ဒယ်တွေလို မလှပတဲ့ သူမရဲ့ ခန္ဓာကိုယ်က သူမအတွက်တော့ အရမ်းကို ပြီးပြည့်စုံပါတယ်ဆိုတဲ့ အကြောင်းတွေပါဝင်ပါတယ်။

(2) Fight Song – Rachel Platten

ဒီသီချင်းကတော့ အဆိုတော် Rachel Platten ရဲ့ ဘဝအတွေ့အကြုံတွေကို ရေးသားထားတာပါ။ ဘာပဲဖြစ်နေပါစေ ဘယ်လို အခက်အခဲတွေပဲ ကြုံနေရပါစေ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိပြီး သူမရဲ့ ပန်းတိုင်ကို အရောက်သွားမယ်ဆိုတဲ့ အကြောင်းတွေပါပါတယ်။ “Fight Song” ဆိုတဲ့ အတိုင်း ဘဝအတွက် ခွန်အားတွေရရှိနိုင်မယ့် သီချင်းမျိုးပါ။

(3) Brave – Sara Bareilles

Brave ဆိုတဲ့ အတိုင်း သတ္တိရှိဖို့ ခွန်အားပေးထားတာပါ။ ကိုယ်ပြောချင်တဲ့ စကား၊ ကိုယ်လုပ်ချင်တဲ့ အရာတွေအတွက် ကြောက်ရွံ့မနေဘဲ သတ္တိရှိရှိနဲ့ ရင်ဆိုင်ဖို့ တိုက်တွန်းထားပါ။ သီချင်းလေးထဲမှာ သင်သာ ရဲရင့်မယ်ဆိုရင် ဘယ်အရာကမှ သင့်ကို နာကျင်အောင်မလုပ်နိုင်ပါဘူးလို့ ပြောထားပါသေးတယ်။

(4) This is me (The Greatest Showman) – Keala Settle

မဒီလေးတို့လည်း သိကြ၊ ကြိုက်ကြမှာပါ။ The Greatest Showman ဇာတ်ကားထဲမှာ Bearded Lady သီဆိုသွားတဲ့ သီချင်းပါ။ ထူးခြားတဲ့ ရုပ်ရည် ဒါမှမဟုတ် အသွအပြင်ကြောင့် လူမှုအသိုင်းအဝိုင်းက ဖယ်ကျဉ်ခြင်းခံထားရသူတွေကို ခွန်အားပေးထားတဲ့ သီချင်းတစ်ပုဒ်ပါ။

(5) Come out and play – Billie Eilish

ကိုယ် လုပ်နိုင်တဲ့အရာတွေ၊ ကိုယ် တတ်ကျွမ်းတဲ့အရာတွေကို ဖုံးမကွယ်ထားဖို့ တိုက်တွန်းထားတာပါ။ Social Anxiety ရှိနေသူတွေ၊ လူတွေနဲ့ ထိတွေ့ရမှာ ကြောက်နေသူတွေကို ခွန်အားပေးထားတာပါ။

(6) How Far I’ll Go (Moana) – Alessia Cara

Disney ရဲ့ Moana ထဲက သီချင်းလေးပါ။ Moana တစ်ယောက် သူမရဲ့ အိပ်မက်ဖြစ်တဲ့ ပင်လယ်ကြီးဆီ ခရီးထွက်ရမလား သူမ နေထိုင်ရာ ကျွန်းမှာပဲ ဆက်ပြီး နေထိုင်ရမလားဆိုတာကို ဝေခွဲမရ ဖြစ်နေချိန်မှာ သီဆိုလိုက်တဲ့ သီချင်းပါ။ ဘယ်လို အခက်အခဲရှိရှိ ကိုယ်ရဲ့ အိမ်မက်နောက်ကို လိုက်ဖို့ ခွန်အားပေးထားတဲ့ သီချင်းလေးပါ။

မဒီလေးတို့မှာ စိတ်ညစ်စရာတွေ ရှိလာပြီဆိုရင် ထိုင်တွေးမနေဘဲ နားကြပ်လေးနဲ့ ဒီ သီချင်း(၆)ပုဒ်ကို နားထောင်ပြီး သံစဉ်တွေထဲ လွင့်မျောစီးဝင်လိုက်ပါ။

Saint

Share

Loading Next Article...
က္က