ဒီလိုအပြုအမူတွေကြောင့်ပဲ ပြတ်စဲသွားရတဲ့ ချစ်သူစုံတွဲတွေ အများကြီးရှိပါတယ်။
 

သဘာဝတရားကိုက ယောက်ျားနဲ့မိန်းမဆိုတာ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ မတူညီသလို စိတ်နေစိတ်ထားကလည်း ကွဲပြားသူတွေပါ။ နေထိုင်မှုပုံစံတွေ မတူကြသလို အတွေးအခေါ်တွေကလည်း မတူညီကြပါဘူး။ မိန်းကလေးတွေရဲ့ မတူညီတဲ့ ခံစားချက် အပြုအမူတွေကို ယောက်ျားလေးတွေဘက်က နားလည်ပေးနိုင်ပေမဲ့ ဒီလိုအပြုအမူတွေကိုဆိုရင်တော့ သည်းမခံနိုင်ဘူးလို့ ဆိုကြပါတယ်။


၁။ ထင်ရာစိုင်း

ဒါဆိုမှဒါ၊ အခုဆိုအခု မလုပ်ရရင် ပြဿနာရှာတတ်တဲ့ မိန်းကလေးတွေကို ယောက်ျားလေးတွေက စိတ်ကုန်ပါတယ်။ အခြေအနေနဲ့ အချိန်အခါကိုမကြည့်ဘဲ ထင်ရာစိုင်းပြီး လုပ်ချင်တာလုပ်တာမျိုးက ကောင်လေးတစ်ယောက်ရဲ့အချစ်ကို ကြာရှည်ရရှိနိုင်မှာမဟုတ်ပါဘူး။

၂။ ပင်ကိုယ်အရည်အချင်းမရှိတာ

သမီးရည်းစားဘဝမှာတော့ ကိစ္စမရှိပေမဲ့ အိမ်ထောင်သည်ဘဝမှာဆိုရင် ဘာမှမလုပ်တတ် မကိုင်တတ်တဲ့ ဇနီးသည်ဟာ ခင်ပွန်းကို အကူအညီမဖြစ်ပါဘူး။ အမြော်အမြင်ကြီးတဲ့ ယောက်ျားလေးတွေက ဘာမှမလုပ်ဘဲ မိဘပိုက်ဆံဖြုန်းဖို့သာတတ်တဲ့ မိန်းကလေးတွေကို မနှစ်သက်ဘူးလေ။

the-ins-and-outs-of-twitter-etiquette-287973251-jul-3-2012-600x400.jpg 

၃။ တခြားလူနဲ့နှိုင်းယှဉ်ခြင်း

" ဟိုလူကဖြင့် ဘယ်လိုတွေတော်တာ၊ ချစ်သူကို ဘယ်လိုဂရုစိုက်တာ" ဆိုပြီး နှိုင်းယှဉ်ပြောလေ့ရှိတဲ့အပြုအမူဟာ ယောက်ျားတစ်ယောက်ကို အကြီးအကျယ် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အရာပါ။ ဒီပုံစံ ဒီအနေအထားကို လက်မခံနိုင်ရင် အစတည်းက လက်မတွဲခဲ့နဲ့ပေါ့။

၄။ ပြောသားပဲ

ကိစ္စတစ်ခုခုမှာ တလွဲတချော်ဖြစ်သွားတဲ့အခါ "ကျွန်မ ပြောခဲ့သားပဲ" ဆိုတဲ့ စကားမျိုးကို ဘယ်သူကမှ နားမထောင်ချင်ပါဘူး။ အမှားအယွင်းတစ်ခုခုကြုံရချိန်မှာ အားပေးရမယ့်အစား ပြစ်တင်စကားကိုဆိုခြင်းဟာ ဘယ်သူမှ မနှစ်သက်တဲ့အပြုအမူပါ။

Blog-pic-disappointed-woman-23728664.jpg 

၅။ စိတ်ဆိုးနေရင် လုံးဝစကားမပြောတာ

အကြောင်းရင်းမသိရဘဲ စိတ်ဆိုး၊ စိတ်ကောက်ပြီး စကားမပြောဘဲနေတာမျိုးကိုလည်း မကြိုက်ဘူးလို့  ယောက်ျားတွေက တညီတညွတ်တည်း ဆိုပါတယ်။ "ရှင့်အမှား ရှင်သိမှာပေါ့" ဆိုပြီး အဆက်အသွယ်ဖြတ်ထားတာ၊ ဖုန်းဆက်ရင် မကိုင်တာမျိုးက တစ်ဖက်သားကို ဒေါသထွက်စေပါတယ်။ မကျေနပ်တာကို ပွင့်ပွင့်လင်းလင်းပြောချလိုက်ပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က