သင်ဟာ ၁၅၊ ၁၆ အရွယ်ပဲ ဖြစ်ဖြစ် ၂၅ အရွယ်ပဲ ဖြစ်ဖြစ် ကိုယ်ကြွေရတဲ့လူနားရောက်ရင် ဖြစ်သွားတတ်တာတွေက တူတတ်ပါတယ်။ သိသာလွန်းတာနဲ့ မသိတာပဲ ကွာပါတယ်။ ဒီလိုခံစားချက်မျိုး လူတိုင်းဖြစ်ဖူးတတ်ကြပါတယ်။ ဒါပေမဲ့ ကြွေနေတဲ့လူ အနားရောက်လာတဲ့အခါ အမူအရာတွေ ပျက်နေတာကို သင့်ဘေးနားက လူတွေက ပိုသတိထားမိတတ်ပါတယ်။ အောက်ပါအချက်တွေကတော့ ပြောင်းလဲသွားတတ်တဲ့ အမူအရာ ပုံစံ ၅ မျိုး ဖြစ်ပါတယ်။



 

၁ - ဖြတ်ခနဲကြည့်တယ်

သင်ကြည့်လိုက်တဲ့ အကြည့်လေးက ၁၀ စက္ကန့်ထက် မပိုတတ်ပါဘူး။ ဖြတ်ခနဲကြည့်တဲ့ အကြည့်မျိုးပါ။  နောက်ဆုံးမှာ သူ့နားရောက်ရင် ဒီအကြည့်ကိုကျွမ်းကျွမ်းကျင်ကျင် ကြည့်တတ်လာတဲ့ သင်ဟာ ဘယ်လို အခြေအနေမျိုးမှာမဆို ရအောင်ကြည့်တတ်လာပါတယ်။ သင်ခေါင်းငုံ့ထားတဲ့အချိန်မှာတောင် သူ့ကို ဘယ်လိုကြည့်ရမလဲဆိုတာ သိပါတယ်။ လူအုပ်ကြားထဲရောက်ရင်လည်း သူ့ကိုလှမ်းကြည့်နိုင်မယ့် လမ်းကြောင်းကို ခဏအတွင်း ရှာနိုင်ပါတယ်။

(သင်ကြိုက်နိုင်မယ့် ဆောင်းပါးများ -ချစ်ပြီဆိုရင် အမျိုးသားတွေ လိုချင်တဲ့ အရာ (၆) ခု )

 

၂ - ပုံမှန်လိုကြိုးစား

ဘာကြောင့်မှန်းမသိဘဲ သူ့နားရောက်ရင် ပုံမှန်ပုံစံကို ထိန်းထားလို့ မရပါဘူး။ ပြောလိုက်တဲ့စကားအချို့၊ လုပ်လိုက်တဲ့ အပြူအမူအချို့ဟာ ပုံမှန်မဟုတ်သလို ဖြစ်နေပါတယ်။ ဒီလိုပုံမှန်မဟုတ်မှန်းသိလို့ လိုက်ထိန်းလေ ပိုဆိုးလေဖြစ်သွားတတ်ပါတယ်။

 

၃ - အာရုံစိုက်ခံချင်

သူ့ရဲ့အာရုံစိုက်မှုရအောင် ကြိုးစားပါတယ်။ ကြိတ်ကြွေနေတဲ့လူအနားမှာရှိရင် အသံတွေက ကျယ်သွားတတ်ပါတယ်။ ဒါမှမဟုတ် တိုးသွားတတ်ပါတယ်။ ရယ်သံကလည်း ကျယ်သွားပါတယ်။ ဒါမှမဟုတ်ရင်လည်း ရယ်သံက ပုံစံတစ်မျိုး ဖြစ်နေပါတယ်။ အရာရာအားလုံးဟာ သူများသတိပြုမိမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်တာ ဖြစ်ပါတယ်။

(သင်ကြိုက်နိုင်မယ့် ဆောင်းပါးများ -ဆယ်ကျော်သက်အရွယ်မှာ မိန်းကလေးတိုင်း စိတ်ကူးယဉ်ကြတဲ့အရာ (၅) ခု )

 

၄ - ထိန်းချုပ်မှု

အော်လိုက်ချင်တာလား၊ ဘေးနားကလူရဲ့ လက်မောင်းကို ရိုက်လိုက်ချင်တာလား၊ ဘာမှန်းမသိတဲ့ အရာတစ်ခုခုကို ထိန်းချုပ်ထားရပါတယ်။ ဒီလိုထိန်းချုပ်ထားရမှုကြောင့် လူနဲ့စိတ်နဲ့ တခြားဆီဖြစ်ပြီး လုပ်တာတခြား၊ ပြောတာတခြားတွေ ဖြစ်ကုန်တာပါ။

(သင်ကြိုက်နိုင်တဲ့ ဆောင်းပါးများ - ယောကျာ်းတစ်ယောက် သဝန်တိုလာရင် ဖြစ်တတ်တဲ့ လက္ခဏာ (၆) ခု)

 

၅ - ခပ်မိုက်မိုက်ပုံစံ

သူကြိုက်လောက်မယ်ထင်တဲ့ ပုံစံမျိုး သင်က ဖမ်းပါတယ်။ ဒါပေမဲ့ သင်လုပ်ချင်တဲ့ ပုံစံနဲ့ တခြားစီဖြစ်သွားတတ်ပါတယ်။ သူအနားမှာ ရှိတဲ့အချိန် ဟာသပြောဖို့ ကြိုးစားပေမဲ့ တလွဲ ဖြစ်သွားတတ်ပါတယ်။ မရည်ရွယ်ဘဲ ကြောင်တောင်တောင်လို့ ထင်သွားနိုင်တဲ့လုပ်ရပ်တွေကို လုပ်မိသွားတတ်ပါတယ်။

(သင်ကြိုက်နိုင်မယ့် ဆောင်းပါးများ - အမျိုးသားတွေကို ဆွဲဆောင်နိုင်ဆုံး ရေမွှေးနံ့ (၄) မျိုး)

Photos & Source: Candy


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က