သင်ကိုယ်တိုင်တောင် သတိမထားမိတဲ့ သင့်အပြုအမူအချို့ကြောင့် လုပ်ငန်းခွင်အတွင်း ရင်းနှီးတဲ့ သူငယ်ချင်း မရတာမျိုး ဖြစ်နေနိုင်ပါတယ်။
Thurein Tun

84159733.jpg 

အလုပ်ဝင်တာကြာပြီဖြစ်ပေမဲ့ လုပ်ငန်းခွင်ဟာ ဘာလို့ သင့်အတွက် စိမ်းနေတာလဲ။လုပ်ဖော်ကိုင်ဖက်တွေက သင့်ကိုဖယ်ထားတာလား၊ သင့်ကို မခင်ချင်တာလား။ ဘယ်လိုအချက်တွေက သူတို့ သဘောမကျစရာ ဖြစ်နေတာလဲ။ သင်ကိုယ်တိုင်တောင် သတိမထားမိတဲ့ သင့်အပြုအမူအချို့ကြောင့် လုပ်ငန်းခွင်အတွင်း ရင်းနှီးတဲ့ သူငယ်ချင်း မရတာမျိုး ဖြစ်နေနိုင်ပါတယ်။

၁ - မကူညီချင်ဘူး

ငါ့အလုပ်ပဲ ငါလုပ်မယ်၊ မဆိုင်ရင်မလုပ်နိုင်ဘူးဆိုတာက သင့်ဆောင်ပုဒ်ဆိုရင်တော့ အလုပ်ထဲကလူတွေ သင့်ကို သဘောကျဖို့ ခက်ပါလိမ့်မယ်။ သင်နဲ့မဆိုင်ရင် လုပ်စရာမလိုဘူးဆိုတာ မှန်ပေမဲ့ မဆိုင်ဘဲ ဝင်ကူညီတာမျိုးက မိတ်ဆွေအပေါင်းအသင်းရစေပါတယ်။  မိတ်ဆွေသူငယ်ချင်းဆက်ဆံရေးဆိုတာ အနစ်နာခံမှု၊ လိုက်လျောအလျှော့ပေးမှုတွေကနေ တည်ဆောက်ရတာ ဖြစ်ပါတယ်။ ကိုယ့်အတွက်ပဲ ကိုယ်လုပ်နေတဲ့လူကို ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ပါဘူး။

၂ - စကား

GettyImages-486485201.jpg 

အလုပ်ထဲမှာ တစ်စုံတစ်ခုကို မကြိုက်ကြောင်းပြောမယ်ဆို သတိထားပါ။ အထူးသဖြင့် လုပ်ဖော်ကိုင်ဖက်တစ်ယောက်က တင်ပြတဲ့ အကြံညဏ်စိတ်ကူးတွေကို မကြိုက်ကြောင်းပြောတဲ့အခါ သိမ်သိမ်မွေ့မွေ့ ရှိဖို့ အရေးကြီးပါတယ်။ တစ်ဖက်ကလေးနက်တဲ့အရာမျိုးကို သင့်ဘက်ကထင်မြင်ချက်ပေးမယ်ဆို မပေးခင် ၁ မိနစ်လောက်တော့ အနည်းဆုံးစဉ်းစားပါ။ စကားကို အလျင်စလို ပြောတာ၊ အလွယ်တကူမှတ်ချက်ပြုတာမျိုးဟာ လုပ်ဖော်ကိုင်ဖက်တွေကြား အမြင်ကပ်စရာ ဖြစ်နေနိုင်ပါတယ်။

(သင်ကြိုက်နိုင်မယ့် ဆောင်းပါး - အလုပ်ထွက်သင့်နေပြီဆိုတဲ့ လက္ခဏာ (၇) ခု)

၃ - ဆူညံ့ခြင်း

200514513-001.jpg 

အလုပ်ထဲမှာ အမြဲတမ်းဆူညံနေတတ်သူဆိုရင်လည်း လုပ်ဖော်ကိုင်ဖက်တွေက သဘောမတွေ့တတ်ပါဘူး။ ဆူညံ့တာဟာ သူတို့ကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင် လူမှုရေးမသိသူ၊ အရိပ်အကဲနားမလည်သူအဖြစ်ပါ သင့်ကို သတ်မှတ်သွားနိုင်ပါတယ်။ ဖုန်းပြောရင် အကျယ်ကြီးပြောတာ၊ သင့်ရယ်သံက လိုတာထက် ကျယ်တာ၊ စကားပြောရင် အော်ကြီးဟစ်ကျယ်လှမ်းပြောတာမျိုးတွေကို ဂရုစိုက်သင့်ပါတယ်။

၄ - ပွဲလမ်းသဘင်

sb10065360aa-001.jpg 

ရုံးကလုပ်တဲ့ ပွဲလမ်းသဘင်မျိုးတွေကို မသွားတာ ဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခင်မင်ဖို့ ဒီလိုပွဲမျိုးက အကောင်းဆုံးဖြစ်ပါတယ်။ လုပ်ငန်းခွင်ရဲ့ လေးလံမှုတွေမပါဘဲ ပေါ့ပေါ့ပါးပါး ရှိနေကြတဲ့ အချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ သင်က မသွားတာကြောင့် ရင်းရင်းနှီးနှီး ခင်မင်နိုင်တဲ့ အခွင့်အရေးကို လက်လွတ်ဆုံးရှုံးနေပါတယ်။

(သင်ကြိုက်နိုင်မယ့် ဆောင်းပါး - (၁၀) မိနစ် အတွင်း စိတ်ဖိစီးမှုကို ပျောက်သွားစေမယ်)

၅ - စကားမပြောတာ

office-small-talk.jpg 

အသေးအဖွဲ ဟိုအကြောင်း ဒီအကြောင်းလေးတွေကိုတောင် သင်က မပြောတာ ဖြစ်ပါတယ်။ ဒီလိုပြောနိုင်တဲ့ အခွင့်အရေးမျိုးရရင်လည်း သင့်ဘက်က မယူတာ ဖြစ်ပါတယ်။ နေ့လယ်ထမင်စားချိန်၊ အပြင်မှာ ဆေးလိပ်ထွက်သောက်ချိန်မျိုးတွေဟာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အသေးအဖွဲလေးတွေပြောပြီး ခင်မင်ခွင့်ရနိုင်တဲ့ အခိုက်အတန့်တွေ ဖြစ်ပါတယ်။

၆ - ငြီးငြူတာ

GettyImages_200495936-001.jpg 

အလုပ်ကို အမြဲငြီးငြူနေတာ ဖြစ်ပါတယ်။ သင် သက်သောင့်သက်သာ လုပ်နိုင်မယ့် အလုပ်လို့ လုပ်ဖော်ကိုင်ဖက်တွေက သိပေမဲ့ သင့်ဘက်က မကျေနပ်ကြောင်းပြောပြီး ငြီးငြူနေတာမျိုး ဖြစ်ပါတယ်။ ဘာမဆိုငြီးငြူနေတတ်တဲ့ သင့်အနားရောက်တိုင်း လုပ်ဖော်ကိုင်ဖက်တွေပါ ပူလောင်လာရပါတယ်။

၇ - ဆဲဆိုခြင်း

200551007-021.jpg 

စကားပြောရင် ဆဲတာဆိုတာတွေပါပြီး ခပ်ရိုင်းရိုင်းပြောတာမျိုး ဖြစ်ပါတယ်။ ဒီတော့ သင်နဲ့ ဘယ်သူမှ မပက်သက်ချင်တော့ပါဘူး။အပြုအမူတွေကပါ ရိုင်းရင်တော့ သင်နဲ့ ဆက်ဆံရမှာကိုတောင် လုပ်ဖော်ကိုင်ဖက်တွေက ကြောက်နေနိုင်ပါတယ်။

(သင်ကြိုက်နိုင်မယ့်ဆောင်းပါး - အလုပ်ထွက်သင့်နေပြီဆိုတဲ့ လက္ခဏာ (၇) ခု)

Photos & Source: Relationship


က္က