လက်ချင်းဆုပ်ကိုင်ထားခြင်းကြောင့် ဦးနှောက်ကနေ အောက်ဆီတိုဆင်(oxytocin) ဟော်မုန်း ထွက်ရှိစေပြီး အပြန်အလှန်သံယောဇဉ် တိုးပွားလာပါတယ်။

 



ချစ်သူဘဝမှာ တစ်ယောက်လက်တစ်ယောက် ဆုပ်ကိုင်ပြီး လမ်းလျှောက်နေရပြီဆို စကြဝဠာအဆုံးထိတောင် လျှောက်သွားချင်တဲ့အထိ ကြည်နူးရပါတယ်။ လက်ချင်းဆုပ်ကိုင်ခြင်းဟာ ချစ်သူစုံတွဲတွေမှာသာမက ဇနီးမောင်နှံတွေ ၊ မိတ်ဆွေသူငယ်ချင်း၊ မောင်နှမတွေကလည်း လက်ချင်းတွဲလျှောက်ကြပါသေးတယ်။ ချစ်သူတွေအချင်းချင်း လက်ချင်းတွဲလျှောက်တဲ့အခါ ယောကျ်ားလေးဘက်က ဘယ်လိုမျိုး လက်ကိုဆုပ်ကိုင်သလဲဆိုတာကိုကြည့်ပြီး သူ့စိတ်ကို အကဲခတ်ကြည့်ရအောင်ပါ။

 

၁။ လက်ချောင်းလေးတွေကို ခပ်ဖွဖွဆုပ်ကိုင်တာ

သူဆိုလိုချင်တာက ကိုယ်တို့နှစ်ယောက် လက်ချင်းတွဲပြီးလျှောက်နေတာကို တစ်လောကလုံးမြင်အောင် ပြလိုက်ချင်ပါတယ်တဲ့။ ချစ်ဖို့ကောင်းတဲ့ အမူအရာလေးလည်း ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ကောင်မလေးကို ပိုင်ဆိုင်ထားရလို့ အပျော်လွန်နေတဲ့သူပေါ့။

 

၂။ လက်ချင်းပွတ်တိုက်မိအောင်လုပ်တာ

ဘေးချင်းယှဉ်လျှောက်လာတုန်း လက်ချင်း ခလုတ်တိုက်မိအောင် လုပ်တာမျိုးက သူငယ်ချင်းအဆင့်လောက်မှာ ဖြစ်တတ်ပါတယ်။ ချစ်သူမဖြစ်သေးတော့ လက်ကိုကိုင်ထားလို့မရဘူးလေ။ သူ့ဘက်က တစ်ဆင့်တက်ချင်ပြီလို့ အရိပ်အကဲပြ တောင်းဆိုနေတာပါ။

 

၃။ မြဲမြဲဆုပ်ကိုင်တာ

ဒီလိုဆိုရင်တော့ မင်းကိုငါ လုံးဝပိုင်ထားတယ်။ မင်းက ငါ့အတွက်ပဲဖြစ်ရမယ်။ ငါပြောသမျှ လိုက်နာရမယ်လို့ စိတ်ထားရှိတဲ့လူပါ။ သူ့ဘက်ကလည်း ကိုယ်တစ်ယောက်တည်းကိုပဲ လုံးလုံးလျားလျား ပုံပြီးချစ်နေတာ ဖြစ်ပါတယ်။

 

၄။ လက်ချောင်းလေးတွေယှက်

တစ်ယောက်ရဲ့လက်ချောင်းတွေထဲကို နောက်တစ်ယောက်ရဲ့လက်ချောင်းတွေနဲ့ ယှက်ဖြာပြီး ကိုင်ထားတာမျိုးပေါ့။ သူ့ရဲ့လက်ဖဝါးတစ်ခုလုံး သင့်လက်ဖဝါးနဲ့ အပ်ထားတာဖြစ်သလို သင့်ရဲ့လက်ဖဝါးတစ်ခုလုံးကလည်း သူ့လက်နဲ့ထိကပ်နေတာပါ။ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့သူတွေကသာ ဒီလိုမျိုး လက်ချင်းဆုပ်ကိုင်ကြလေ့ရှိပါတယ်။

Source : Elite


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က