ကိုယ်က သူ့ကိုလွမ်းနေတုန်း မက်ဆေ့ဝင်လာပြီဆိုရင် စာပြန်ရမလား... မသိသလိုနေရမလား။
Su Yee Moe

Dream-about-an-ex.jpg 

ရည်းစားဟောင်းဆိုတာလည်း မတော်တော့တဲ့ အဝတ်တစ်ထည်လိုပဲလေ။ တစ်ချိန်တုန်းကတော့ အမြတ်တနိုးဝတ်ခဲ့တာပေါ့။ ကိုယ်နဲ့မတော်တော့တဲ့အခါ ဘယ်လောက်ကြိုက်ကြိုက် ဝတ်လို့မရတော့ဘူး။ ပြတ်သွားပြီးတဲ့နောက်မှာ ကိုယ်က သူ့ကို မမေ့နိုင်သေးပါဘူးဆိုမှ သူက မက်ဆေ့ပို့လာတဲ့အခါ ဘာလိုတုံ့ပြန်ကြမလဲ? ဝေခွဲရခက်နေရင် ဒါတွေကိုဖတ်ပြီးမှ တုံ့ပြန်ပါ။

၁။ ပုံမှန်အတိုင်း

တချို့ရည်းစားဟောင်းတွေက ချစ်လို့တော့မဖြစ်နိုင်ပေမဲ့ မိတ်ဆွေအဖြစ်နဲ့ သိမ်းထားသင့်တဲ့လူမျိုးပါ။ သူ့ဘက်ကလည်း ရိုးသားတယ်ဆို ပုံမှန်အတိုင်း မိတ်ဆွေလို ပြန်ပြောပေါ့။ သူ့အချစ်သစ်အကြောင်းတွေပြောလာရင် ကိုယ်က သဝန်တိုတဲ့အရိပ်အယောင်တွေလည်း မပြမိပါစေနဲ့။

၂။ မပြောချင်ဘူးလား

သူနဲ့ဘယ်လိုမှ မပတ်သက်ချင်တော့ဘူးဆိုလည်း ပွင့်ပွင့်လင်းလင်းသာပြောပြလိုက်ပါ။ ရိုင်းစရာတော့မလိုပါဘူး။ ခပ်ကြမ်းကြမ်းပြောရင် ကိုယ့်အလွန်ဖြစ်သွားနိုင်ပါတယ်။

text.jpg 

၃။ ခေါင်းထဲကထုတ်

ပြတ်သွားတဲ့ရည်းစားကို ပြန်ဆက်ဖို့ဆိုတာ ထင်သလောက် မလွယ်လှပါဘူး။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ချစ်ရင် ပြတ်တဲ့အထိ ဘယ်ဖြစ်ခဲ့ပါ့မလဲ။ ခေါင်းထဲကထုတ်ပြီး သူ့စာတွေကို မဖတ်ဘဲနေလိုက်ပါ။

၄။ သူ့ကိုပြန်လက်ခံမှာလား

ကိုယ့်ကိုယ့်ကိုယ် သေသေချာချာ ပြန်မေးပါ။ ပြန်ဆက်ချင်လို့ မက်ဆေ့ပို့လာတယ်ဆို ကိုယ်ကရော သူ့ကိုပြန်လက်ခံနိုင်ပါ့မလား။ သေသေချာချာ စဉ်းစားပြီးမှ ပြန်ပြောသင့်ပါတယ်။

၅။ သူ့ဖေ့စ်ဘွတ်ကိုကြည့်

ကိုယ်နဲ့ပြတ်ပြီးမှ ရုတ်တရက်ဆိုသလို ဆက်သွယ်လာတာ အံ့သြဖို့တော့ကောင်းတယ်မဟုတ်လား။ သူ့ဖေ့စ်ဘွတ်အကောင့်နဲ့ အင်စတာဂရမ်အကောင့်တွေကို တစ်ချက်လောက် ဝင်ကြည့်လိုက်ပါ။ ကိုယ်နဲ့ပြတ်ပြီးမှ ထပ်ထားတဲ့ရည်းစားနဲ့ ပြတ်သွားလို့ ကိုယ့်ဆီပြည်လှည့်လာတာမျိုး ဖြစ်နေပါဦးမယ်။

 

၆။ မသိချင်ယောင်ဆောင်နေ

အပေါ်က ပြောထားသလိုမျိုးဆို ကိုယ့်ဘက်က ဘယ်လက်ခံနိုင်ပါ့မလဲ။ သူဘာပြောပြော မသိသလိုသာနေလိုက်။ တစ်လုံးမှ စာမပြန်နဲ့တော့။

၇။ ဘလော့လိုက်

သူ့နာမည်၊ သူပြောတဲ့မက်ဆေ့တွေကို မြင်ရတာ စိတ်ပင်ပန်းတယ်ဆို ဘလော့သာ ဘလော့လိုက်ပါ။ ဖုန်းနံပတ်ကိုသာမက ဖေ့စ်ဘွတ်မှာပါ ဘလော့ထားလိုက်တာ ကောင်းပါတယ်။ သံယောဇဉ်ပြတ်သွားတာပေါ့။


က္က