ကိုယ့်ချစ်သူ/အိမ်ထောင်ဘက်အပေါ် သစ္စာမရှိဘဲ ဖောက်ပြန်ခြင်းက ယာယီအနေနဲ့သာ သာယာမှုကို ပေးနိုင်ပေမဲ့ အဆုံးသတ်ကတော့ နောင်တပဲ ကျန်ရစ်ခဲ့မှာပါ။
Su Yee Moe
 

အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကိုယ့်ချစ်သူအပေါ် ဖောက်ပြန်ကြသူတွေဟာ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ရှိနိုင်ပါတယ်။ ဖောက်ပြန်ချင်တဲ့လူက တစ်ဖက်သားကို ငဲ့ကွက်ခြင်းလည်း မရှိပါဘူး။ လူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Reddit မှာတော့ နောက်ကွယ်မှာ ခြေရှုပ်ရတဲ့အပေါ် ခံစားချက်ကို ယောက်ျားသားအချို့က ပြောပြထားတာကိုလည်း တွေ့ရပါတယ်။

" ပထမဆုံးအကြိမ်တုန်းက ကြောက်လန့်ဖို့ကောင်းတယ်။ အဲ့ဒီအပြစ်က ကျွန်တော့်စိတ်ကို ဖိစီးနှိပ်စက်နေခဲ့တာ။ သိပ်မကြာပါဘူး သီတင်းပတ်နည်းနည်းလောက်ကြာတော့ အဲ့ခံစားချက် ပျောက်သွားတာပဲ။ နောက်ဆုံးကျတော့ ခြေရှုပ်တာက ရပ်လို့မရတော့ဘူး။  လက်ထပ်ထားလို့သာ ကျွန်တော့်မိန်းမကို ဖောက်ပြန်နေရတာဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကွာရှင်းခဲ့တယ်။ ကျွန်တော် လုံးဝ မပျော်တော့ဘူးဗျာ။ ခြေရှုပ်ဖောက်ပြန်သူလည်း မဟုတ်တော့ပါဘူး "

_ Jackbowowower

 

" ကျွန်တော်က ကျွန်တော့်ချစ်သူမရှိအောင် ပွေတတ်တဲ့လူမျိုး၊ ခုလည်းပဲ ခြေရှုပ်နေတုန်းပဲ။ ကျွန်တော်တို့ကြားက ချစ်မှုရေးရာကလည်း အားလုံးအဆင်ပြေနေတာ။ အစပိုင်းတုန်းကတော့ အပြစ်ရှိတယ်လို့ ခံစားမိခဲ့သေးတယ်။ ထူးဆန်းတဲ့အချက်ကတော့ ကျွန်တော်ခြေရှုပ်ရခြင်းဟာ ကျွန်တော့်ချစ်သူနဲ့ ဘာမှလုပ်စရာမရှိတော့လို့ ခြေရှုပ်တာပဲ။ အခြားတစ်ယောက်ယောက်နဲ့ အတွေ့အကြုံကိုလည်း ရချင်တယ်လေ။ ပြီးတော့မှ ကျွန်တော့်ချစ်သူနဲ့ အတူနေတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကောင်းကောင်းရှိပြီး ချစ်ရေးချစ်ရာ ပိုသာယာတာပေါ့"

_ furrrsurre

 

" ကျွန်မကတော့ ကျွန်မယောက်ျားမသိအောင် ခြေရှုပ်ခဲ့တာ။ အမျိုးသားမိတ်ဆွေတွေနဲ့လည်း ဖောက်ပြန်တယ်။ ရည်းစားဟောင်းနဲ့လည်း ခြေရှုပ်လိုက်သေးတယ်။ ယောက်ျားဆီကရတဲ့ အထိအတွေ့ထက် တခြားယောက်ျားတွေဆီက အထိအတွေ့ကို ပိုသာယာနေမိတာ။ ကိုယ့်ကိုယ်ကိုယ်လည်း မထိန်းနိုင်တော့ဘူး။ နောက်ဆုံးတော့ ကျွန်မယောက်ျားကို ကွာရှင်းလိုက်တယ်။ သူက ကျွန်မသူ့ကို ထားခဲ့တဲ့အထိအောင် ဘာလို့ကွာရှင်းရတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိခဲ့ပါဘူး"

_khyrystyine_86

အထက်က ရင်ဖွင့်ချက်တွေကို ကြည့်လိုက်မယ်ဆိုရင် နောက်ကွယ်မှာ ခြေရှုပ်ခြင်းဟာ ကိုယ့်အတွက်တော့ ကောင်းကျိုး မဖြစ်စေတာကိုပဲ တွေ့ရမှာပါ။ ကိုယ့်ချစ်သူ/အိမ်ထောင်ဘက်အပေါ် သစ္စာမရှိဘဲ ဖောက်ပြန်ခြင်းက ယာယီအနေနဲ့သာ သာယာမှုကို ပေးနိုင်ပါတယ်။ ရေရှည်လည်း တည်တံ့ခြင်းမရှိဘဲ အားလုံးကို ဆုံးရှုံးသွားရတာပဲ အဖတ်တင် ကျန်နေရစ်ခဲ့မှာပါ။

Source : Reddit, Cosmo


Author


က္က