အနမ်းတွေဟာ တစ်မျိုးနဲ့တစ်မျိုး ကွဲပြားသလို နမ်းတဲ့ကြာချိန်ကလည်း ကွာပါတယ်။
 

ချစ်သူကိုနမ်းရခြင်းဟာ စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေပြီး သူနဲ့ကိုယ့်ကြားမှာ သံယောဇဉ်နှောင်ကြိုးတွေ ပိုမိုတိုးပွားလာစေတယ်ဆိုတာ လေ့လာမှုတွေအရ အတည်ပြုပြီးသားပါ။ ဒီ့ထက်ပိုပြီး အသေးစိတ်ကျတဲ့ လေ့လာမှုတွေကိုလည်း သိပ္ပံပညာရှင်တွေက စူးစမ်းနေကြပါတယ်။ အနမ်းတွေဟာ တစ်မျိုးနဲ့တစ်မျိုး ကွဲပြားသလို နမ်းတဲ့ကြာချိန်ကလည်း ကွာပါတယ်။


 

အမေရိကန်လေကြောင်းလိုင်းတစ်ခုကက ပြုလုပ်ခဲ့တဲ့ စစ်တမ်းအရအရဆိုရင်တော့ အနမ်းတစ်ခုရဲ့ ကြာချိန်ဟာ ၁၂ စက္ကန့်သာ ဖြစ်သင့်တယ်လို့ဆိုတယ်။ သာမန်ကာလျှံကာ နမ်းရတဲ့ အနမ်းမျိုးဆိုရင်တော့ ဒါက သိပ်ကိုကြာလွန်းတဲ့အချိန်ပါ။ အနမ်းတစ်ခုရဲ့ကြာချိန်ကို တွက်ချက်ဖို့အတွက် Virgin Atlantic လေကြောင်းလိုင်းရဲ့ဖေ့စ်ဘွတ်အကောင့်က အမျိုးသမီးတစ်ဦးနဲ့အမျိုးသားတစ်ဦးတို့ လေဆိပ်မှာ နမ်းနေကြတာကို live လွှင့်ပြီး ကြည့်ရှုသူတွေကို မေးမြန်းခဲ့ပါတယ်။ ဘယ်အချိန်မှာ အနမ်းကို အဆုံးသတ်လိုက်ရမလဲဆိုတာကို ကြည့်ရှုသူတွေက မဲပေးရာမှာ ၁၂ စက္ကန့်အနမ်းဟာ အကောင်းဆုံးဖြစ်တယ်လို့ ဖြေကြားခဲ့ကြပါတယ်။

 

အဆိုပါဗီဒီယိုဟာ ကြိမ်ရေ ၃၆,၀၀၀ ကြည့်ရှုခံခဲ့ရပြီး ဖြေကြားသူ ၆၂၈ ဦး ရှိခဲ့ပါတယ်။ ဒါဟာ သိပ္ပံနည်းကျ စမ်းသပ်လေ့လာမှုတော့ မဟုတ်ပါဘူး။ လူတွေရဲ့ စိတ်ခံစားချက်အမြင်ကို စစ်တမ်းကောက်ယူကြည့်ခြင်းသာ ဖြစ်ပါတယ်။ ဗီဒီယိုအောက်မှာ လူတွေက သူတို့ရဲ့ ခံစားချက်နဲ့ အတွေ့အကြုံတွေကို မျှဝေဖြေကြားရာမှာလည်း ၁၂ စက္ကန့်အနမ်းကို လူတွေက ထောက်ခံခဲ့ကြတာတွေ့ရပါတယ်။

Source : Cosmo


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က