အမျိုးသမီးတွေကတော့ သက်ရောက်ပုံခြင်း မတူပါဘူး။

လိင်ဖျော်ဖြေရေးဗီဒီယို (အပြာကား)တွေကို ကြည့်လေ့ရှိတဲ့ အမျိုးသားတွေဟာ အချစ်ရေးမှာ စိတ်ကျေနပ်မှု လျော့နည်းစေတယ်လို့ လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။ဒီလေ့လာမှုကိုတော့ အမေရိကန်ပြည်ထောင်စုရှိ  Indiana University နဲ့ University of Hawaii ရှိ သုတေသီတွေက လေ့လာမှုပေါင်း ၅၀ ပြုလုပ်ပြီးနောက်မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။



ဆက်စပ်ဖတ်ရှုနိုင်မည့်ဆောင်းပါး ---> ချစ်သူဆီက အမြဲတမ်းတောင်းဆိုနေရမယ့်အရာ (၅) ခု

 

နိုင်ငံပေါင်း ၁၀ ခုရှိ လူပုဂ္ဂိုလ်ပေါင်း ၅၀,၀၀၀ ကို မေးမြန်းထားတဲ့ အချက်အလက်တွေအရ အပြာကားကြည့်တဲ့ အမျိုးသားတွေဟာ အချစ်ရေးသာယာမှုလျော့နည်းသလို ချစ်မှုရေးရာကိစ္စတွေမှာလည်း စိတ်ကျေနပ်မှုနည်းပါးသွားတယ်လို့ သိရပါတယ်။ ဖြေဆိုသူတွေမှာ အမျိုးသမီးတွေရော အမျိုးသားတွေပါ ပါဝင်ခဲ့ပြီး အပြာကားကြည့်တဲ့ အမျိုးသမီးတွေကတော့ အချစ်ရေးအပေါ် စိတ်ကျေနပ်မှုနည်းသွားတာမျိုး မရှိဘူးလို့ဆိုတယ်။ အပြာကားကြည့်တဲ့ အမျိုးသားတွေဟာ လိင်ကိစ္စမှာ ကြိုးကြောင်းဆီလျော်မှုမရှိတဲ့ မျှော်လင့်ချက်တွေ ထားမိတာကြောင့် တကယ့်လက်တွေ့ဘဝမှာ စိတ်ပျက်စရာတွေနဲ့ကြုံလာရခြင်း ဖြစ်ပါတယ်။

ဆက်စပ်ဖတ်ရှုနိုင်မည့်ဆောင်းပါး ---> အကောင်းဆုံးအနမ်းက အချိန်ဘယ်လောက်ထိ ကြာသင့်သလဲ

 

 Cosmo က ဖော်ပြတဲ့ သတင်းတစ်ရပ်မှာဆိုရင် အပြာကားကြည့်တဲ့ အမျိုးသမီးတွေက အချစ်ရေးမှာ ပိုပြီးပျော်ရွှင်ကြတယ်လို့တောင် သိရပါတယ်။ လူသိများတဲ့ အပြာဝက်ဘ်ဆိုက် PornHub ရဲ့ ယခုလအစောပိုင်းမှာ ထုတ်ပြန်သွားတဲ့ အချက်အလက်အရ အမျိုးသမီးတွေဟာ အပြာကားတွေကို ဖုန်းကနေကြည့်ကြတာ ပိုများတယ်လို့ ဆိုပါတယ်။

Source : Daily Mail


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က