အိမ်ထောင်ကျပြီးသွားရင် ကိုယ့်ရဲ့ အိမ်မက်တွေကို အကောင်အထည်အဖော်နိုင်တော့တာ မဖြစ်သင့်ပါဘူး။
 

အိမ်ထောင်သည်ဘဝရောက်သွားကြတဲ့ အမျိုးသားအမျိုးသမီးတွေအနေနဲ့ လူပျို၊အပျိုဘဝတုန်းက ဘဝနဲ့ပတ်သက်ပြီး ဖြစ်ချင်တဲ့ရည်မှန်းချက်တွေ စိတ်ကူး အိမ်မက်တွေကို အကြောင်းကြောင်းကြောင့် အကောင်အထည်မဖော်နိုုင်တော့တာ များပါတယ်။

ကျွန်မအနေနဲ့လည်း လက်ထပ်တော့မယ်လို့ ဆုံုးဖြတ်ပြီးတဲ့အခါ မိဘဆရာတွေရဲ့ သွန်သင်မှုကြောင့်အိမ်မက်တွေ ပျောက်ဆုံုးမသွားအောင်ကြိုးစားခဲ့ရတာတွေရှိတယ်။

ဖေဖေက ကျွန်မကိုု ပြောတယ်။

“အိမ်ထောင်ကျသွားလို့ အိမ်ရှင်မဘဝနဲ့ရပ်တန့်သွားမှာကိုတော့မဖြစ်စေချင်ဘူး၊ သမီးဘယ်လောက်ထိ တက်လှမ်းနိုုင်မလဲ… အမြင့်ဆုံး၊ ထိပ်ဆုံးကိုု တက်ချင်သလား၊ တက်ပါ၊ အိမ်ထောင်ရေးကြောင့် မတက်နိုုင်တော့ဘူးဆိုုတာတော့ အဖြစ်မခံပါနဲ့သမီးရယ်"လို့ ဖေဖေကပြောတော့ ကျွန်မမျက်ရည်ဝဲခဲ့ ရတယ်။

ဒီလိုပဲ အသက် ၂၆ နှစ်အရွယ်မှာ သမီးချစ်သူနဲ့ လက်ထပ်တော့မယ် ဖေဖေဆိုတဲ့စိတ်ဆန္ဒကိုလည်း မပြုပါနဲ့ သမီးရယ်၊ ငယ်ပါသေးတယ်၊ မျှော်လင့်ချက်တွေ ပြည့်အောင် ကြိုးစားလိုက်ပါဦးလို့ ပြောမထွက်ရက်ဘူး ထင်ပါရဲ့။

ဆရာလူထုုစိန်ဝင်းကတော့ ကျွန်မကို ဗြောင်ပဲဖွင့်ပြောပြီး တားမြစ်ပါတယ်။

“မင်း ငယ်ပါသေးတယ်ကွာ၊ မင်းက တစ်စုံုတစ်ယောက်ဖြစ်လာနိုင်တဲ့ မိန်းကလေးပဲ။ ဘာဖြစ်လိုု့အိမ်ထောင်ပြုတော့မှာလဲ၊ အိမ်ထောင်ပြုတယ်ဆိုုတာ ဘယ်အရွယ်ဖြစ်ဖြစ် ပြုလိုု့ရပါတယ်၊ နောက်ကျတယ်လို့ မရှိဘူးကွ၊ အိမ်ထောင်ပြုပြီးသွားရင် ဂုုဏ်ထူးဆောင် အိမ်ရှင်မဖြစ်အောင် ကြိုးစားနေရလို့ ဘဝအတွက် ကိုယ့်အိမ်မက်တွေကို အကောင်အထည်မဖော်နိုုင်ကြတော့ဘူး၊ မင်းကို ဆရာ နှမြောတယ်"လို့ ဆိုပါတယ်။

 

အခုချိန်မှာ ပြန်တွေးကြည့်ရင်တော့ဆရာတို့ ဖေဖေတို့ ပြောခဲံ တာ သိပ်မှန်တာပဲလို့သာ ဆိုချင်တော့တယ်။ အပျို၊ လူပျို ဘဝနဲ့ဘဝအတွက် ကြိုးစားအားထုုတ်ရတာနဲ့အိမ်ထောင်သည်ဘဝမှာ ကိုုယ့်ဘဝအတွက် ကြိုးစားရတာပိုပြီး ပင်ပန်းဆင်းရဲပါတယ်။

မိဘတွေကလည်း ကြိုးစားနေတဲ့ သားသမီးမို့ နောက်ကနေပံ့ပိုးပေးဖို့ အဆင်သင့်၊ စားစရာ အဆင်သင့်၊ ဝတ်စရာ မီးပူတိုုက်ပြီးသား၊ လက်ကိုင်အိတ်ကအစ ဒေါက်ဖိနပ်အဆုံး အားလုံးဟာ အဆင်သင့်ဆိုတဲ့ အခြေအနေပါ။

အိမ်ထောင်သည်ဘဝရောက်တဲ့အခါမှာတော့ စာဖတ်ချိန်၊စာရေးချိန်၊ စာရေးဖိုု့ လေ့လာအားထုုတ်ချိန် ဆိုုတာတွေက ထမင်းဟင်းဖြစ်လာဖိုု့မီးဖိုုချောင်၊ အဝတ်လျှော်၊ မီးပူတိုက်ဖို့ အချိန်တွေ ဖြစ်လာခဲ့ရတယ်။

အိမ်အလုုပ်တွေပြီးလိုု့ကိုုယ်က ညဘက် စာဖတ်ချင်တဲ့အခါ ကိုုယ့်ဘေးနားမှာ အိပ်ပျော်နေနဲ့သူနိုးသွားမှာစိုးလို့ စာဖတ်ချင်စိတ်ကို မြိုသိပ်ပြီး တိတ်တိတ်ကလေး အမှောင်ကြီးထဲမှာ မျက်စိမှိတ်ထားပြီး အိပ်ပျော်အောင် ဇွတ်ကြိုးစားရတဲ့ ညတွေ အများကြီးပါ။

ဒါ့အပြင် စာရေးလို့ ကောင်းနေချိန်မှာ သူက ညစာ စားစို့လို့ လာပြောရင် အမေ့အိမ်တုန်းကလို အမေသမီးမဆာသေးဘူး၊ စာရေးပြီးမှ စားမယ်လို့ မပြောနိုုင်တော့ပြန်ဘူး။ ရေးလက်စ စာကိုချပြီး ထမင်းဝိုုင်းပြင်ရတယ်၊ ထမင်းစားပြီးချိန်မှာ မိသားစုုအတွက် အချိန်ပေးတော့ ကိုယ့်ခေါင်းထဲက စာလုံးတွေက အငွေ့ပျံပြီး ပျောက်သွားရော။

ဒါပေမဲ့ အရည်အချင်းရှိပြီး ထက်မြက်တဲ့ မိန်းမတစ်ယောက်အနေနဲ့ အဝတ်လျှော်၊ ထမင်းဟင်းချက်၊သားသမီးတွေ ကျူရှင်ပို့ကြိုဆိုတဲ့အလုပ်တွေအတွက် အချိန်ပေးရတာ မတန်ဘူးလို့ ယူဆမိတယ်။အဲဒီအလုုပ်တွေအတွက် ကိုယ့်က အခြားတစ်ဦးကိုု အခပေးပြီး ငှားရမ်းလို့ ရတယ်လေ။

ဒီလိုု အလုုပ်တွေထဲမှာ ကိုုယ့်ရဲ့အဖိုုးတန်တဲ့အချိန်၊ အဖိုုးတန်တဲ့ အရည်အသွေး၊ စွမ်းရည်တွေ နစ်မြုပ်သွားရတာဟာ အဲဒီအမျိုးသမီးရဲ့ မိသားစုတိုးတက်ဖွံ့ဖြိုးရေးမှာလည်း ထိခိုုက်စေတယ်။ ဒါ့အပြင် လူ့အဖွဲ့အစည်းအတွက်ရော နိုင်ငံအတွက်လည်း နစ်နာစေပါတယ်။

ဒါကြောင့် ပင်ကို ထူးချွန်ထက်မြက်တဲ့ သူတွေကကိုုယ့်ရဲ့ ရည်မှန်းချက်တွေ ပျောက်မသွားဖိုု့၊ ကိုုယ်ပိုုင်ဘဝလေး ပျောက်မသွားဖိုုက အရင်ကထက် ပိုပြီး နှစ်ဆ သုံးဆ ကြိုးစားကြရပါတယ်။ အိမ်ထောင့် တာဝန်တွေကြားက၊ သားသမီးတွေကို မွေးမြူစောင့်ရှောက်ပေးနေရတာတွေကြားက ကြိုးစားကြရတာပါပဲ။

တကယ်တော့ ဘဝဆိုုတာ ကုုန်းတက်ကိုု စက်ဘီးစီးပြီး တက်နေတဲ့သူနဲ့တူတယ်လို့ ဆရာက ပြောခဲ့ဖူးတယ်။ ကိုယ်က စက်ဘီးကို မှန်မှန်နင်းပြီးတက်နေသရွေ့၊ ရှေ့ကို တက်နေမှာပါပဲ၊ စက်ဘီးကိုု အနင်းရပ်လိုုက်တာနဲ့ နောက်ကိုု ပြန်ပြီး လှျှောချသွားပါတယ်။ ဒါကြောင့် နေရာမှာ ရပ်နေလို့ မရဘူး၊ ဆက်တက်ဖို့ ကြိုးစားနေရမယ်၊ အမြဲတမ်း နင်းနေရမှာ ဒါမှ တက်သွားမှာ၊ တက်ရင်တက် မတက်ရင် ကျမယ့် ဘဝတွေလို့ ဆရာက ဆိုခဲ့ ဖူးတယ်။

ဒါကြောင့်အိမ်ထောင်သည်ဘဝရောက်နေပေမဲ့လည်း အလုုပ်တွေ ဆက်လုုပ်နေရမယ်၊ အိမ်မက်တွေ ဆက်မက်နေရမယ်၊ ဘဝရဲ့ တိုုးတက်မှု လမ်းကိုုလည်း ဆက်ရှာနေရမယ်လိုု့ ကျွန်မ နားလည်မိခဲ့တယ်။ အဲဒီလိုုနဲ့ ပညာလည်း ရှာတယ်၊ ပိုုက်ဆံလည်း ရှာတယ်၊ ဘဝတိုုးတက်မှု လမ်းတွေကိုုလည်း ရှာဖွေပြီး ဆက်တိုုက်ကြိုးစားလာခဲ့တယ်။

၁၀နှစ်ကျော်လောက် ဆက်တိုုက်ကြိုးစားလာခဲ့ပြီးတဲ့ အခါမှာတော့ သူများဝန်ထမ်းဘဝကနေ ကိုုယ်ပိုုင်လုုပ်ငန်းတစ်ခုုကိုု ထူထောင်လာနိုုင်ခဲ့တယ်။ တစ်ဖက်ကလည်း ကိုုယ်ဝါသနာပါတဲ့ စာရေးခြင်းအလုုပ်နဲ့စာပေလုုပ်ငန်းစုုလေးတစ်စုုကိုုလည်း ထူထောင်ခဲ့တယ်။ အိမ်ထောင်ရေးကိုုလည်း သာယာပျော်ရွှင်အောင် တည်ဆောက်နိုုင်ခဲ့တယ်။

အဲဒီလုုပ်နိုုင်ဖိုု့အတွက် ကျွန်မ ခင်ပွန်းက နားလည်ပေးခဲ့တယ်။ သူရဲ့ နားလည်မှုနဲ့ ကူညီပံ့ပိုုးမှုသာ မရခဲ့ဖူးဆိုုရင် ကျွန်မရဲ့အိမ်မက်တွေဟာ ဝေးကွာနေရဦးမှာပါပဲ။

အိမ်ရှင်မတစ်ယောက် ဒီလိုု ကြိုးစားနိုုင်ဖိုု့အတွက် ခင်ပွန်းဖြစ်သူရဲ့ စိတ်သဘောထား ကြီးမြင့်မှုနဲ့အမြင်ကျယ်မှုကလည်း အရေးကြီးလှတယ်။ သဘောထားကျဉ်းမြောင်းပြီး မိန်းမကိုု ကိုုယ်ပိုုင်ပစ္စည်းတစ်ခုုလိုုသာ သတ်မှတ်ချင်တတ်တဲ့အမျိုးသားတွေကတော့ ကိုုယ့်မိန်းမက အပြင်အလုုပ်လုုပ်ပြီး အမြင်ကျယ်နေမှာ၊ အများအတွက် အကျိုးရှိနေတဲ့သူ ဆိုုတဲ့ ခံစားချက်မျိုးနဲ့ ကိုုယ့်ဘဝကိုုယ် တန်ဖိုုးထားနေမှာမျိုးကိုု မလိုုလားကြပါဘူး။

“ကိုုယ်ရှာကျွေးနေတာပဲ မင်းငတ်နေလိုု့လား၊ အပြင်ထွက်ပြီး အလေလိုုက်ချင်နေသလား၊ လင်ငယ်နေချင်လိုု့လား “ ဆိုုတဲ့ စကားတစ်ခွန်းနဲ့ မိန်းမရဲ့ ကိုုယ်ပိုုင်အိမ်မက်တွေကိုု လွှင့်ပစ်ခိုုင်းလိုုက်ကြတယ်။

လင့်လုုပ်စာ ထိုုင်စားနေရင်း လင်ငယ်နေတဲ့သူလည်း ရှိတာပဲလေ။ယောင်္ကျားမိုု့၊ မိန်းမမိုု့ ဖောက်ပြန်တယ် ဆိုုတာထက် ကိုုယ်ကျင့်တရားမကောင်းတဲ့သူက မကောင်းတဲ့ အတိုုင်းပြုမူကြတာပါ။ တစ်ဦးချင်းတစ်ယောက်ချင်းနဲ့သာ သက်ဆိုုင်တဲ့ ကိစ္စ လိုု့ကျွန်မကတော့သုံုးသပ်ချင်ပါတယ်။

ကိုုယ့်အိမ်ထောင်ဘက် အမျိုးသမီးမှာ ရည်မှန်းချက်ထားတာ ရှိတယ်ဆိုုရင် အဲဒီအိမ်မက်ကိုု အကောင်အထည်ဖော်နိုုင်အောင် နားလည်ပေးပြီး စိတ်သဘောထားမြင့်မြင့်ထားပြီး အမြင်ကျယ်ကျယ်နဲ့ကူညီအားပေးသင့်ပါတယ်။ အဲလိုုမှ မဟုုတ်ဘဲနဲ့ ကိုုယ့်ထက်သာသွားမလား ဆိုုတဲ့မနာလိုုစိတ်နဲ့ အကျဉ်းချထားတယ်ဆိုုရင်တော့ အိမ်ထောင်ရေးဆိုုတာ အကျဉ်းထောင် တစ်မျိုးပဲ ဖြစ်နေဦးမှာပါပဲ။

အမျိုးသမီးမှာ ဝင်ငွေရှိနေတယ်ဆိုုရင် ကိုုယ်တစ်ယောက်တည်း ဝင်ငွေကိုု မှီခိုုနေရတာ မဟုုတ်တဲ့အတွက် ပိုုလိုု့တောင် ကောင်းပါသေးတယ်။ သူ့ဝင်ငွေဟာ မိသားစုရဲ့ကျန်းမာရေးနဲ့ပညာရေးအတွက် အထောက်အပံ့ဖြစ်စေနိုုင်တယ်လေ။ အလုုပ်လုုပ်နေတဲ့ သူ့မှာ ဗဟုုသုုတနဲ့ လောက အမြင်လည်း ပိုုပြိး ကျယ်ပြန့်လာတဲ့အတွက် အိမ်တွင်း စီမံခန့်ခွဲမှုတွေ သားသမီးတွေရဲ့ပညာရေး၊ မိသားစုု ကျန်းမာရေးအတွက်လည်း ခေတ်မီတဲ့အမြင်ရှိတဲ့အခါ အထောက်အပံ့ဖြစ်စေတယ်လေ။

အမျိုးသမီးတွေအနေနဲ့လည်း ကိုုယ့်အိမ်ထောင်ဘက်မှာ ရည်မှန်းချက်ရှိတယ်ဆိုုရင် သူ့အချိန်တွေကိုု စားဝတ်နေရေးအတွက်ပဲကုုန်ဆုံုးစေတာမျိုး မဖြစ်အောင် ကိုုယ့်ဘက်ကလည်း ကူညီပေးသင့်ပါတယ်။

ကိုုယ့်ရဲ့အိမ်မက်တွေကိုုလည်းအကောင်အထည်ဖော်နိုုင်လာခဲ့တယ်ဆိုုရင်တော့ကိုုယ့်ရဲ့ဘဝခရီးဖော်ရဲ့ ကျေးဇူးကိုု အသိအမှတ်ပြုပါ၊ သူ့အတွက်လည်း ကိုုယ်က အကောင်းဆုံုး ခရီးဖော်ဖြစ်စေဖိုု့တာဝန်ရှိတယ်ဆိုုတာကိုုလည်း နားလည်ပါနော်။

ဒီလို အပြန်အလှန်တင်ရတဲ့ကျေးဇူးတွေကြောင့် တစ်ယောက်ကိုုတစ်ယောက် နားလည်ပြီး ဖြည့်ဆည်းကြတဲ့ အိမ်ထောင်ရေးဟာလည်း ပြည့်စုံုပြီး သာယာပျော်ရွှင်ဖွယ်ကောင်းပါတယ်။

Source : MMK



က္က