ပွေ့ဖက်တယ်ဆိုတာက လူပေါ်လည်းမူတည်သေးသကိုး။ ဖက်ချင်တဲ့လူနဲ့မှ ဖက်မှာပေါ့။
Su Yee Moe

မတွေ့တာကြာတဲ့ သူငယ်ချင်း၊ အပေါင်းအသင်းတွေကို တွေ့လိုက်ရတဲ့အခါ အားပါးတရ ဖက်ပြီးတော့ကို နှုတ်ဆက်ချင်မိတယ်။ ပွေ့ဖက်နှုတ်ဆက်တာက ပိုပြီးရင်းနှီးတယ်လို့လည်း ခံစားရတယ်။ လူတိုင်းကိုတော့ ပွေ့ဖက်နှုတ်ဆက်လို့ မရဘူးပေါ့။ အဲ့ဒီအခါ တခြားသော ကိုယ်ဟန်အမူအယာတွေကိုသုံးရတယ်။ ပွေ့ဖက်နှုတ်ဆက်သလိုမျိုး ရင်းနှီးတဲ့အမူအရာတွေက....

 

၁။ လက်ဆွဲနှုတ်ဆက်

ကိုယ်က ပွေ့ဖက်နှုတ်ဆက်တာကိုမကြိုက်တဲ့လူဆိုရင် သူတို့အနားရောက်လာတာနဲ့ လက်ကိုဆန့်ထုတ်လိုက်ပါ။ လက်ကိုဆန့်ထုတ်လိုက်ခြင်းအားဖြင့် သူလည်းကိုယ့်အနားကို ထပ်ပြီးကပ်လာလို့မရတော့ဘူး။ လက်ဆွဲနှုတ်ဆက်ရုံအပြင် ဘာမှမလုပ်သင့်တော့ဘူးလို့လည်း သဘောပေါက်သွားပါလိမ့်မယ်။

 

၂။ လက်ကလေးမြှောက်ပါ

နှစ်ယောက်လုံး မနီးကပ်သေးဘူး။ ကိုယ်ကလည်းသူ့ကိုမြင်တယ်၊ သူကလည်း ကိုယ့်ဆီနှုတ်ဆက်ဖို့ လာနေပြီ။ လက်ကလေးတစ်ဖက်ကိုမြှောက်ပြီး ဝှေ့ယမ်းပြလိုက်ပါ။ ဆိုလိုတာကတော့ လက်ဆွဲနှုတ်ဆက်ဖို့၊ ပွေ့ဖက်ဖို့ မလိုဘဲ ကိုယ်ဟန်အမူအယာနဲ့ နှုတ်ဆက်ပြီးပြီလို့ ပြောတာဖြစ်ပါတယ်။

 

၃။ ယဉ်ကျေးတဲ့စကား

လမ်းခွဲခါနီး နှုတ်ဆက်ချိန်မှာလည်း ပွေ့ဖက်နှုတ်ဆက်တတ်ကြတယ်။ ဒိလိုအချိန်တွေမှာ ပွေ့ဖက်ခြင်းကို ရှောင်ကြဉ်ဖို့အတွက် စကားလုံးလှလှတွေကို သုံးရမယ်။ ကိုယ့်စိတ်ကိုက ပွေ့ဖက်နှုတ်ဆက်ရမှာကို မရဲတဲ့ အနေအထားမျိုးမှာ ခံစားချက်တွေကို စကားလုံးအဖြစ်ပြောင်းလိုက်ရုံသာ ရှိတော့တယ်။

Source : Hack


Author


က္က