သူတို့ချတဲ့ဆုံးဖြတ်ချက်အများစုဟာ ဆုံးဖြတ်ချက်ဆိုးတွေ ဖြစ်တတ်ပါတယ်။
Thurein Tun
 

တချို့လူတွေက ဆုံးဖြတ်ချက်ချရမှာ ကြောက်ပါတယ်။ တချို့လူတွေကတော့ ဆုံးဖြတ်ချက်ချဖို့ ဆိုရင် သူများကိုပဲ အားကိုးတတ်ပါတယ်။ အများအတိုင်း လိုက်လုပ်တတ်ပါတယ်။ တချို့ကတော့ ဆုံးဖြတ်ချက်တွေ ချကြပါတယ်။ ဒါပေမယ့်လည်း သူတို့ချတဲ့ဆုံးဖြတ်ချက်အများစုဟာ ဆုံးဖြတ်ချက်ဆိုးတွေ ဖြစ်တတ်ပါတယ်။  ဆုံးဖြတ်ချက်ဆိုးတွေ ချမိတတ်တဲ့လူတွေမှာ ဒီလိုအကျင့်ဆိုးတွေ ရှိတတ်ပါတယ်။

၁ - တအားခက်ခဲတယ်

အပန်းမကြီးတဲ့ ဆုံးဖြတ်ချက်လေးတစ်ခုလုပ်ဖို့ကိုတောင် အချိန်တွေကုန်ပြီး ပင်ပန်းလွန်းနေသူပါ။  ဆုံးဖြတ်ချက်ချဖို့ ဝန်လေးနေရာကနေ ဆုံးဖြတ်ချက်ဆိုးတွေကို ချသူဖြစ်သွားတတ်ပါတယ်။ အချိန်ရတယ်ဆိုရင် ကိုယ်တကယ်လိုချင်တာကို သေချာ အပြန်အလှန်စဉ်းစားသင့်ပါတယ်။  ကြုံသလိုဆုံးဖြတ်တာတွေ၊ အချက်အလက် စုံစုံလင်လင်မရဘဲ ဆုံးဖြတ်တာတွေဟာ ဆုံးဖြတ်ချက်ကောင်း မရစေပါဘူး။ ထောင့်ပေါင်းစုံက စဉ်းစားပြီးမှ အကောင်းဆုံးလို့ ထင်တာကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး --- တီထွင်ဖန်တီးနိုင်စွမ်းကိုမြင့်မားစေတဲ့ အလေ့အထများ )

 

၂ - အများနောက်လိုက်တယ်

ကိုယ်ပိုင်မဆုံးဖြတ်ဘဲ လူအများဆုံးဖြတ်တဲ့နောက်ပဲ လိုက်နေတာဖြစ်ပါတယ်။ ဒီလိုအများနောက်ပဲ လိုက်နေတာဟာ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်သွားနိုင်ပါတယ်။ အကြောင်းအရင်းက နောက်ခံအခြေအနေခြင်း မတူလို့ ဖြစ်ပါတယ်။ ဒါ့အပြင် အများနောက်လိုက်နေရာကနေ အချိန်ကြာလာတဲ့အခါ ကိုယ်ပိုင်တွေးခေါ်မှု ပျောက်ပြီး ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း လုံးဝမရှိတော့သလို ဖြစ်သွားတတ်ပါတယ်။ အများနောက်လိုက်ပြီး ဆုံးဖြတ်မယ်ဆိုရင်တောင်မှ လိုက်သင့်မလိုက်သင့်ကို အရင်ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

၃ - လက်လျှော့တတ်တယ်

ရည်မှန်းချက်တွေကို အလွယ်တကူ လက်လျှော့တတ်သူဆိုရင်လည်း ဒီလိုလက်လျှော့တတ်တဲ့အကျင့်က ဆုံးဖြတ်ချက်အပေါ် လွှမ်းမိုးနိုင်ပါတယ်။ မအောင်မြင်မှာကို ကြောက်စိတ်နဲ့ သင်က ဆုံးဖြတ်ချက် ချနေတာကြောင့်ပါ။ ဆုံးဖြတ်ချက်ချတဲ့အခါ ခိုင်မာတဲ့ စိတ်ဓာတ်ရှိဖို့ကလည်း အရေးကြီးပါတယ်။ တကယ်ဖြစ်မြောက်အောင်လုပ်မယ်ဆိုတဲ့ စိတ်ရှိမှ ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေရမှာ ဖြစ်ပါတယ်။

 

၄ - အတိတ်ရဲ့ လွှမ်းမိုးမှု

ယခင်ကအတွေ့အကြုံတွေကို အခြေခံပြီး စဉ်းစားဆုံးဖြတ်ရမှာကတော့ အမှန်ပါပဲ။ ဒါပေမယ့် အတိတ်အကြောင်းပြန်စဉ်းစားပြီး သင်ခန်းစာမယူဘဲ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေ မချမိဖို့လည်း အရေးကြီးပါတယ်။ အတိတ်မှာဖြစ်ခဲ့တာတွေကို အပြစ်တင်ပြီး ပူပန်ကြောင့်ကြစိတ်တွေနဲ့လည်း ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေ ချမိတာ ဖြစ်ပါတယ်။

Photos & Source: Lifehack


Author


က္က