ဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေကတော့ အများအားဖြင့် ဒီအချက်တွေပဲ ဖြစ်ပါတယ်။
Thurein Tun
 

နှစ်ဦးသားဆက်ဆံရေးမှာ မနာလိုဖြစ်ရတဲ့ အကြောင်းအရင်း အခြေခံအများစုဟာ တူညီပါတယ်။ နိုင်ငံ၊ လူမျိုး၊ အခြေအနေ နောက်ခံ ခြားနားခြင် ခြားနားပါမယ်။ ဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေကတော့ အများအားဖြင့် ဒီအချက်တွေပဲ ဖြစ်ပါတယ်။

၁ - မလုံခြုံမှု

မလုံခြုံဘူးဆိုတဲ့ ခံစားချက်ဟာ ပေါ်ချင်တဲ့အချိန်မှာ ပေါ်လာတာမျိုး မဟုတ်ပါဘူး။ ဖြည်းဖြည်းချင်းတည်ဆောက်ကြီးထွားလာတာပါ။ ဥပမာ - သင့်ရဲ့ အရေးပါတဲ့လူက အခြားတစ်ယောက်ကို လူအများရှေ့ စကားပြောဆိုနေတာမျိုးတွေ့ရင် မလုံခြုံဘူးဆိုတဲ့ ခံစားချက်က ဖြစ်ပေါ်လာပါတယ်။ ဒါပေမယ့် ထုတ်မပြသေးပါဘူး။ တဖြည်းဖြည်းကြီးထွားလာပြီး သင့်ကိုယ်သင်မကျေမနပ် စဖြစ်လာပါတယ်။ နှိုင်းယှဉ်မှုတွေလုပ်လာပြီး သင့်ရဲ့လူနဲ့ သင်ဟာ ထိုက်တန်သူမဟုတ်ဘူးဆိုတာမျိုးတွေဖြစ်လာပါတယ်။ ပြဿနာက ဒီအချိန်ကြမှ ကြီးထွားလာတာပါ။ ဒါပေမယ့် မလုံခြုံဘူးဆိုတဲ့ ခံစားချက်က ဒီအချိန်မှာ တရားခံမဟုတ်တော့ဘဲ အခြားခံစားချက်တွေက ထင်ပေါ်နေတတ်ပါတယ်။

 

၂ - ကြောက်စိတ်

ကြောက်စိတ်ကြောင့် ဖြစ်ပါတယ်။ သင့်ကိုထားသွားမှာ ၊ သင့်ထက်မြင့်မားတဲ့အခြားတစ်ယောက်နဲ့ နှိုင်းယှဉ်ခံရမှာ၊ အထင်သေးသွားမှာ စတာတွေကို ကြောက်တာ ဖြစ်ပါတယ်။ ဒီလိုကြောက်စိတ်က လာတာဆိုရင်တော့ ပိုဆိုးပါတယ်။ လူအများရှေ့မှာ သင့်မနာလိုမှုကို ပြသမိတတ်တာကြောင့်ပါ။ နှစ်ဦးသားကြားမှာ မလိုအပ်ဘဲ ပြသနာတွေ ဖန်တီးတတ်ပါတယ်။ အများရှေ့မှာ ကိုယ်မနာလိုမှုကို ပြသလိုက်မှ ကျေနပ်တာဟာ ဆိုးဝါးတဲ့အခြေအနေတစ်ခု ဖြစ်ပါတယ်။

 

၃ - သံသယ

သံသယတွေကနေလည်း ပေါ်ထွက်လာတတ်ပါတယ်။ သံသယတွေရှိနေတာကြောင့် သေချာရေရာမှုကို လိုချင်ပါတယ်။ သင့်ကို ဂရုစိုက်တာမျိုး လိုချင်ပါတယ်။ မရရှိဘူးဆိုရင်တော့ ပြသနာကို မီးမွှေးဖို့ မနာလိုမှုနဲ့ အခြား ခံစားချက်တွေကပါ သံသယကိုလောင်စာထည့်ပေးပါတော့တယ်။ မနာလိုမှုနဲ့ သံသယကို ပေါင်းစပ်သွားမယ့် ဘယ်လိုအခြေအနေမျိုးကိုမှ သင့်ဆီမှာ မွေးမထားသင့်ပါဘူး။

Photos & Source: Lifehack


Author


က္က