Su Yee Moe

ခုမှကလေးစတင်မွေးထားတဲ့မိခင်များအနေနဲ့ ကလေးမွေးမွေးပြီးချင်းမှာ စိတ်ပင်ပန်းဖိစီးမှု့ကိုအားလုံးလိုလိုခံစားရတတ်ပါတယ်နော် . ရိုးရိုးမွေးထားတာပဲဖြစ်ဖြစ် ခွဲမွေးထားတာပဲဖြစ်ဖြစ် အနည်းနဲ့အများတော့ စိတ်ခံစားမှု့အတက်အကျကို လိုက်ပြီး မေမေတို့အနေနဲ့ကြိုးစားနေထိုင်ရမှာပါ ။

 

မိခင်ဘဝအစမှာအရေးကြီးဆုံး ကြုံတွေ့ရတဲ့အချက်ကတော့ အိပ်ရေးပျက်ခြင်းပါ ။ ကလေးရဲ့ အိပ်ချိန်၊ နိုးချိန်အတိုင်း မေမေများရဲ့လုပ်ငန်းဆောင်တာတွေကို ပြောင်းလဲဆောင်ရွက်နေရပါတယ် ။

ဒါကြောင့် ကလေးအိပ်တဲ့အချိန်မှာ မေမေများအနေနဲ့ တီဗီကြည့်နေတာ၊ ဖုန်းသုံးနေတာကို ရပ်တန့်ပြီး ကလေးအိပ်ချိန်အတိုင်း လိုက်ပြီးအနားယူတတ်အောင်ကြိုးစားရပါမယ် ။

အနားယူတယ်ဆိုတဲ့နေရာမှာ ကိုယ်နဲ့ကိုက်ညီတဲ့ ကိုယ်ပျော်ရွှင်စေမယ့်နည်းလမ်းများနဲ့ အကောင်းဆုံးအနားယူကြည့်ပါ ။ ဒီလိုအချိန်မှာ ကလေးမွေးထားတဲ့ မေမေများကကလေးအတွက်ပဲအပြည့်အဝအာရုံစိုက်ပြီး ကိုယ်မလုပ်ရင်မဖြစ်တဲ့အလုပ်မျိုးသာရွေးလုပ်ပြီး တခြားလူလုပ်လို့ရမယ့်အရာမှန်တာအားလုံး တခြားလူကိုပဲ ပေးလုပ်လိုက်ပါ ။ ကလေးကိုယုံကြည်စိတ်ချရတဲ့ မိသားစုဝင်များကကြည့်ရှု့ထိန်းပေးခြင်းအကူအညီကိုလက်ခံလိုက်ပါ ။ ကလေးလေးအတွက် အလုပ်တွေအများကြီးနောက်ထပ်လုပ်နိုင်ဖို့ မေမေကိုယ်တိုင်ကနေ့စဉ် အချိန်ခဏလေးလောက်တော့ ပုံမှန်အနားယူပေးဖို့ လိုအပ်ပါတယ် ။ တခါတရံ ခဏလေးအနားယူလိုက်တာလဲ များစွာသောအားအင်သစ်တွေကို ပိုင်ဆိုင်စေနိုင်ပါတယ် ။  ကလေးကိုထားတဲ့အိပ်ရာ . နေရာထိုင်ခင်းကိုလဲ ကိုယ့်နဲ့အနီးဆုံးမှာထားပြီး ကလေးကိုကိုယ့်အိပ်တဲ့အနီးအနားမှာပဲ အိပ်စက်စေခြင်းဟာလဲ ညရေးညတာ ကလေးနို့တိုက်တာပဲဖြစ်ဖြစ် ငိုလို့ထချီတာမျိုးပဲဖြစ်စေ ပိုပြီးလွယ်ကူသွားစေပါလိမ့်မယ်နော် ။ ကလေးမွေးပြီးကာခါအချိန်တွေမှာ မေမေများက ကလေးအလုပ်ကော တခြားအလုပ်ကိစ္စများအတွက်ပါ စိတ်ပင်ပန်းနေစေမှာအသေအချာပဲဖြစ်ပေမယ့် ဒါကအခိုက်အတန့်ကာလတစ်ခုပါ ။ သိပ်မကြာတဲ့ကာလလေးတစ်ခုပါ ။ ကလေးတွေက အရွယ်ရောက်တာသိပ်မြန်တဲ့အတွက်ဒီလိုကာလလေးတစ်ခုကို ကျော်လွှားပြီးတာနဲ့ ကလေးလေးနဲ့အတူတူမေမေက အဆင်ပြေပြေနဲ့ စိတ်ချမ်းသာစွာအိပ်စက်နိုင်တဲ့ ညတွေကို အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော် ။

 


Author


က္က