အမျိုးသမီးတစ်ယောက်အတွက် လက်ထပ်ပြီးတဲ့အခါ အိမ်မှာပဲ မနေချင်တဲ့ အဓိကအကြောင်းအရင်းတွေ ရှိပါတယ်။
Thurein Tun
 

အိမ်ထောင်ပြုပြီးတဲ့အခါ အိမ်မှာပဲ နေဖို့ စဉ်းစားနေလား၊ ကလေးတွေ နည်းနည်းလက်လွတ်ရနေပြီဆိုတော့ လုပ်ငန်းတစ်ခုခု လုပ်ဖို့ စဉ်းစားနေလား၊ ဒီအတိုင်း အိမ်မှာပဲ ထိုင်နေရတာကို ငြီးငွေ့နေပြီလား။ ယခုခေတ်မှာတော့ အမျိုးသမီးတွေဟာ အိမ်ထောင်ပြုပြီးတဲ့အခါမှာတောင် ကုမ္ပဏီလုပ်ငန်းတွေကို ဦးဆောင်သူတွေဖြစ်နေကြပါပြီ။ သူတို့ အားသန်ရာ နယ်ပယ်တွေမှာ ဦးဆောင်သူတွေ ဖြစ်နေကြပါပြီ။အမျိုးသမီးတစ်ယောက်အတွက် လက်ထပ်ပြီးတဲ့အခါ အိမ်မှာပဲ မနေချင်တဲ့ အဓိကအကြောင်းအရင်းတွေ ရှိပါတယ်။

၁ - ကိုယ့်ပုံစံနဲ့ မကိုက်တာ

မပျော်တာ ဖြစ်ပါတယ်။ အိမ်မှာနေပြီး အိမ်အလုပ်တွေတစ်နေကုန်လုပ်အချိန်ဖြုန်းရတဲ့ ပုံစံမျိုးက သင်နဲ့ မကိုက်ညီတာ ဖြစ်ပါတယ်။ သင်က ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်သူ၊ ရုံးတို့ ကုမ္ပဏီတို့မှာပဲ စာရင်းဇယားတွေနဲ့ ကုန်ဆုံးချင်သူ ဖြစ်နေတာပါ။ ဒီတော့ အိမ်အလုပ်ဆိုတာတွေက ငြီးငွေ့စရာ ဖြစ်နေတာပါ။ ဒါကြောင့် အိမ်ထောင်ပြုတဲ့အခါ အလုပ်ထွက်ပြီး အိမ်မှာပဲ နေတော့မယ်ဆိုတဲ့ အတွေးမျိုးရှိရင် သေချာစဉ်းစားပါ။

 

၂ - ငွေကြေးပြသနာ

ငွေကြေးအရ ခင်ပွန်းပေါ်အမြဲ မှီခိုနေရတဲ့ အခြေအနေကို မနှစ်သက်တာ ဖြစ်ပါတယ်။ အိမ်ထောင်ရေးတစ်ခုမှာ ငွေကြေးဟာ အဓိက မကျဘူးလို့ ပြောလို့မရပါဘူး။ အိမ်ထောင်ရေးမှာ သြဇာအာဏာဟာ အဓိက ငွေရှာနေသူမှာပဲ ရှိတာမျိုး ဖြစ်သွားတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်ရင် ခင်ပွန်းပေါ်မီခို လက်ဖြန့်တောင်းရတာဟာ ကြာတော့ စိတ်ပျက်စရာ ဖြစ်လာပါတယ်။

၃ - အလုပ်

သင့်ဝါသနာကို မစွန့်လွှတ်နိုင်တာ ဖြစ်ပါတယ်။ ဒီဝါသနာနဲ့ လုပ်ငန်းပေါ် ထက်သန်မှုရှိတာ ဖြစ်ပါတယ်။ ဥပမာ - သင်က ဖက်ရှင်လုပ်ငန်းကို စိတ်ဝင်စားမှု ပြင်းပြတာကြောင့် အိမ်ထောင်ပြုသားမွေးပြုလုပ်ပေမယ့်လည်း ဒီလုပ်ငန်းကို စွန့်ခွာဖို့ဆိုတာ ဘယ်လိုမှ စဉ်းစားလို့မရတဲ့ ကိစ္စ ဖြစ်နေတာပါ။

 

၄ - ကလေးတွေကြီးကုန်တာ

ကလေးတွေ ကြီးကုန်ကြတာ ဖြစ်ပါတယ်။ ယခင်က သင့်ကို လိုအပ်သလောက် အခု သူတို့က မလိုတော့ပါဘူး။ ဒီတော့လည်း သင့်မှာ အိမ်မှာပဲ အမြဲရှိနေရတာကို ပျင်းလာပါတယ်။ အိမ်မှာအမြဲနေရတဲ့ သင့်ရဲ့ အခြေအနေကို ပြန်စဉ်းစားမိနေပါတယ်။ တချို့အမေတွေကတော့ ကလေးတွေ ကြီးလာတာနဲ့ အိမ်မှာအမြဲနေတာကို စွန့်လွှတ်လိုက်တတ်ကြပါတယ်။ တချို့ကတော့ကလေးတွေ မူလတန်းတက်ရကတည်းက လုပ်ငန်းခွင် ပြန်ဝင်တာ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်တာတွေ ရှိကြပါတယ်။

Photos & Source: The Spurce


Author


က္က