အတူတကွရှိချိန်မှာ သူတို့ပြောတာကို များများ နားထောင်ပေးရမှာ ဖြစ်ပါတယ်။
Thurein Tun
 

သမီးတွေနဲ့ဖခင်တွေရဲ့ ဆက်ဆံရေးဟာ သားတွေနဲ့ ယှဉ်ရင် သိပ်နွေးထွေးမှုမရှိတာမျိုး ဖြစ်တတ်ပါတယ်။ သားတွေဟာ သူတို့နဲ့ ပိုပြီးနီးစပ်တယ်လို့ ထင်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။ အမှန်တော့ ဒီလိုတွေးခေါ်တာဟာ မမှန်ပါဘူး။ သမီးတွေနဲ့လည်း ဖခင်တွေဟာ နွေးထွေးပွင့်လင်းတဲ့ ဆက်ဆံရေးမျိုး ရရှိနိုင်ပါတယ်။ ဖခင်တွေနဲ့ နွေးထွေးပွင့်လင်းတဲ့ ဆက်ဆံရေးမျိုးရှိတဲ့ သမီးတွေဟာ ပိုမိုအောင်မြင် ထင်ရှားသူတွေလည်း ဖြစ်တတ်ပါတယ်။ သမီးတွေနဲ့ အေးဆက်တဲ့ ဆက်ဆံရေးမျိုး ဖြစ်မနေစေဖို့ ဒီအချက်လေးတွေ သိထားသင့်ပါတယ်။

၁ - မွေးကတည်းက စ

မွေးပါပြီဆိုကတည်းက သမီးဖြစ်သူကို အစစအရာရာ ဂရုစိုက်တာဟာ အကောင်းဆုံးပါပဲ။ ဘေဘီလေးဘဝမှာကတည်းက သူ့ကို ဂရုစိုက်ပေးဖို့လိုတာ ဖြစ်ပါတယ်။ အစောပိုင်းကတည်းက သူ့ကို ဂရုစိုက်တဲ့အခါ နောက်ပိုင်းမှာ နွေးထွေးမှုမရှိတာမျိုးကို ရှောင်နိုင်ပါမယ်။

 

၂ - အသစ်တွေ သင်ပေး

အသစ်အဆန်းတစ်ခုခုကို သင်ပေးတာက သင်ဖြစ်ရပါမယ်။ ဥပမာ - သမီးအတွက် စက်ဘီးစီးသင်ပေးတာ၊ စာဖတ်သင်ပေးတာတွေဟာ သင်ဖြစ်သင့်ပါတယ်။ မိန်းကလေးမို့ မတတ်သင့်ဘူးဆိုတာ မရှိပါဘူး။ နည်းနည်းကြီးလာရင် ကားပြင်တာ၊ အိမ်ပြင်တာတွေက အစ သင်ပေးလို့ရပါတယ်။ သင့်ကြောင့် သမီးဖြစ်သူဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာမှာဖြစ်သလို သင့်အပေါ်ချစ်ခင်တွယ်တာမှုလည်း ပိုလာမှာပါ။

၃ - များများနားထောင်ပါ

များများနားထောင်သူလည်း ဖြစ်ရမှာပါ။ သင်ပြောတာကိုလုပ်၊ သင်ပြောတာကိုပဲ နားထောင်ဆိုတာကြီးက သမီးတွေမှ မဟုတ်ပါဘူး၊ သားတွေနဲ့ပါ နွေးထွေးတဲ့ ဆက်ဆံရေးရရှိဖို့ မလိုပါဘူး။ အတူတကွရှိချိန်မှာ သူတို့ပြောတာကို များများ နားထောင်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုနားထောင်ရာကနေ သမီးဖြစ်သူ ဘာတွေတွေးနေတယ်၊ ဘာတွေကို စိတ်ဝင်စားတတ်တယ်၊ ဘဝမှာ ဘယ်လိုလူမျိုး ဖြစ်ချင်တယ်ဆိုတာကို သင်သိရှိမှာပါ။

 

၄ - ပျော်စရာအချိန်ဖန်တီးပါ

သမီးတွေကို အချိန်ပေးပါ။ ငယ်စဉ်ကတည်းက ကစားကွင်းလိုက်ပို့ပေးတာ၊ စားသောက်ဆိုင် အတူသွားစားတာ၊ လမ်းလျှောက်ထွက်ကြတာ စတဲ့အလေ့အကျင့်လေးတွေကို ဖန်တီးပေးထားရမှာ ဖြစ်ပါတယ်။ သူတို့ကြိုက်တဲ့ ပစ္စည်းကို ဝယ်လာပေးရုံနဲ့ မရပါဘူး။ သူ့ကိုခေါ်ပြီး အတူသွားဝယ်ပါ။

၅ - ဥပမာ

သင့်ဇနီးပေါ် ဆက်ဆံပုံတွေ၊ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ သင့်ရဲ့ အမြင်တွေဟာ သင့်သားသမီးတွေပေါ်သက်ရောက်မှု ရှိပါတယ်။ အထူးသဖြင့် သူတို့အရွယ်ရောက်တဲ့အခါ လူတွေနဲ့ ပတ်သက်ပြီး သူတို့မြင်ပုံတွေဟာ သင့်လွှမ်းမိုးမှု များစွာ ရှိနေမှာပါ။ 

Photos & Source: Bustle


Author


က္က