တစ်ဖက်လူရဲ့အတွေးနဲ့ ခံစားချက်ကို မျက်လုံးကိုကြည့်ရုံနဲ့ လျင်မြန်စွာ အနက်ပြန်နိုင်တယ်။
Thurein Tun
 

အမျိုးသမီးတွေဟာ စိတ်ဖတ်နိုင်တဲ့ မျိုးဗီဇဖြစ်စဉ်မျိုး ပိုပါရှိနိုင်ပြီး မျက်လုံးကို ကြည့်တာနဲ့ လူတစ်ယောက်ရဲ့ အတွေးနဲ့ စိတ်ခံစားချက်ကို ဖတ်နိုင်စွမ်းရည်ရှိနိုင်တယ်လို့ သိရပါတယ်။

Reading the Mind in the Eyes လို့အမည်ပေးထားတဲ့ မျက်လုံးများမှ စိတ်ကိုဖတ်ခြင်းဆိုတဲ့ သုတေသနတစ်ခုကို Cambridge တက္ကသိုလ်က သုတေသနသမားတွေက ကမ္ဘာတစ်ဝန်းရှိ လူပေါင်း ၈၉၀၀၀ မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ လူတွေဟာ တစ်ဖက်လူရဲ့အတွေးနဲ့ ခံစားချက်ကို မျက်လုံးကိုကြည့်ရုံနဲ့ လျင်မြန်စွာ အနက်ပြန်နိုင်တယ်လို့ သုတေသနက ကနဦးအဆင့်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ စိတ်ဖတ်စွမ်းရည်နဲ့ သက်ဆိုင်တဲ့ မျိုးဗီဇအခြေအနေကြောင့် အမျိုးသမီးတွေဟာ ပျှမ်းမျှအားဖြင့် ဒီလိုဖတ်ရှုမှုမှာ အမှတ်ပိုမြင့်ကြတယ်လို့ ဆိုပါတယ်။ အော်တစ်ဇင်ရောဂါရှိသူတွေကတော့ စမ်းသပ်မှုမှာ အမှတ်နိမ့်ကြတာ ဖြစ်ပါတယ်။

 

အဆိုပါလေ့လာမှုဟာ စိတ်ခံစားချက်ကိုတစ်ဦးနဲ့တစ်ဦး သိရှိမှုနဲ့ပတ်သက်လို့ ကမ္ဘာပေါ်မှာ အကြီးဆုံးစမ်းသပ်လေ့လာမှု ဖြစ်ပါတယ်။ လူသားရဲ့ မျိုးဗီဇအမျိုးမျိုးဖြစ်မှုနဲ့ သိရှိနိုင်မှုစွမ်းဆောင်ရည်ကို ချိတ်ဆက်လေ့လာတဲ့ ပထမဆုံးကြိုးစားမှုလည်း ဖြစ်တယ်လို့ သုတေသနကို ပြုလုပ်ခဲ့သူ Cambridge တက္ကသိုလ်မှ ဘွဲ့လွန်ကျောင်းသား ဗာရန်ဝါရီယာ က ပြောကြားထားပါတယ်။

 စိတ်ခံစားမှုကို သိရှိနိုင်မှုဟာ မျိုးဗီဇနဲ့လည်း တစ်စိတ်တစ်ဒေသ သက်ဆိုင်တဲ့ ဆိုတာကို ဖော်ပြခဲ့တာဖြစ်ပေမယ့် အခြားအကြောင်းအရင်းတွေဖြစ်တဲ့ ပြုစုပျိုးထောင်မှု၊ မွေးဖွားပြီး အတွေ့အကြုံတွေရဲ့ အရေးပါမှုကိုလည်း မျက်ကွယ်မပြုသင့်ဘူးလို့လည်း ဗာရန်ဝါရီယာက ပြောကြားထားပါတယ်။

ယခုတွေ့ရှိမှုအသစ်ကြောင့် စိတ်လှုပ်ရှားမိကြောင်းနဲ့ ဦးနှောက်တွင်း အဆိုပါမျိုးဗီဇတွေ အလုပ်လုပ်မှုကို တိတိကျကျ ရှာဖွေနေတယ်လို့ Cambridge တက္ကသိုလ်မှ သုတေသနကို နောက်ထပ်ဦးဆောင်သူတစ်ဦးဖြစ်သူ ဆိုင်မွန်ဘာရွန်ကိုဟမ်က ပြောကြားထားပါတယ်။

Photos & Source: Zee News


Author


က္က