ပျော်ရွှင်နေတဲ့အခါ လုပ်ငန်းခွင်မှာ သင်ယူစရာတွေကိုလည်း ပိုသင်ယူဖြစ်သွားပါတယ်။
Thurein Tun
 

လုပ်ဖော်ကိုင်ဖက်နဲ့ နေ့စဉ်အမြဲဆက်ဆံပြောဆိုနေရတာကြောင့် ကတောက်ကဆဖြစ်ရတာလေးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် သင့်လုပ်ဖော်ကိုင်ဖက်တွေကို သူငယ်ချင်းအရင်းကြီးလို ပေါင်းထားနိုင်မယ်ဆိုရင် ရရှိမယ့် အကျိုးကျေးဇူးတွေရှိနေပါတယ်။

၁ - လုပ်ရတာ ပျော်တယ်

ဒီအချက်က ရှင်းပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေနေရင် အလုပ်လုပ်ရတာလည်း အဆင်ပြေပါတယ်။ လုပ်ဖော်ကိုင်ဖက်နဲ့ သူငယ်ချင်းအရင်းကြီးလို ရင်းနှီးသွားပြီဆိုရင်တော့ အဆင်ပြေရုံတင်မကဘဲ အလုပ်လုပ်ရတာကိုပါ ပျော်လာပါတယ်။  Science ဂျာနယ်မှာ ၂၀၁၆ ခုနှစ်က ဖော်ပြခဲ့တဲ့ သုတေသနတစ်ခုအရ သင်ပျော်နေတဲ့အချိန်မှာ အချိန်တွေဟာ အကုန်မြန်သလို ဖြစ်နေကြောင်း အချက်အလက်တွေနဲ့ ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ပျော်နေတဲ့အတွက် အလုပ်တွေဟာလည်း လုပ်လို့ လုပ်လိုက်မှန်းတောင် မသိဘဲ ဖြစ်နေပါတယ်။

 

၂ - အလုပ်ပိုတွင်တယ်

အလုပ်လည်း ပိုတွင်ပါတယ်။ ပိုလည်း လုပ်နိုင်ပါတယ်။ ၂၀၁၄ ခုနှစ်က Pennsylvania တက္ကသိုလ်မှ သုတေသနသမားတွေ ကျောင်းသားတွေကို ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာ  သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်ထက် သူတို့ရဲ့ သူငယ်ချင်းတွေနဲ့ အတူလုပ်ရရင် ပိုလုပ်နိုင်တာကို တွေ့ရှိခဲ့ပါတယ်။ ဒါဟာ လုပ်ငန်းခွင်မှာတစ်ဦးနဲ့ တစ်ဦးနားလည်မှုရှိပြီး အပြန်အလှန်ဆက်ဆံရေးကောင်းတာကြောင့်လို့ ဆိုပါတယ်။ လုပ်ဖော်ကိုင်ဖက်အကြောင်း ပိုသိလေလေ အတူလုပ်ရတာ ပိုအလုပ်တွင်လေလေပါပဲ။

၃ - ပိုလေ့လာဖြစ်တယ်

ပျော်ရွှင်နေတဲ့အခါ လုပ်ငန်းခွင်မှာ သင်ယူစရာတွေကိုလည်း ပိုသင်ယူဖြစ်သွားပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးနေတဲ့ အခါ လုပ်ငန်းခွင်မှာ သက်သောင့်သက်သာ ရှိနေပြီး ပိုတတ်လွယ်တာ ဖြစ်ပါတယ်။ လေ့လာဖို့လည်း နှောင့်နှေးခြင်းမရှိတာ ဖြစ်ပါတယ်။

 

၄ - စိတ်ကူးသစ်တွေ

အလုပ်မှာ ကိုယ်ဖြေရှင်းနေရတဲ့ ကိစ္စတွေအတွက်လည်း စိတ်ကူးသစ်တွေ ရရှိလာပါတယ်။ ဒါတင်မကပါဘူး လုပ်ဖော်ကိုင်ဖက်တွေနဲ့စကားပြောရင်း အခြားကိစ္စတွေမှာပါ အထောက်အကူဖြစ်တဲ့ အကြံညဏ်တွေ ရလာတာ ဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ သင်တို့ဟာ လုပ်ငန်းနယ်ပယ်တူတွေ ဖြစ်နေတာကြောင့် ကြုံနေရတဲ့ ပြသနာတွေကလည်း သိပ်ကွာခြားခြင်းမရှိပါဘူး။ ဥပမာ သင်လျှောက်မယ့် နယ်ပယ်မှာ ဘယ်သင်တန်းတက်ပြီး ဘာဆက်လုပ်ရမယ်၊ ဘယ်ဆရာနဲ့သင်တာ ကောင်းတယ်ဆိုတာမျိုးကို ဝေမျှပေးနိုင်တာပါ။

၅ - လုပ်ငန်းခွင်တိုးတက်

တစ်ဦးနဲ့ တစ်ဦးခင်မင်ရင်းနှီးကြတော့ ပျော်စရာလုပ်ငန်းခွင် ဖြစ်လာပါတယ်။ ပျော်စရာလုပ်ငန်းခွင်ဖြစ်တော့ အလုပ်တွင်ပါတယ်။ အလုပ်တွင်တော့ လုပ်ငန်းခွင်တိုးတက်ပါတယ်။

Photos & Source: Bustle


Author


က္က