ကိုယ့်ကိုယ်ကိုယ်လိမ်ပြီး လုပ်ရမယ့် အလုပ်တွေကို ရွှေ့ဆိုင်းတတ်ပါတယ်။
Thurein Tun
 

ကိုယ့်ကိုယ်ကိုယ် မလိမ်နဲ့လို့ ပြောကြာပေမယ့် လိမ်ကြတာပါပဲ။ ကိုယ့်ကိုယ်ကိုယ် လိမ်တဲ့တချို့ကိစ္စတွေက စိတ်သက်သာရာရဖို့ ပြန်လည်ဖြေသိမ့်တာ ဖြစ်ပါတယ်။ လူတွေ ကိုယ့်ကိုယ်ကိုယ် အလိမ်ဖြစ်ဆုံးအရာတွေ ရှိပါတယ်။

၁ - လူတွေကို ပြင်နိုင်တယ်

တစ်စုံတစ်ဦးဟာ သင့်ကြောင့် ပြောင်းလဲလာလိမ့်မယ်လို့ တွေးမှတ်ထားတာပါ။ တစ်စုံတစ်ဦးကို သင်ကပြောင်းလဲပေးနိုင်တယ်လို့ ထင်နေတာပါ။ သူတို့လက်မခံဘဲ ဘယ်အရာကိုမှ ပြောင်းပေးလို့မရပါဘူး။ အထူးသဖြင့် သင်ပြောင်းပေးချင်တဲ့ အရည်အသွေးရဲ့ တန်ဖိုးကို သူတို့မလိုချင်ဘူးဆိုရင် ဘယ်လိုမှ ပြောင်းပေးလို့မရပါဘူး။ ဒါပေမယ့် ဒီလူကို ခင်တွယ်တာ၊ သင့်ကိုယ်သင် ယုံကြည်လွန်းတာတွေကြောင့် ပြောင်းသွားလိမ့်မယ်လို့ ကိုယ့်ကိုယ်ကိုယ်လိမ်နေတာပါ။

 

၂ - အချိန်မရှိဘူး

အချိန်မရှိဘူး၊ အချိန်မရှိတော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ်လိမ်ပြီး လုပ်ရမယ့် အလုပ်တွေကို ရွှေ့ဆိုင်းတတ်ပါတယ်။ အခြေအနေတိုင်းမှာ ဒီလို ဆင်ခြေတွေ ပေးတာမျိုးမဟုတ်ပေမယ့် အချိန်မရှိဘူးဆိုတာ တစ်စုံတစ်ခုကို ရှောင်လွှဲချင်တဲ့အခါ လူူအများစု ကိုယ့်ကိုယ်ကိုယ် ပြောတဲ့အရာပါ။ ဒီလိုမျိုးပြောပြီး ကိုယ့်ရဲ့မလုပ်ဆောင်တဲ့စိတ်ကို အပြစ်ကင်းသွားစေပါတယ်။

၃ - နောက်မှစုမယ်

ငွေရေးကြေးရေးနဲ့ပတ်သက်ရင် ဒီလိုအမြဲပြောတတ်ပါတယ်။ နောက်လမှ စုမယ်၊ နောက်နှစ်လနေရင် စစုမယ်၊ နောက်နှစ်ကစပြီး စုမယ် စသဖြင့် ပြောတတ်ကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ မစုဖြစ်ကြပါဘူး။ အထူးသဖြင့် လူတွေဟာ သူတို့ရဲ့ တစ်ကိုယ်ရေ အသုံးစရိတ်စီမံခန့်ခွဲမှုမှာ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လှည့်ဖြားတတ်ကြတာ ဖြစ်ပါတယ်။

 

၄ - အဲ့လောက်မဟုတ်ဘူး

ကိုယ့်မှာရှိတဲ့ အရည်အသွေးတွေကို မယုံကြည်တဲ့အခါမှာ ဒီလိုပြောတတ်ကြပါတယ်။ တကယ်တော့ ကိုယ်အရည်အသွေးတွေကြောင့် မဟုတ်ဘဲ မဝံ့ရဲတာ၊ လုပ်နေကြမဟုတ်တာ၊ ကြိုးစားရမှာ စတဲ့အရာတွေကြောင့် ဖြစ်ပါတယ်။ အပြောင်းအလဲကို ရင်မဆိုင်ရဲတာမျိုး ဖြစ်ပါတယ်။

၅ - မစွဲဘူး

အရက်စွဲသူတွေ၊ မူးယစ်ဆေးစွဲသူတွေနဲ့ စတဲ့ တစ်စုံတစ်ခုကို စွဲလန်းနေသူတွေအားလုံးဟာ ငါတော့ စွဲအောင်လုပ်မယ်ဆိုပြီး စွဲသွားတာမဟုတ်ပါဘူး။ စွဲမှာမဟုတ်ဘူးဆိုပြီးပဲ သောက်ကြတာပါ။ ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်တယ်ဆိုရာကနေ စွဲလန်းသွားကြသူတွေ များပါတယ်။ စွဲမှာမဟုတ်ဘူးလို့ ပြောရင်းကနေပဲ စွဲလန်းသွားကြသူတွေ ဖြစ်ပါတယ်။

Photos & Source: Bustle


Author


က္က