ယောက်ျားပီသတာကိုက ဆွဲဆောင်မှုရှိနေတာ....
Su Yee Moe
 

မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေး အပြည့်ရှိတဲ့ အမျိုးသားတွေဟာ ချစ်သူအဖြစ်ရေရှည်လက်တွဲချင်ဆောင် ဆွဲဆောင်နိုင်သူတွေဖြစ်တယ်လို့ လေ့လာမှုတစ်ခုက ဆိုလိုက်ပြန်တယ်။

 

သြစတြေးလျနိုင်ငံ ကွင်းစ်လန်းတက္ကသိုလ်က သုတေသီတွေဟာ အမျိုးသမီးပေါင်း ၈၅၂၀ ရဲ့ သဘောထားကို စစ်တမ်းကောက်ယူ မေးမြန်းပြီးနောက် ရလဒ်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ သုတေသီတွေဟာ အမျိုးသမီးတွေကို အမျိုးသားတွေရဲ့ဓာတ်ပုံတွေပြသကာ ရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှုအပေါ် စံနှုန်းသတ်မှတ်ကာ မေးမြန်းခဲ့တာပါ။ ပုံတွေထဲမှာ အမျိုးသားတွေဟာ မုတ်ဆိတ်၊ပါးမြိုင်းမွေး အတို၊ အရှည်၊ လုံးမဝမထားဘဲ ရိတ်ထားသူတွေ ပါဝင်ပါတယ်။ အဲ့ဒီအခါ အမျိုးသမီးတွေက မုတ်ဆိတ်မွေး ပါးမြိုင်းမွေးရှိတဲ့ အမျိုးသားတွေကို ခဏတာတွဲဖို့ထက် ရေရှည်တွဲဖို့ ပိုပြီးစိတ်ဝင်စားကြောင်း ဓာတ်ပုံတွေကိုကြည့်ပြီး ဖြေခဲ့ကြတယ်။

 

မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးတွေ ရှိခြင်းဟာ ယောက်ျားပီသပုံလည်း ပေါက်ပါတယ်။ ဒါပေမဲ့ မုတ်ဆိတ်တွေများလွန်းတာနဲ့ ပြောင်ရှင်းနေအောင်ရိတ်ထားတာကျပြန်တော့ ဆွဲဆောင်မှုကိုလျော့နည်းစေတာ တွေ့ရပါတယ်။ ယောက်ျားပီသတဲ့သွင်ပြင်ရှိတဲ့ အမျိုးသားတွေနဲ့သာ ရေရှည်လက်တွဲလိုတယ်လို့ ပါဝင်ဖြေဆိုသူတွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

Source : Telegraph


Author


က္က