ကလေးကိုသွန်သင်ဖို့ဆို ကိုယ့်စိတ်ကိုယ်လည်း ထိန်းချုပ်နိုင်ဖို့လိုတယ်။ စိတ်လိုက်မာန်ပါ မလုပ်ရဘူး။
Su Yee Moe

ဘယ်မိဘကများ ကိုယ့်ရဲ့ကလေးကို ပျက်စီးစေချင်မတဲ့လဲ။ ဒါပေမဲ့ တချို့သောမိဘတွေကတော့ ကလေးကို အလိုလိုက်လွန်းရာကနေ ဖျက်ဆီးမိသလို ဖြစ်သွားရပြန်တယ်။ ကလေးကို ပျက်စီးအောင် တွန်းပို့လိုက်သလို ဖြစ်နေတဲ့ အရာတွေလည်း ရှိနေတတ်တာမို့ သတိထားဖို့ လိုမယ်နော်။

 

ဒါကိုမလုပ်ရဘူး၊ လုပ်ရင် အပြစ်ပေးမယ်လို့ ကြိမ်းထားပေမဲ့ တကယ်တမ်းကျ ပြောထားသလို အရေးယူတာမျိုး မရှိဘူးဆိုရင်လည်း ကလေးကို ဖျက်ဆီးရာရောက်ပါတယ်။  ကလေးက အလေးမထားတော့ဘူးလေ။ ဒါပေမဲ့ ကလေးက အမှားကြီးကြီးမားမားလုပ်မိတိုင်း အကျိုးဆက်ကို မဖြစ်မနေ ရင်ဆိုင်ရမယ်လို့တော့ မဆိုလိုပါဘူး။

 

ဒီအကြံပေးလမ်းညွှန်ချက်ကိုတော့ မိသားစုရေးရာအကြံပေးလမ်းညွှန်သူ စာရေးဆရာ Hal Runkel က ပြောပြထားတာဖြစ်ပါတယ်။ Hal က ကလေးကို ခြိမ်းခြောက်ခြင်းမပြုဘဲ ဘယ်လိုသွန်သင်သင့်သလဲဆိုတာကိုလည်း အောက်ပါအတိုင်း အကြံပေးခဲ့ပါသေးတယ်။

 

၁။ ကလေးကို နောက်တစ်ကြိမ်ထပ်လုပ်ရင် အပြစ်ပေးမယ်လို့ မခြိမ်းခြောက်ပါနဲ့။ နောက်တစ်ခေါက် ထပ်လုပ်ခွင့်ပေးလိုက်ရာရောက်သွားပါလိမ့်မယ်။

၂။ အဲ့ဒီအစား မလုပ်သင့်တဲ့အရာကို ကလေးကလုပ်နေရင် ချက်ခြင်းဟန့်တားလိုက်ပါ။ ဒီလိုမလုပ်ရဘူးဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း နားလည်သွားအောင် ပြောပြထားဖို့ လိုပါတယ်။

Source : Business Insider


Author


က္က