ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှုတွေကို ထိန်းချုပ်ထားနိုင်ဖို့က အရေးကြီးဆုံးပါ။
 

လူတွေက သင်ထင်သလောက် သင့်ကို ဂရုမစိုက်ပါဘူး။ ဒီလိုပြောလိုက်တော့ ကြားရတာ နားခါးသလို ဖြစ်နေနိုင်ပါတယ်။ လူတိုင်းဟာ သူတို့ပြသနာ၊ သူတို့ကိစ္စတွေနဲ့ အမြဲရှုပ်ထွေးနေတာ ဖြစ်ပါတယ်။ သူတို့ ပြသနာဟာ သူတို့ဘဝမှာ အရေးကြီးဆုံးပါပဲ။ တခြားလူကို ဂရုစိုက်နေဖို့ ဆိုတာ ဘယ်လိုမှ မလွယ်တဲ့ ကိစ္စပါ။တခြားလူတွေ ငါ့ကို ဘယ်လိုများထင်မလဲဆိုတဲ့ အတွေးထဲမှာ မပိတ်မိအောင် ဂရုစိုက်ဖို့ လိုပါတယ်။ လူတွေဒီလိုထင်လိမ့်မယ်လို့ ယူဆချက်တော်တော်များများဟာ အတိတ်က အတွေ့အကြုံပေါ်အခြေခံပြီး ကိုယ့်ဘာကိုယ်တည်ဆောက်နေတာတွေ ဖြစ်တတ်ပါတယ်။

၁ - ပြောင်းလဲမှု

လွန်ခဲ့တဲ့ ဆယ်နှစ်ကအတိုင်းပဲလို့ ကိုယ့်ကိုယ်ကိုယ် ထင်ရတာ လွယ်ပါတယ်။ နောက် ဆယ်နှစ်မှာလည်း ဒီလိုတွေးခေါ်ပုံမျိုးနဲ့ ခံစားချက်မျိုးတွေပဲ ရှိနေဦးမယ်လို့ ထင်တတ်ပါတယ်။ တကယ်တော့ ဒီလို မဟုတ်ပါဘူး။  ကြုံတွေ့ရတဲ့ အတွေ့အကြုံနဲ့ အခြေအနေတွေပေါ်မူတည်ပြီး ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ အခြားလူတွေမှာလည်း ဒီလိုပြောင်းလဲတတ်တာကို သင့်ဘက်က သိရှိလက်ခံပေးဖို့ လိုပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့သတင်း -သင့်အပေါ် ဒေါသထွက်နေသူကို ဘယ်လိုဖြေရှင်းမလဲ )

 

၂ - နှိုင်းယှဉ်ခြင်း

တခြားလူတွေနဲ့ လိုက်လံနှိုင်းယှဉ်ခြင်းကို ရပ်တန့်ရမှာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာတွေ ခေတ်စားလာတဲ့ ဒီနေ့ခေတ်မှာ ဒါက အရေးကြီးပါတယ်။ ဆိုရှယ်မီဒီယာမှာ လူတွေဟာ သူတို့ရဲ့အကောင်းဆုံးတွေကို ပြချင်ပါတယ်။ သူတို့ဖြစ်ချင်တာကို ဆိုရှယ်မီဒီယာမှာ ပုံဖော်တတ်ကြပါတယ်။ လက်တွေ့ဘဝမှာလည်း ပတ်ဝန်းကျင်ကို သူတို့ပျော်နေကြောင်း၊ အကောင်းတွေကိုသာ ရရှိထားကြောင်း ပြကြပါတယ်။ တကယ်တမ်းတော့ လူတိုင်းဟာ ရင်ဆိုင်ဖြေရှင်းရမယ့် ပြသနာတွေ ၊ အခက်ခဲတွေနဲ့ပါ။ ကြုံတွေပုံခြင်းသာ မတူညီတာပါ။ အရင်းစစ်တဲ့အခါ လိုချင်တက်မက်မှု၊ မလုံခြုံမှု၊ ဘဝဟာ မရေရာမှု စတဲ့ စိုးရိမ်စရာအခြေအနေတွေကို တွေ့ရမှာပါ။

၃ - အကြံညဏ်

သူငယ်ချင်းတစ်ယောက်ဟာ ပြသနာတစ်ခုကြုံနေရတဲ့အချိန် သင်က အကြံညဏ်တွေပေးပါတယ်။ ဒါပေမယ့် သင့်သူငယ်ချင်းက သင်ပေးတဲ့အကြံညဏ်တွေကို မလုပ်ပါဘူး။ သူတို့ အခက်အခဲကြားထဲရောက်နေချိန်မှာ စိတ်တွေဟာ အကြံညဏ်တစ်ခုကို တည်ငြိမ်စွာနားထောင်နိုင်စွမ်းမရှိပါဘူး။ ကိုယ့်အတွေးနဲ့ ကိုယ်ဆိုတာမျိုးပါ။ ဒါကို သင့်ဘက်က ဗွေယူလို့မရပါဘူး။ သင်ဟာ မသိကျွိုးကျွံပြုခံရတယ်ဆိုတာမျိုး သတ်မှတ်လို့မရပါဘူး။

 

၄ - ထိန်းချုပ်မှု

သင့်ကိုယ်သင်သာ ထိန်းချုပ်နိုင်ပါတယ်။ ပြသနာတစ်ခုမှာ သင့်တုံ့ပြန်မှုတွေကိုသာ သင်ထိန်းချုပ်နိုင်မှာပါ။ တခြားလူတွေကို ထိန်းချုပ်ပြီး ဖြေရှင်းမယ်ဆိုတာ လက်တွေ့မကျပါဘူး။ သင့်ကိုသင် အမြဲသတိထားစောင့်ကြည့်ဖို့ အရေးကြီးဆုံးပါ။ ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှုတွေကို ထိန်းချုပ်ထားနိုင်ဖို့က အရေးကြီးဆုံးပါ။

Photos & Source: Lifehack

Share

Loading Next Article...
က္က