သူ့ရဲ့ကောက်ချက်ချမှုအပေါ် သင့်စကားသံက လွှမ်းမိုးမှုရှိတာ ဖြစ်ပါတယ်။
 

လူတစ်ဦးနဲ့တစ်ဦး ဆက်ဆံတဲ့အခါ စကားသံတွေကို အသုံးပြုရတာဖြစ်ပါတယ်။ စစတွေ့ခြင်း သင်ပြောတဲ့ စကားသံဟာ တစ်ဖက်လူရဲ့ စိတ်ပေါ်လွှမ်းမိုးမှု ရှိပါတယ်။ သင်ဟာဘယ်လိုလူမျိုးဖြစ်လောက်တယ်ဆိုတဲ့ သူ့ရဲ့ကောက်ချက်ချမှုအပေါ် သင့်စကားသံက လွှမ်းမိုးမှုရှိတာ ဖြစ်ပါတယ်။

၁ - အသံနှိမ့်

အသံမြင့်မြင့်ပြောတတ်တာဟာ စိုးရိမ်တာ၊ ကလေးဆန်တာဆိုတဲ့ အဓိပ္ပါယ်တွေအဖြစ် တစ်ဘက်က ခံစားရပါတယ်။ တစ်ဖက်လူဆီက ဒီလိုအပြုအမူမလိုချင်ဘဲ ဒါတွေနဲ့ ဆန့်ကျင်ဘက်လိုချင်တယ်ဆိုရင် သင်စကားပြောတဲ့အခါ အသံကို နှိမ့်ပြီး ပြောဖို့လိုပါတယ်။ အသံကိုနှိမ့်ပြီး ပုံမှန်ပြောခြင်းဟာ ရင့်ကျက်သူ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူလို့ တစ်ဘက်က ထင်သွားပါတယ်။ စာကြောင်းရဲ့ အဆုံးမှာ အသံကို မြှင့်ပြောလိုက်တာမျိုးလည်း မလုပ်ပါနဲ့။ ဒီလိုပြောတတ်သူတွေဟာ အသိပညာကြွယ်ဝမှု နည်းပါးသူတွေအဖြစ် ရှုမြင်ခံရပါတယ်။ စာကြောင်းရဲ့အဆုံးမှာ အသံကို တအားနှိမ့်လိုက်လို့လည်း မရပါဘူး။ ဒါဟာ ရိုင်းပြသူလို့ တစ်ဘက်က ခံစားသွားရနိုင်ပါတယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - သင့်အပေါ် ဒေါသထွက်နေသူကို ဘယ်လိုဖြေရှင်းမလဲ)

 

၂ - ကြားခံစကားများ

စကားပြောနေရင်း ကြားက ညှပ်ပြီး သုံးတဲ့ စကားမျိုးတွေ ရှိပါတယ်။ "ဘယ်လိုပြောရမလဲ"၊ "မင်းသိပါတယ်"၊ "အင်း ပြောရရင်တော့ "စတဲ့ စကားတွေ ဖြစ်ပါတယ်။ ဒီလို စကားတွေကို အလွန်အကျွံသုံးခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းပါးသူလို့ တစ်ဖက်က ခံစားရပါတယ်။ ဒီစကားတွေနေရာမှာ ဘာမှမပြောဘဲ တိတ်နေလိုက်ပြီး ဆက်ပြောတာမျိုးနဲ့ ဒီအကျင့်ကို ဖျောက်လို့ရပါတယ်။ ပြောနေတဲ့ အချိန်မှာ သိစိတ်ရှိရှိနဲ့ သတိထားဖို့တော့ လိုတာ ဖြစ်ပါတယ်။

၃ - မြန်မြန်မပြောနဲ့

တအားမြန်မြန်ကြီး ဘယ်တော့မှ မပြောပါနဲ့။ သင်ပြောနေတဲ့ စကားတစ်လုံးကိုတောင် နားမလည်တဲ့အဖြစ်နဲ့ ကြုံရနိုင်ပါတယ်။သင်ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လိုတာထက် ပိုနေသူလို့ တစ်ဖက်က ခံစားနေရတတ်ပါတယ်။  ကြားခံစကားပြောတဲ့အကျင့်မျိုးကို ဖျောက်လိုက်ရင်လည်း မြန်မြန်ပြောတဲ့အကျင့်ပါ ပျောက်သွားတတ်ပါတယ်။ မြန်မြန်ပြောတဲ့အကျင့်ကို ဖျောက်ချင်တယ်ဆိုရင် စာတွေကို ပုံမှန်နှုန်းနဲ့ အသံထွက်ပါ။ပြီးရင်တော့ ပုံမှန်နှုန်းထက် နှေးပြီး ဖတ်တာမျိုးနဲ့ လေ့ကျင့်သင့်ပါတယ်။

 

၄ - ရှင်းရှင်းလင်းလင်းပြော

စကားလုံးတွေကို ရှင်းရှင်းလင်းလင်း ပြောတာအကောင်းဆုံးပါပဲ။ ဒီလိုပြောနိုင်ဖို့ လျှာလိပ်စေတဲ့စာကြောင်းလေးတွေနဲ့ အပြောလေ့ကျင့်လို့ရပါတယ်။ အင်္ဂလိပ်စာလေ့လာတဲ့အခါ  “Peter Piper picked a peck of pickled peppers" ဆိုတဲ့ စာကြောင်းလေးတွေကို လေ့ကျင့်တာမျိုးဖြစ်ပါတယ်။

Photos & Source: Lifehack

Share

Loading Next Article...
က္က