လူအများစုကတော့ ရုတ်တရက်သစ္စာဖောက်ခံရပြီဆိုရင် ဘာဆက်လုပ်လို့လုပ်ရမှန်း မသိပါဘူး။


သစ္စာဖောက်ခံရတယ်ဆိုတာ အမြဲလိုလို နာကျင်ရပါတယ်။ တကယ်တော့ သစ္စာဖောက်တယ်ဆိုတာ ယုံကြည်မှုကို အကြီးအကျယ်ချိုးဖောက်တာဖြစ်ပြီး သစ္စာဖောက်ခံရပြီဆိုရင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်တတ်ပါတယ်။ ခြံခုန်သွားတဲ့ ကိုယ့်ချစ်သူအပေါ် စိတ်ကလည်းရုတ်တရက်မပြတ်နိုင်သေးတော့ ပူလောင်တဲ့ခံစားချက်တွေနဲ့ နေမထိထိုင်မသာ ဖြစ်နေတတ်ပါတယ်။

ဒါပေမယ့် သစ္စာဖောက်ခံနေပြီဆိုတာ ခိုင်လုံတဲ့သက်သေရှိပြီဆိုရင်တော့ ဘာပဲဖြစ်ဖြစ်ရင်ဆိုင်ရတော့မှာပါပဲ။ လူအများစုကတော့ ရုတ်တရက်သစ္စာဖောက်ခံရပြီဆိုရင် ဘာဆက်လုပ်လို့လုပ်ရမှန်း မသိပါဘူး။ သစ္စာဖောက်ခံရခြင်းနဲ့ရင်ဆိုင်ရပြီဆိုရင် ဒီအချက်လေးတွေနဲ့ ကြိုတင်ပြင်ဆင်သင့်ပါတယ်။

၁။ ခိုင်လုံတဲ့သက်သေကို အရင်စုဆောင်းပါ



သစ္စာဖောက်သူတွေကို အကောင်းဆုံးထိုးနှက်နိုင်တဲ့နည်းလမ်းကတော့ ခိုင်လုံတဲ့သက်သေပါပဲ။ နောက်ပြီး ခင်ဗျားမှာသာခိုင်လုံတဲ့ သက်သေအထောက်အထားမရှိရင် သူ့တို့ရဲ့ ဆင်ခြေတွေကြားမှာ ခင်ဗျား ပြန်မျောသွားမှာပါပဲ။ ဒါကြောင့် သူတို့နဲ့မရင်ဆိုင်ခင်မှာ ကိုယ့်ဘက်က သက်သေအထောက်အထားခိုင်ခိုင်မာမာရှိပါစေ။

Facebook Account password ကိုရအောင်ယူပြီး သူ သစ္စာဖောက်ထားတဲ့ chat history တွေကို screen shot ရိုက်ထားတာပဲဖြစ်ဖြစ်၊ ကင်မရာတစ်လုံးနဲ့နောက်ကလိုက်ချောင်းပြီး ဓာတ်ပုံလိုက်ရိုက် ထားတာပဲဖြစ်ဖြစ်ပေါ့။ နောက်ပြီး သက်သေအခိုင်အမာရထားပြီဆိုရင် ခင်ဗျားအတွက်လည်း ရင်ဆိုင်ရ ပိုမိုလွယ်ကူစေမှာပါ။

၂။ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို သေချာစီစဉ်ပါ



တကယ်တမ်းကျတော့ ဒါဟာခက်ခဲပါတယ်။ သစ္စာဖောက်နဲ့ စနိုက်ကြော်မ ရှိနေတဲ့အခန်းထဲကို ပြေးဝင်ပြီး ပါးတွေနားတွေရိုက်တာက လက်စားချေနိုင်လိုက်သလို ခံစားရနိုင်ပေမယ့် ဒါဟာသိပ်ပြီး ကောင်းမွန်လှတဲ့အစီအစဉ်တော့ မဟုတ်ပါဘူး။ နောက်ပြီး လူကြားသူကြားမှာဒီလိုလုပ်တာက နှစ်ဦးနှစ်ဖက်လုံးကို အရှက်ကွဲစေတဲ့အတွက် နောင်တချိန်မှာဒီလိုလုပ်မိတာကို နောင်တရလာမှာပါ။

ဒီတော့ သူတို့အတွက် ဒီလိုလုပ်ဖို့တန်မတန်အရင်စဉ်းစားပါ။ ပြီးရင် ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့ အစီအစဉ်ကို သေချာပလန်ဆွဲပါ။ အဲဒီမှာအရေးအကြီးဆုံးကတော့ အချိန်နဲ့နေရာပါပဲ။ သူများတွေမနှောင့်ယှက်နိုင်မယ့် နေရာတစ်ခုခုမှာ စကားပြောလို့ အဆင်ပြေမယ့်အနေအထားလေးဖြစ်အောင် အရင်ဖန်တီးယူပါ။ ဘာပဲပြောပြော အဲဒီအခိုက်အတန့်လေးဟာ ခင်ဗျားဘဝရဲ့မှတ်တိုင်တစ်ခု ဖြစ်လာမှာပဲလေ။

၃။ ကိုယ်ဘာလိုချင်တာလဲဆိုတာကို တွေးပါ

ခင်ဗျားဘာဆက်လုပ်ချင်တာလဲဆိုတာကို ကိုယ့်ဖာသာကိုယ်သေချာအောင်မေးပါ။ ခြံခုန်တဲ့နွားကို ခွင့်လွှတ်ပြီး ပြန်တွဲမှာလား။ ငါ့လက်ကလွတ် ဗြွတ်ဆို လက်လွှတ်လိုက်ပါလား။ ဘာကိုပဲဆုံးဖြတ် ဆုံးဖြတ်... သူနဲ့မတွေ့ခင်မှာ ကိုယ်ဘာလုပ်မယ်ဆိုတာကို သေသေချာချာဆုံးဖြတ်ချက်ချနိုင်သင့်ပါတယ်။

ဆုံးဖြတ်ချက်မခိုင်မာသေးဘဲနဲ့တော့ ဘာကိုမှဆက်မလုပ်ပါနဲ့ဦး။ တစ်ဖက်လူက ဘယ်လိုတုံ့ပြန်လာမလဲ ဆိုတာကိုတော့ အတိအကျမသိသေးတာတော့ မှန်တာပေါ့လေ။ ဒါပေမယ့် ခန့်မှန်းကြည့်လို့တော့ရပါတယ်။ သက်သေခိုင်ခိုင်မာမာလည်း ရပြီးသားဆိုတော့ တစ်ဖက်လူရဲ့ဖောလုံးတွေကြား မမျောမိအောင်လည်း ကြိုတင်ပြင်ဆင်ထားပေါ့။

၄။ ပြောမယ့်ဒိုင်တွေကို ကြိုတင်ချရေးပြီး ပြင်ဆင်ပါ



ကိုယ့်ဘက်က စိတ်မပြတ်နိုင်သေးဘဲ သစ္စာဖောက်ခံလိုက်ရသူတွေဆိုရင် သူ့ရှေ့အောက်မှ ပြောစရာစကားတွေ ပျောက်ရှနေတတ်ပါတယ်။ လုပ်ရက်လေခြင်းဆိုတဲ့ အသိရယ်၊ ငါ့မှာဘာအပြစ်ရှိလို့လဲဆိုတဲ့ မေးခွန်းတွေရယ်နဲ့ ရင်ဘတ်တစ်ခုလုံးရှုပ်ပွပြီး လျှာနဲ့အာခေါင်ကပ်နေသလို ခံစားနေရပါလိမ့်မယ်။ အဲဒီလိုမဖြစ်ရလေအောင် ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်းကတော့ ကိုယ်ဘာပြောမယ်ဆိုတဲ့ ဒိုင်တွေကို စာရွက်တစ်ရွက်မှာ ကြိုတင်ချရေးပြီး ပြင်ဆင်သွားဖို့ပါပဲ။

ပြဇာတ်ဆန်တယ်တော့ ထင်ရနိုင်ပေမယ့် တကယ်တော့ အချစ်ဇာတ်လမ်းတစ်ခုဆိုတာ ဘဝဆိုတဲ့ ပြဇာတ်ကြီးထဲက ဇာတ်ဝင်ခန်းတစ်ခုမျှသာပဲ မဟုတ်ပါလား။ သမီးရည်းစားဆက်ဆံရေးတစ်ခုရဲ့ နောက်ဆုံးအချိန်ဖြစ်သွားနိုင်တဲ့ တွေ့ဆုံခန်းတစ်ခုမှာ ပြောရမယ့်ဒိုင်တွေက ထိမိနေဖို့တော့လိုအပ်တယ်လေ။

ဘာဆက်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပြီး ခင်ဗျားပြောမယ့်ဒိုင်တွေဟာလည်း ကွဲပြားနေပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မိမိရဲ့ခံစားချက်ပေါ်မူတည်ပြီး အကောင်းဆုံးဒိုင်ယာလော့ခ်တွေကို ပြင်ဆင်ထားလိုက်ပါ။

ဒီအချက်တွေအကုန်လုံးပြည့်စုံပြီဆိုရင်တော့ သစ္စာဖောက်နဲ့ခင်ဗျားရင်ဆိုင်နိုင်ပါပြီ။ ဘာတွေဆက်ဖြစ်မယ်ဆိုတာလည်း ခင်ဗျားတို့ နှစ်ယောက်ပေါ်ပဲ မူတည်ပါတယ်။ ဒါပေမယ့်အရေးအကြီးဆုံးကတော့ မိမိကိုယ်မိမိ တန်ဖိုးထားဖို့ပါပဲ။

သစ္စာဖောက်က ကိုယ့်ကိုတန်ဖိုးမထားဘူးဆိုတာ ခင်ဗျားမှာတန်ဖိုးမရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ်မသက်ရောက်ပါဘူး။ မိမိရဲ့ဘဝကို အကောင်းဆုံးဆက်လက်ရှင်သန်ဖို့က အရေးအကြီးဆုံးပါပဲ။ ပင်လယ်ထဲမှာငါးတွေအများကြီးရှိပါတယ်။ လွတ်သွားတဲ့ ငါးတစ်ကောင်အတွက် ဘာလို့ပူဆွေးနေမှာလဲ။

သင်စိတ်ဝင်စားနိုင်တဲ့အကြောင်းအရာ (ကတ္တီပါလမ်းခွဲလေးဖြစ်အောင်)

Source: Wikihow

Share

Loading Next Article...
က္က