အကူအညီသေးသေးလေးတွေကနေ စပြီးတောင်းဆိုတယ်။ နောက်ပိုင်းမှာတော့ ကိုယ့်ကိုစွက်ဖက်လာတော့မှာပဲ။
Su Yee Moe

ကြိုးကိုင်ခြယ်လှယ်တတ်သူတွေဆိုတာ နေရာတိုင်းမှာရှိနိုင်တယ်။ သူငယ်ချင်းလည်းဖြစ်နိုင်တယ်။ လုပ်ဖော်ကိုင်ဖက်၊ ဆွေမျိုးသားချင်းနဲ့ ကိုယ့်ရဲ့ချစ်သူလည်း ဖြစ်နိုင်တယ်။ တစ်စုံတစ်ယောက်အပေါ် လွှမ်းမိုးချုပ်ကိုင်ချင်စိတ်ရှိသူတွေနဲ့ ပတ်သက်ရတာ စိတ်ညစ်ညူးစရာကောင်းတယ်။ ဒီလိုလူတွေနဲ့ အဆင်ပြေအောင်နေဖို့ဆိုတာလည်း သိပ်မလွယ်ဘူး။ သူတို့ရဲ့ ထိန်းချုပ်ခြယ်လှယ်မှုတွေကို သည်းမခံချင်တော့တဲ့အခါ ကိုယ့်ဘက်က ဒီနည်းတွေနဲ့ ရင်ဆိုင်ကြည့်ပါလို့ စိတ်ပညာရှင်တွေက အကြံပေးထားကြပါတယ်။

၁။ ဝေးဝေးနေ

Keep-your-distance.jpg 

ကိုယ့်ကိုအမြဲတမ်း လွှမ်းမိုးခြယ်လှယ်နေသူနားမှာ နေနေသမျှတော့ ဘဝမှာ ကိုယ်ဖြစ်တာတွေ ဘယ်တော့မှဖြစ်မလာနိုင်ဘူး။ ဒီလိုလူမျိုးကို ကိုယ်က ပြောင်းလဲပေးလို့လည်းမရမယ့်အတူတူ ဝေးဝေးနေတာအကောင်းဆုံး။ နီးနီးကပ်ကပ် နေနေရင် ကိုယ်လုပ်သမျှ သိနေတော့ ဝင်စွက်ဖက်နေဦးမှာ။

၂။ ငြင်းပါ

Say-no-firmly.jpg 

ပြတ်ပြတ်သားသား ငြင်းဆန်နိုင်ရမယ်။ ကိုယ်က ပျော့ညံ့နေလို့ ကိုယ့်အားနည်းချက်ကိုသိလို့ သူတို့က အတင်းလွှမ်းမိုးချင်နေတာ။ ကိုယ်က မပြတ်မသားဖြစ်နေမယ်၊ အားနာနေမယ်ဆိုရင် သူတို့က အပိုင်ကိုင်မှာပဲ။ သူတို့က အစပိုင်းမှာ အကူအညီသေးသေးလေးတွေကနေ စပြီးတောင်းဆိုတယ်။ နောက်ပိုင်းမှာတော့ ကိုယ့်ကိုစွက်ဖက်လာတော့မှာပဲ။ စောစောစီးစီး No လို့ ပြောထားမှ တော်ကာကြမယ်။

၃။ လစ်လျူရှု

Ignore-them.jpg 

ကြိုးကိုင်ခြယ်လှယ်ချင်သူတွေနဲ့ ပတ်သက်မိသူတိုင်း လုပ်မိတဲ့ အမှားကြီးကတော့ ပြောင်းလဲပေးဖို့ ကြိုးစားကြတာပဲ။ သူတို့လုပ်ရပ်တွေ မှားနေတယ်ဆိုတာကို ပြောပြဖို့ သူတို့နားကို ချဉ်းကပ်မိတာနဲ့ ကိုယ်ပါ ခြယ်လှယ်ခံဘဝ ရောက်သွားတယ်။ ကိုယ့်ကို စိတ်ရှုပ်အောင်လုပ်တယ်၊ ကိုယ့်အခြေအနေတွေပါ ရှုပ်ထွေးကုန်တယ်။ အရှင်းဆုံးအဖြေကတော့ ကိုယ့်ဘဝထဲကနေ သူတို့ကို ထုတ်လိုက်ဖို့ပဲ။

၄။ အပြစ်ရှိတယ်လို့ မခံစားနဲ့

Stop-feeling-guilt-and-self-doubt.jpg 

သူတို့လိုလူတွေက ကိုယ့်ကို နည်းပေါင်းစုံနဲ့ လွှမ်းမိုးနေတတ်တယ်။ ငိုယိုပူဆွေးပြတတ်ကြသလို ခြိမ်းခြောက်အကြပ်ကိုင်တာမျိုးလည်း လုပ်ကြတယ်။ ကိုယ်က ထားခဲ့လိုက်ရင် သေတော့မလိုမျိုး လုပ်ပြတတ်ကြသေးတာ။ ကိုယ်က သနားပြီး မခွဲနိုင်မခွာရက်ဖြစ်နေရင် ကိုယ့်ဘဝပါ နစ်မျောသွားလိမ့်မယ်။ သူတို့ကိုခွဲရတာ အပြစ်ရှိတယ်လို့ ခံစားမနေနဲ့ ။ မဟုတ်ရင် ဘယ်တော့မှ ခွဲဖြစ်တော့မှာမဟုတ်ဘူး။

၅။ ကြီးမားတဲ့ရည်မှန်းချက်တစ်ခုချလိုက်ပါ

Have-a-greater-sense-of-purpose.jpg 

နောက် ၁၀ နှစ်၊ ၁၅ နှစ်အတွင်းမှာ ဘာဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက် အကြီးကြီးတစ်ခု ချမှတ်လိုက်ပါ။ ဖြစ်ချင်တာကိုလည်း မြင်ယောင်ကြည့်ပါ။ သူတို့မရှိဘဲ ကိုယ့်ဘဝ ဘယ်လိုအောင်မြင်မလဲဆိုတာကို တွေးကြည့်လိုက်။ များသောအားဖြင့်တော့ သူများချုပ်ကိုင်လွှမ်းမိုးတာ ခံရတယ်ဆိုတာ ရည်မှန်းချက်မရှိတဲ့လူတွေပဲ ခံရတာများတယ်။ ရည်မှန်းချက်ကြီးကြီးထားပြီး ကိုယ့်လမ်းကိုယ်လျှောက်စမ်းပါလို့ ဆိုပါရစေ။

Source : Lifehack


က္က