မတွေ့ဖြစ်မဆုံဖြစ်တဲ့ သူငယ်ချင်းက ကိုယ့်ကိုယ်များသတိရနေမလားလို့ တွေးတတ်ပါတယ်။
 

ချစ်တဲ့ သူငယ်ချင်းဆိုတော့လည်း လိမ်မပြောချင်ပါဘူး။ လိမ်တာ ညာတာတွေ မလုပ်ချင်ပါဘူး။ ဒါပေမယ့် နှစ်ဦးစလုံးအတွက် အချစ်ပိုစေမယ့် အလိမ်အညာလေးတွေတော့ ရှိပါတယ်။

၁ - ကျေးဇူးတင်တယ်

သင့် သူငယ်ချင်းဝယ်ပေးတဲ့လက်ဆောင်က အဆိုးဆုံးဖြစ်နေပါစေ သင့်ဘက်က စိတ်အားထက်သန်စွာ ကျေးဇူးတင်သင့်ပါတယ်။ သူငယ်ချင်းဆိုတာမျိုးက သင့်ကို တစ်ခုခု ဝယ်ပေးတယ်ဆိုတာမျိုး မရှိပါဘူး။ သင့်အတွက် သူတို့ ပိုက်ဆံအိတ်ကို ဖွင့်လိုက်တယ်ဆိုတာ တကယ်ကို သင့်အပေါ် လေးလေးနက်နက် ရှိလို့ပါ။ လက်ဆောင်ပေးရခြင်းမှာ အခြားအဓိပ္ပါယ်တွေလည်း ပါရင် ပါနေနိုင်ပါတယ်။ ဒါပေမယ့် သူငယ်ချင်းအချင်းချင်းမှာ သံသယတွေကို ဖယ်ထားပြီး သူ့ကို လေးနက်တဲ့ ကျေးဇူးတင်စကားမျိုး ပြောသင့်ပါတယ်။ သူပေးတဲ့လက်ဆောင်ကြီးကို သင်လုံးဝမကြိုက်ဘူးဆိုရင်တောင်မှ ပေါ့လေ။

(သင်စိတ်ဝင်စားနိုင်တဲ့ သတင်း - သင်ဟာ ထင်တာထက် သင့်အမေနဲ့ ပိုတူနေတယ်ဆိုတဲ့ လက္ခဏာ (၆) ရပ်)

 

၂ - ခုလေးတင် ခေါ်တော့မလို့

မတွေ့ဖြစ်မဆုံဖြစ်တဲ့ သူငယ်ချင်းက ကိုယ့်ကိုများသတိရနေမလားလို့ တွေးတတ်ပါတယ်။ ကိုယ့်အကြောင်းများ စဉ်းစားနေမလားလို့ တွေးမိပါတယ်။ မတွေ့ဖြစ်၊ မဆုံဖြစ်ဘဲ ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်နေတာပါ။ ဒါပေမယ့် မမျှော်လင့်တဲ့အချိန်မှာ သူငယ်ချင်းတစ်ယောက်က ဖုုန်းခေါ်လိုက်တယ်ဆိုရင် သင့်ဘက်ကလည်း သတိရနေပြီး ဖုန်းခေါ်ဖို့ စဉ်းစားနေတာဆိုတာမျိုးလေး ပြောလို့ရပါတယ်။ အခု ခေါ်ဖို့ စဉ်းစားနေတာလို့ မပြောရင်တောင် ဒီတစ်ရက်နှစ်ရက်တွင်း ခေါ်ဖို့ စဉ်းစားနေတာ ဆိုတာမျိုးလေးပေါ့။

၃ - လန်းလှချည်လား

အမှန်တကယ်သူ့ဘက်က ဝလာတယ်ဆိုရင်တောင်မှ ဝလာတယ်ဆိုတာ သင်မပြောသင့်တဲ့ စကား ဖြစ်ပါတယ်။ လှနေတယ်နော်၊ လန်းလှချည်လားဆိုတဲ့ စကားလေးတွေက သူ့လည်းနှစ်သက်ပြီး သင့်ကိုလည်း အချစ်ပိုစေမှာပါ။ နှစ်ယောက်စလုံးအကျိုးရှိတဲ့ စကားလေးပါ။ သူဝလာတာကတော့ တစ်ကဏ္ဍပေါ့လေ။

 

၄ -  ကြိုက်တယ်ပေါ့

လူတိုင်းမှာ သူတို့နှစ်သက်တာတွေ၊ သူတို့ စိတ်ဝင်စားတာတွေ ရှိပါတယ်။ ဥပမာ - သင့်သူငယ်ချင်းက ဂစ်တာတီးစိတ်ဝင်စားတယ်ပေါ့။ အလုပ်တစ်ဖက်နဲ့ ဂစ်တာတီး သင်နေသူဆိုပါစို့။ သူ့လက်သံကို သင့်ဘက်က ချီးကျူး ပေးရမှာပါ။  အပျော်တမ်းအဆင့်လောက်ပဲ ရှိတာကြောင့် သိပ်အဟုတ်ကြီး မဟုတ်ဘူးဆိုရင်တောင်မှ သူအားတက်အောင် နည်းနည်းပါးပါးတော့ အားပေးရမှာပေါ့။

၅ - ခင်ဗျားကို နားလည်တယ်

ခင်ဗျားဘက်ကို နားလည်တယ်၊ ခင်ဗျားဆိုလိုတာကို သဘောပေါက်တယ် စသဖြင့် သူငယ်ချင်းနဲ့ ဆွေးနွေးနေချိန်မှာ ထည့်ပြောသင့်ပါတယ်။ စကားဝိုင်းဟာ အနည်းငယ် မာထန်လာပြီဆိုရင် ဒီလို စကားမျိုးလေးနဲ့ ထိန်းထားရမှာပေါ့။ သင့်ဘက်က သူ့ကို တကယ်နားလည်တာ၊ သဘောပေါက်တာမျိုးတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ ဒါပေမယ့် အသုံးဝင်ပါတယ်၊ ပြောကြည့်ပါ။

Photos & Source: about

Share

Loading Next Article...
က္က