"First impression is the last impression" ဆိုတဲ့ဆိုရိုးစကားလည်းရှိပါတယ်။
 

"First impression is the last impression" ဆိုတဲ့ဆိုရိုးစကားလည်းရှိပါတယ်။ အမျိုးသမီးတစ်ယောက်နဲ့ ပထမဆုံးအကြိမ်တွေ့ခြင်းမှာ မိမိရဲ့ကိုယ်နေဟန်ထား၊ အပြောအဆို၊ ဝတ်ပုံစားပုံ အစရှိတဲ့ အရာတိုင်းဟာ ရှေ့ဆက်မယ့်ဆက်ဆံရေးအပေါ်လွှမ်းမိုးနိုင်ပါတယ်။ နောက်ပြီး အဲဒီအမျိုးသမီးရဲ့အထင်ကြီးမှုနဲ့ လေးစားမှုကို ရရှိနိုင်ခြင်းရှိမရှိကလည်း အဲဒီပထမဆုံးအကြိမ်အပေါ် မူတည်နေပါတယ်။



အထင်ကြီးမှုမပါတဲ့အချစ်ဆိုတာမရှိ လို့လည်းဆိုကြတဲ့အတိုင်း အဲဒီအမျိုးသမီးနဲ့ ခင်ဗျားရှေ့လျှောက်ဆက်ဆံသွားချင်တယ် ဆိုရင်တော့ သူမကခင်ဗျားကိုအထင်ကြီးနေဖို့လိုအပ်ပါလိမ့်မယ်။ အမျိုးသမီးတွေ သတိပြုမိတတ်ပြီး အမျိုသားတွေကအသေးအဖွဲလို့ ထင်ထားတဲ့အရာလေးတွေကတော့...

၁။ ဝတ်ထားတဲ့အင်္ကျ ီအရောင်

Shes Out Of My League 2.jpg 

စတွေ့တဲ့နေ့မှာ ခင်ဗျားဝတ်ထားတဲ့ အင်္ကျ ီအရောင်က အမျိုးသမီးတစ်ယောက်ရဲ့စိတ်အာရုံကိုဆွဲဆောင်နိုင်တဲ့ အရာတစ်ခုပါပဲ။ ရှပ်အင်္ကျ ီရိုးရိုးတစ်ထည်ကိုဝတ်ဆင်ထားတာပဲဖြစ်ဖြစ်၊ လူငယ်ဆန်ဆန် တီရှပ်တစ်ထည်ကို ဝတ်ဆင်ထားတာပဲဖြစ်ဖြစ် ခင်ဗျားဝတ်ထားတဲ့ အင်္ကျ ီရဲ့အရောင်က အမျိုးသမီးတစ်ယောက်ရဲ့အာရုံထဲမှာ သတိပြုမိစေတဲ့အရာတစ်ခုဖြစ်ပါတယ်။ တကယ်လို့ စတွေ့တွေ့ချင်းနေ့မှာ ခင်ဗျားကို သူမရဲ့အာရုံထဲမှာ စွဲကျန်နေစေချင်ရင် အနက်ရောင်၊ အညိုရင့်ရင့်နဲ့ အစိမ်းရောင်အင်္ကျ ီတွေကို ဝတ်ဆင်ဖို့ရွေးချယ်သင့်ပါတယ်။

၂။ ဆံပင်ပုံစံ

ဆံပင်ပုံစံသပ်သပ်ရပ်ရပ်ရှိခြင်းဟာ ဘာမှလုပ်စရာမလိုဘဲ အလိုလိုအမှတ် (၁) မှတ်ရရှိခြင်းပါပဲ။ အမျိုးသမီးတွေက ရှုပ်ယှက်ခတ်နေတဲ့ဆံပင်ပုံစံ ဘုတ်သိုက်ထက် သပ်သပ်ရပ်ရပ်နဲ့မျက်နှာကို ရှင်းရှင်းလင်းလင်းလေးပေါ်စေတဲ့ ဆံပင်ပုံစံကို ပိုမိုနှစ်သက်လေ့ရှိကြပါတယ်။ ဒါကြောင့်ချိန်းတွေ့ဖို့မသွားခင် ဆံပင်ကိုသပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်သွားခြင်းက အကျိုးမဲ့လုပ်ရပ်တစ်ခုတော့ မဟုတ်ပါဘူး။

၃။ ကိုယ်နေဟန်ထား

ခင်ဗျားရဲ့ကိုယ်နေဟန်ထားက အမျိုးသမီးတစ်ယောက်သတိပြုမိမယ့် ပထမဆုံးအရာပါပဲ။ ပျင်းရိပျင်းရွဲထိုင်နေတာတို့၊ စိတ်မပါလက်မပါ ပုံစံပေါက်နေတာတို့က သူမစိတ်ထဲမှာ အထင်သေးသွားစေနိုင်တဲ့ပုံစံ တွေပါပဲ။

ဒါကြောင့်အမျိုးသမီးတစ်ယောက်နဲ့တွေ့တော့မယ်ဆိုတိုင်း သူမရဲ့နှစ်သက်မှုကိုချက်ချင်းရယူစေနိုင်မယ့် တက်ကြွမှုအပြည့်၊ မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့ပုံစံနဲ့ ထိုင်ပါ။ ရှူနာရှိုက်ကုန်းလိုလို၊ ဗြုတ်စဗျင်းတောင်းလိုလို ပုံစံကိုတော့ ဘယ်အမျိုးသမီးမှ နှစ်သက်မယ်မထင်ပါဘူး။

၄။ ဖိနပ်

Wingtip-Oxford-Shoe-with-Houndstooth-Bespoke-suit.jpg 

လူကြီးလူကောင်းတစ်ယောက်ဟာ ဖိနပ်ကိုဘယ်တော့မှ ဖြစ်ကတန်းဆန်းမစီးပါဘူး။ အခြေအနေ၊ အချိန်အခါနဲ့လိုက်လျောညီထွေရှိမယ့် ဖိနပ်ကို အဝတ်အစားနဲ့ လိုက်ဖက်ညီအောင် စီးတတ်ကြပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ချိန်းထားတဲ့ ညစာစားပွဲတစ်ခုမှာတော့ ဘယ်လူကြီးလူကောင်းကမှ ရေချိုးခန်းစီးဖိနပ်နဲ့ တက်မယ်တော့မထင်ပါဘူး။ အမျိုးသမီးတွေကလည်း အမျိုးသားတစ်ယောက်ကို အကဲခတ်တော့မယ်ဆိုရင် သူစီးလာတဲ့ဖိနပ်ကို အရင်အကဲခတ်လေ့ ရှိပါတယ်။ ဒါကြောင့် မိမိဝတ်လာတဲ့အဝတ်အစားနဲ့လိုက်ဖက်ညီမယ့် ရှူးဖိနပ်တစ်ရန်ကို ပြောင်လက်နေအောင်တိုက်ချွတ်ထားခြင်းက ပထမအကြိမ်တွေ့ဆုံခြင်းမှာ တစ်မှတ်ရယူလိုက်နိုင်ခြင်းပါပဲ။

၅။ မျက်လုံးတွေ

မျက်လုံးတွေဆိုတာ စိတ်ရဲ့တံခါးပေါက်တွေပါပဲ။ လူကဲခတ်ကျွမ်းကျင်တဲ့လူတွေဆို လူတစ်ယောက်ရဲ့ပြောစကားကို နားနဲ့နားထောင်ပြီး မျက်လုံးကိုအကဲခတ်ပြီးမှ မှန်မမှန် အကဲဖြတ်တတ်ကြပါတယ်။ ညာနေတဲ့ လူတစ်ယောက်က မျက်လုံုးမှာအတိုင်းသားပေါ်နေတတ်ပါတယ်။ အမျိုးသမီးတွေဆိုတာ လူကဲခတ်အကျွမ်းကျင်ဆုံးသူတွေပါပဲ။

သူတို့ဟာ ခင်ဗျားစကားပြောနေချိန်မှာ ခင်ဗျားရဲ့မျက်လုံးကို အကဲခတ်နေကြမှာပါ။ မျက်လုံးဘာအရောင်ရှိလဲ။ စကားပြောနေချိန်မှာ သူတို့ရဲ့မျက်လုံးကိုပြန်ကြည့်နေလား။ ဒါမှမဟုတ် သူတို့ရဲ့အလှအပတွေကို လိုက်ကြည့်နေတတ်လား။ စသဖြင့် အကဲခတ်နေတတ်ကြ ပါတယ်။ ဒါကြောင့် ပထမဆုံးချိန်းတွေ့ချိန်မှာ လန့်သွားလောက်အောင်လည်း မငမ်းမိစေနဲ့ပေါ့။

၆။ တုံ့ပြန်မှုတွေ

အမျိုးသမီးတစ်ယောက်က သူမကိုပဲဖြစ်စေ၊ ပတ်ဝန်းကျင်ကတခြားလူတွေကိုပဲဖြစ်စေ ခင်ဗျားရဲ့တုံ့ပြန်ပုံကို အကဲခတ် မိတတ်ကြပါတယ်။ ဒါကြောင့် ခင်ဗျားဟာ ကြင်နာတတ်တဲ့ပုံပဲဖြစ်ဖြစ်၊ ဂရုမစိုက်တဲ့ပုံပဲ ဖြစ်ဖြစ်၊ မာနကြီးတဲ့ပုံပဲဖြစ်ဖြစ် ပြသမယ်ဆိုရင် သူမက သတိပြုမိစေမှာပါ။ ဒါကြောင့် ခင်ဗျားကို သူမမြင်စေချင်တဲ့ပုံစံအတိုင်း ပြုမူဆောင်ရွက်ပါ။

၇။ လက်ဟန်ခြေဟန်တွေ

couple-do-good.jpg 

သူမတို့ဟာ ခင်ဗျားရဲ့လက်ဟန်ခြေဟန်တွေကိုလည်း သတိပြုမိနေတယ်ဆိုရင် အံ့သြမသွားပါနဲ့။ စကားပြောနေစဉ် ခင်ဗျားအသုံးပြုတဲ့လက်ဟန်ခြေဟန်တွေ၊ သူမအတွက် ထိုင်ခုံဆွဲယူပေးတာတွေ၊ ကားတံခါး ဖွင့်ပေးတာတွေ စသဖြင့်အားလုံးကို သတိပြုမိနေပါတယ်။ ဒါကြောင့် သူမနဲ့တွေ့ရင်လက်သည်းညှပ်သွားဖို့လည်း မမေ့နဲ့ပေါ့။

၈။ ဟာသဉာဏ်

အမျိုးသမီးတစ်ယောက်ဟာ သူမကိုရယ်မောအောင်လုပ်ပေးနိုင်တဲ့ အမျိုးသားတစ်ယောက်နားမှာ နေပျော်ကြပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့ဟာသဉာဏ်ကို နှစ်သက်ကြပြီး ပူပင်သောကတွေကို ဖယ်ရှားပေမယ့်၊ မျက်နှာပေါ်ကို အပြုံးတစ်ပွင့်ပေါ်လာအောင်ဆောင်ကြဉ်းပေးမယ့် အမျိုးသားမျိုးဆို နှစ်သက်တတ်ကြပါတယ်။

၉။ အပြုံး

wallpaper-tom-hiddleston-smiling-1920x1080p-photo-for-desktop.jpg 

အပေါ်ကအချက်တွေအားလုံးစုံပြီဆိုရင်တော့ အမျိုးသမီးတစ်ယောက်ရဲ့စိတ်အာရုံကို ဆွဲဆောင်နိုင်တဲ့ အဓိကအချက်ကတော့ အပြုံးပါပဲ။ စတွေ့တွေ့ချင်းအချိန်မှာ ခင်ဗျားဖော်ပြလိုက်တဲ့ နှစ်လိုဖွယ်အပြုံး (သို့) ဆွဲဆောင်မှုရှိတဲ့အပြုံးဟာ အမျိုးသမီးတစ်ယောက်ရဲ့စိတ်အာရုံကိုဆွဲဆောင်နိုင်စေရုံသာမက တစ်သက်လုံးအမှတ်ရနေမယ့်အခိုက်အတန့်လေးကို ဖန်တီးပေးနိုင်မှာပါ။ ဘယ်လိုအချိန်မျိုးမှာ ပြုံးရမယ်ဆိုတာ ကိုတော့ သိထားဖို့လိုတာပေါ့နော်။

Source: Youngisthan


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က