ဒီတိုင်းနေရတာ ပျင်းစရာကောင်းလာပြီ။ နည်းနည်းလောက် ကစားကြည့်....

တစ်ခါတစ်လေမှာ အချစ်က ငြီးငွေ့စရာကောင်းလာပြီလို့ထင်တယ်။ နှစ်ယောက်အတူ ရှိနေပေမဲ့ ဘာပြောရမှန်းမသိ ဖြစ်နေတာမျိုးဟာ ချစ်သက်တမ်း ကြာမြင့်လွန်းတဲ့ စုံတွဲတွေဆီမှာ ဖြစ်တတ်တယ်။ အချစ်နဲ့ကစားကြည့်မလား?



ချစ်သူကိုလှည့်ဖြားရတဲ့ ကစားနည်းမဟုတ်ဘူးနော်။ ချစ်သူနဲ့အတူတူ ကစားရင်း အချိန်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မယ့် ကစားနည်းတွေကို ပြောမလို့ပါ။

၁။ စိုက်ကြည့်တဲ့ဂိမ်း

940x549_0xc0a839a4_17206697551480516821.jpeg 

သူ့ရဲ့မျက်လုံးတွေထဲထိ သေသေချာချာ စိုက်ကြည့်ငေးမောခဲ့တာ ဘယ်အချိန်တုန်းကလဲ? ဒီလိုမကြည့်ဖြစ်တာ ဘယ်လောက်ကြာနေပြီလဲ? ရိုမန့်တစ်ဆန်တဲ့ အချစ်သီချင်းလေးကိုဖွင့်ထားပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် မျက်လုံးချင်းဆုံအောင် ငေးကြည့်တဲ့ဂိမ်းကို ဆော့ကြည့်ပါ။ အရင်ဆုံး အကြည့်လွှဲတဲ့လူက အရှုံးပေါ့။

၂။ ဇာတ်လမ်းထွင်တဲ့ဂိမ်း

couple-love-water-summer.jpg 

ငယ်ငယ်တုန်းကလို ပုံပြောတမ်းကစားကြတာမျိုးလေ။ ပုံပြောပါဆိုရင် ကိုယ်နဲ့သိတဲ့လူအကြောင်းကို ဟာသလေးတွေနဲ့ ပြောတတ်ကြတယ်။ ခုလည်းပဲ ဒီနည်းနဲ့ ခပ်ဆင်ဆင်ပါ။ အချစ်ဇာတ်လမ်းတစ်ပုဒ်လောက် ရေးရအောင်ပေါ့။ စာကြောင်းရေ ၁၀ ကြောင်းနဲ့ ၁၀ မိနစ်အတွင်း အပြီးရေးပါတို့လိုမျိုး။ အချိန်စေ့သွားရင် အပြန်အလှန် လဲဖတ်ကြည့်ပါ။ ကိုယ့်အကြောင်း ပါနေလိမ့်မယ်။ ပျော်စရာကြီး။

၃။ အနမ်းအကြောင်းပြောပါ

o-COUPLE-FIELD-facebook.jpg 

အနမ်းအမျိုးမျိုးရှိတယ်မို့လား။ ပင့်ကူလူသားအနမ်း (ဇောက်ထိုးနမ်းတာ)၊ ပြင်သစ်အနမ်း (ချစ်စိတ်အပြည့်နဲ့နမ်းတာ)၊ နတ်သမီးအနမ်း (နဖူးကိုနမ်းခြင်း) စတာတွေရှိတယ်။ သိသမျှ အနမ်းတွေအကြောင်း ချရေးပါလို့ သူ့ကိုပြောလိုက်။ သူဘယ်လောက်သိမလဲ? သိသလောက် ရေးထားသမျှ အနမ်းတွေအတိုင်း သူ့ကိုနမ်းပေးလိုက်ပါ။ ရင်ခုန်စရာအခိုက်အတန့်တွေ ဖြစ်သွားပါလိမ့်မယ်နော်။

ဆက်စပ်ဖတ်ရှုနိုင်မယ့်ဆောင်းပါး ---> အနမ်းတွေအကြောင်း ကောင်းကောင်းနားလည်ပါရဲ့လား


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က