ဒီအချက်တွေမြင်နေရပြီဆိုရင် သူငယ်ချင်းကောင်းစာရင်းထဲက ဝမ်းနည်းစွာနဲ့ထုတ်လိုက်ပါတော့။
 

လောကမှာလူရယ်လို့ဖြစ်လာရင် လူမှုရေးအရှုပ်အထွေးတွေကတော့ ကြုံနေရမှာပါပဲ။ သမီးရည်းစားဆက်ဆံရေး၊ မိဘနဲ့သားသမီး ဆက်ဆံရေး၊ သူငယ်ချင်းဆက်ဆံရေး... ဘယ်ဆက်ဆံရေးမဆို ပြီးပြည့်စုံတယ် ရယ်လို့တော့ ရှိချင်မှရှိပါလိမ့်မယ်။ ဒါပေမယ့် တချို့အချက်ပြသင်္ကေတတွေကိုလည်း လျစ်လျူရှုမထားပါနဲ့ဦး။

ဘယ်လိုဆက်ဆံရေးမျိုးပဲဖြစ်ဖြစ် တစ်ယောက်ကိုယ်တစ်ယောက် လေးစားမှု၊ အပြန်အလှန် ထောက်ပံ့မှုနဲ့ ကြိုးပမ်းအားထုတ်မှုကိုယ်စီ ရှိရပါလိမ့်မယ်။သူငယ်ချင်းနှစ်ယောက်ကြားမှာ ထားရှိအပ်တဲ့အပြန်အလှန်လေးစားမှုတွေ၊ ယုံကြည်မှုတွေရှိပါတယ်။

ဒါတွေကိုလျစ်လျူရှုပြီး အောက်မှာဖော်ပြထားတဲ့အချက်တွေကို ခင်ဗျားသူငယ်ချင်းဆီမှာ မြင်နေရပြီဆိုရင်တော့ ဒါဟာ ဆက်ဆံရေးမှာအနှုတ်လက္ခဏာ ပြနေတာပါပဲ။

၁။ ကိုယ့်အကြောင်းကိုယ်ပဲ စိတ်ဝင်စားတယ်

ခိုင်မာတဲ့သူငယ်ချင်းသံယောဇဉ်ဆိုတာ ကိုယ့်အတွက်ကိုယ်ချည်းပဲကြည့်နေတတ်တဲ့၊ အတ္တကြီးတဲ့ ဆက်ဆံရေးတစ်မျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ဆိုတာ ခင်ဗျားဘဝထဲမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကိုလည်း စိတ်ဝင်စားပါတယ်။ သူ့အကြောင်းချည်းပဲ မနားတမ်းပြောနေတတ်တာမျိုးမဟုတ်ပါဘူး။

၂။ ပွင့်ပွင့်လင်းလင်းမရှိဘူး

friends-talking.jpg 

ဒီတစ်ခုကတော့ ပထမတစ်ခုနဲ့ပြောင်းပြန်ပါပဲ။ ခင်ဗျားကိုသူက ဘာမှပွင့်ပွင့်လင်းလင်း မတိုင်ပင်တော့ပါဘူး။ တကယ်တော့ သူငယ်ချင်းကောင်းတစ်ယောက်ဆိုတာ ကိုယ့်အနားမှာ နေပူပူ၊ မိုးရွာရွာ အတူရှိနေမယ့်သူ ဖြစ်ပါတယ်။ အသည်းကွဲလို့ ရင်ဖွင့်ချင်တာပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စအဆင်မပြေတာတွေကို တိုင်ပင်ချင်တာပဲဖြစ်ဖြစ်၊

အကြံဉာဏ်လိုချင်တာပဲဖြစ်ဖြစ် သူငယ်ချင်း တစ်ယောက်ဆိုတာ အကောင်းဆုံး ရင်ဖွင့်ဖော်ပါပဲ။ ဒါဟာတစ်ယောက်အပေါ်တစ်ယောက် ယုံကြည်တယ်ဆိုတာကိုလည်း ဖော်ပြပါတယ်။ ဒီလိုမှမဟုတ်ဘဲ သူဖြစ်နေတာတွေကို ခင်ဗျားနဲ့မတိုင်ပင်တော့ဘူးဆိုရင်တော့ ခင်ဗျားကို မယုံကြည်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

၃။ ခင်ဗျားနောက်ကွယ်မှာ အတင်းပြောတယ်

သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ဝိသေသလက္ခဏာတွေကတော့ အများကြီးပါပဲ။ အဲဒီထဲမှာအသိသာအထင်ရှားဆုံးတစ်ခုကတော့ ခင်ဗျားမကောင်းကြောင်းကို နောက်ကွယ်မှာ အတင်းမပြောတာပါပဲ။ ခင်ဗျားမှာ အားနားချက်တွေ၊ အမှားတွေရှိရင် သူတို့ကရှေ့ကနေ အမုန်းခံပြောပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ ခင်ဗျားရဲ့မကောင်းကြောင်းတွေကို နောက်ကွယ်မှာအတင်းပြောနေပြီး ကိုယ်ကတဆင့်ပြန်ကြားရတယ် ဆိုရင်တော့ ဒါဟာခင်ဗျားတို့နှစ်ယောက်ကြားမှာ အက်ကြောင်းတွေထနေတဲ့ လက္ခဏာတစ်ခုပါပဲ။

၄။ အချိန်မပေးချင်တော့ဘူး

636061047743605732-743820602_best-friends-picture-.jpg

လူတိုင်းလူတိုင်းမှာ အလုပ်များတဲ့အချိန်ဆိုတာရှိပါတယ်။ ဒါပေမယ့် "Work-life balance" ဆိုတဲ့အတိုင်း မိမိရဲ့အားလပ်ချိန် လေးတွေကို မိမိချစ်ခင်တဲ့သူတွေနဲ့ အချိန်ဖြုန်းတတ်ကြတာလည်း လူ့သဘာဝပါပဲ။ ဒီတိုင်းမှမဟုတ်ဘဲ အချိန်တိုင်း အလုပ်များနေတယ်လို့ အကြောင်းပြပြီး သူငယ်ချင်းဆုံတိုင်း ပေါ်မလာတော့တာတို့၊ ချိန်းထားပြီးမှ ခဏခဏပလန်ဖျက်လိုက်တာတို့၊ ချိန်းထားတဲ့အချိန်ထက် အများကြီး နောက်ကျတာတို့က ခင်ဗျားတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို သူတန်ဖိုးမထားတော့ဘူးလို့ ဆိုလိုတာပါပဲ။

၅။ ရည်မှှန်းချက်တွေကနေ သွေဖီအောင်လုပ်တယ်

women-friends.jpg 

သူငယ်ချင်းနဲ့ gym တူတူဆော့ဖို့ချိန်းထားပြီး ပေါ်မလာတာမျိုးကြုံဖူးလား။ ဒါမှမဟုတ် ခင်ဗျားစိတ်ကူးယဉ်ထားတဲ့ အနာဂတ်အစီအစဉ်တစ်ခုကို အဆိုးမြင်ရှုထောင့်ကနေပဲကြည့်ပြီး ခပ်ကြမ်းကြမ်းဝေဖန်တဲ့ သူငယ်ချင်းရှိဖူးလား။

အဲဒီလိုသူငယ်ချင်းမျိုးတွေက ခင်ဗျားရဲ့ရည်မှန်းချက်တွေ၊ စိတ်ကူးအိမ်မက်တွေကို အကောင်အထည်ပေါ်မလာအောင် နှောင့်ယှက်နေသူတွေပါပဲ။ သူငယ်ချင်းကောင်းဆိုတာ ခင်ဗျားကိုယ်ပိုင် ဆုံးဖြတ်ထားတဲ့စိတ်ကူးအိမ်မက်တစ်ခုကို အကောင်အထည်ပေါ်လာစေဖို့ တွန်းအားပေးမယ့်သူဖြစ်ပြီး လိုအပ်ရင်ဘေးကဝိုင်းဝန်းပေးမယ့်သူတွေလည်း ဖြစ်ပါတယ်။

၆။ ခင်ဗျားရဲ့လျှို့ဝှက်ချက်တွေကို လျှောက်ပြောတယ်

friends-smiling.jpg

လူတိုင်းလူတိုင်းမှာ လျှို့ဝှက်ထားရမယ့်အရာလေးတွေ၊ လျှို့ဝှက်ချက်တွေရှိပါတယ်။ အဲဒီလိုလျှို့ဝှက်ချက်တွေက ကိုယ့်အမြင်မှာ ဘယ်လောက်ပဲရယ်စရာကောင်းနေပါစေ။ သူ့ဘက်က လျှို့ဝှက်ထားပေးဖို့ တောင်းဆိုလာရင် လျှို့ဝှက်ထားပေးရမှာ ဖြစ်ပါတယ်။ လူတကာကိုလျှောက်မပြောသင့်ပါဘူး။

ဒီလိုမှမဟုတ်ဘဲ သူငယ်ချင်းရဲ့လျှို့ဝှက်ချက်ကို လူတကာကိုလျှောက်ပြောတတ်တယ်ဆိုရင် ဒီလူဟာ ယုံကြည်ထိုက်တဲ့သူငယ်ချင်းကောင်းတစ်ယောက် မဟုတ်ပါဘူး။

၇။ မနာလိုစိတ်ကြီးမားမယ်

သူငယ်ချင်းကောင်းတစ်ယောက်ဆိုတာ ခင်ဗျားအောင်မြင်မှုတွေရရှိချိန်မှာ ရှေ့ဆုံးကလာပြီး ဂုဏ်ပြုပေးမှာဖြစ်ပါတယ်။ ခင်ဗျားရဲ့ အောင်မြင်မှုဆိုတာ ခင်ဗျားကိုယ်တိုင်ကြိုးစားအားထုတ်မှုတွေရဲ့ရလဒ်ဆိုတာကို နားလည်လက်ခံထားပြီး ခင်ဗျားအတွက် ပျော်ရွှင်ပေးမှာပါ။

ဒီလိုမဟုတ်ဘဲ ခင်ဗျားရဲ့အောင်မြင်မှုတွေကို သူ့ရဲ့မအောင်မြင်မှုတွေနဲ့တိုင်းတာပြီး မနာလိုစိတ်၊ မစ္ဆရိယစိတ် များနေမယ်ဆိုရင်တော့ သူဟာ မစစ်မှန်တဲ့သူငယ်ချင်းတစ်ဦးဆိုတာကို ဖော်ပြနေတာပါပဲ။

Source: Goodhousekeeping

Share

Loading Next Article...
က္က