စိတ်ဖိစီးမှုတွေ လုံးဝပျောက်သွားမှာ။

သူငယ်ချင်းတွေ မတွေ့ရတာလည်းကြာပြီ။ အလုပ်ကိုယ်စီနဲ့ မအားကြတော့ သိပ်မတွေ့ဖြစ်ကြဘူး။ တစ်ရက်လောက် လူစုပြီးတွေ့ကြပေါ့။ မိန်းကလေးတွေချည်းစုပြီး တွေ့ကြ၊ ဆုံကြတာက စိတ်ဖိစီးမှုတွေလည်း ပျောက်စေတယ်။ အခင်အမင်လည်း တိုးပွားစေတယ်လေ။ လူစုပြီး ဘာလုပ်ကြမတုန်းဆိုရင်တော့ ဒါလေးတွေလုပ်ကြည့်ကြပါလားနော်။

၁။ ရှော့ပင်း

mgid-uma-image-mtv-com-9773109.jpeg 

ဈေးဝယ်ထွက်ကြမယ်လေ။ မရောက်ဖြစ်သေးတဲ့ ရှော့ပင်စင်တာတွေ၊ အဝတ်အစားတွေ ဈေးသက်သက်သာသာရမယ့်စင်တာတွေက မိန်းကလေးတွေအကြိုက်တွေ့မယ့်နေရာတွေချည်းပဲမဟုတ်လား။ ဝယ်တာ၊ မဝယ်တာ အသာထား ရှော့ပင်ထွက်ပြီး မျက်စိအစာကျွေးတာလည်း ကောင်းတာပဲ။

၂။ ရုပ်ရှင်

ဟာသကားတွေကြည့်ပြီး တစ်ဖွဲ့လုံး ထိုင်ခွီကြမလား၊ ဒရာမာတွေကြည့်ရင်း ငိုကြမလား။ ရုပ်ရှင်ရုံထဲက တခြားလူတွေ အမြင်ကတ်ခံရမှာတော့ သေချာတယ်။ ဒါပေမဲ့ ကိုယ်တွေအတွက်တော့ စိတ်ဖိစီးမှုတွေ လုံးဝပျောက်သွားမှာ။

၃။ ပျော်ပွဲစား

IMG_3453M.jpg 

လူစုံတုန်းလေး စကားတွေ တဝကြီးပြောကြမယ် ကြံရင်တော့ ပန်းခြံမှာ ပျော်ပွဲစားထွက်ဖို့ အကြံပေးချင်ပါတယ်။ ပြည်သူ့ရင်ပြင်၊ ကန်တော်ကြီးတို့လို နေရာတွေမှာ စိတ်အေးလက်အေး အနားယူကြပေါ့။ စားစရာတွေကိုလည်း တစ်ခါတည်းသယ်သွားပြီး စားလိုက်၊ နားလိုက်၊ စကားပြောလိုက်လုပ်ရတာ အတော်လေးစိတ်ချမ်းသာရမယ်။

၄။ ဒင်နာပါတီ

ဒါကတော့ သူငယ်ချင်းတစ်ယောက်ယောက်အိမ်မှာစုပြီး ဆုံကြဖို့ပါ။ အကုန်စုပြီး ချက်ကြပြုတ်ကြ၊ ညနေစာစားရင်း စကားတွေပြောကြမယ်။ သီချင်းလေးဘာလေးဆိုလို့လည်းရတာပဲ။

၅။ ပရဟိတ

Spice-Girls-got-playful-London-February-1997-Comic-Relief.jpg 

ကုသိုလ်လည်းရ၊ အပေါင်းအသင်းတွေလည်း ခင်မင်မှုတွေ တိုးပွားကြမယ့် အစီအစဉ်ပေါ့။ ပရဟိတလုပ်ငန်းတွေကို အဖွဲ့လိုက်လုပ်ကြတာဆိုတော့ ပျော်ပျော်ရွှင်ရွှင်ရှိပြီး ပင်ပန်းတယ်လို့ကိုမထင်တော့ဘူးလေ။

Share

Loading Next Article...
က္က