ထင်မထားတဲ့အရာလေးတွေကြောင့်ပဲ အကြီးကြီးတွေဖြစ်ကုန်တာ။

ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်စေ၊ ကိုယ်သိတဲ့ အသိုင်းအဝိုင်းထဲကဖြစ်စေ လက်ထပ်ပြီးမှ ကွာရှင်းသွားကြတာတွေကို တွေ့ဖူး၊ ကြားဖူးကြမှာပါ။ အိမ်ထောင်ရေးပြိုကွဲရတဲ့ အဓိကအကြောင်းရင်းတွေထဲမှာ အနေဝေးတာတွေ၊ ငွေရေးကြေးရေးကြောင့်တွေလည်း ပါဝင်နေသလို ခုလိုမျိုး အူကြောင်ကြောင်နိုင်တယ်လို့ ထင်ရတဲ့ အချက်တွေကြောင့်လည်း အိမ်ထောင်ရေးပြိုကွဲနိုင်ပါတယ်။ ဒါတွေကိုကြည့်လိုက်ရင် ဘာမှမဟုတ်ဘူးလို့ ထင်ရပေမဲ့ ဒီအကြောင်းရင်းတွေဟာ အိမ်ထောင်ရေးပြိုကွဲမှုနဲ့တော့ သေချာပေါက် ဆက်စပ်နေလေ့ရှိပါတယ်။

၁။ အလုပ်နဲ့အိမ် အလှမ်းဝေးလွန်းတယ်

crazy-divorce-causes-s1.jpg 

ဇနီးသည်က အိမ်မှုကိစ္စတွေလုပ်ရင်း ခင်ပွန်းရဲ့အိမ်ပြန်ချိန်ကို စောင့်မျှော်နေကြရတာပါ။ အလုပ်ကနေ အိမ်ကိုပြန်လာဖို့ ခရီးကဝေးလွန်းရင်လည်း အဆင်မပြေဖြစ်ရတယ်။ ဒီကြားထဲ ကားတွေပိတ်နေလို့ အိမ်ပြန်ချိန်တွေ မိုးချုပ်ပါများရင် ဇနီးသည်က ငြိုငြင်လာတယ်။ ခင်ပွန်းကလည်း အလုပ်မှာပင်ပန်း၊ အပြန်ခရီးမှာ စိတ်မောလူမောဖြစ်ခဲ့တာကြောင့် အိမ်ရောက်တာနဲ့ မိသားစုကိုအချိန်မပေးနိုင်တော့ဘဲ နားချင်စိတ်ပဲရှိတော့တယ်။ နေ့စဉ်ရက်ဆက် ဒီလိုဖြစ်နေရင်တော့ အိမ်ထောင်ရေးမှာ ကတောက်ကဆတွေဖြစ်လာပြီး အဆင်မပြေမှုတွေရဲ့ ကြုံရပါလိမ့်မယ်။

၂။ သူငယ်ချင်းတွေရဲ့လွှမ်းမိုးမှု

crazy-divorce-causes-s2.jpg 

အခင်ဆုံးသူငယ်ချင်းတွေက အိမ်ထောင်ပြုကုန်ပြီ၊ ကိုယ်ပဲကျန်တော့တယ်။ ဒီလိုနဲ့ပဲ ဟိုလူစ၊ ဒီလူနောက်တဲ့ဒဏ်ကလည်းလွတ်အောင် အိမ်ထောင်ပြုလိုက်ကြသူတွေရှိတယ်။ အဲ့ဒီနည်းတူစွာပဲ သူငယ်ချင်းတွေက အိမ်ထောင်ပြိုကွဲသွားတဲ့အခါ သူငယ်ချင်းကိုတွယ်တာလွန်းသူဆိုရင် ရိုက်ခတ်မှုတွေရှိလာနိုင်ပါတယ်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူငယ်ချင်းကိုတွယ်တာလွန်းတာက အိမ်ထောင်ရေးကို သက်ရောက်မှု အနည်းနဲ့အများဆိုသလို ရှိနေပြန်ပါတယ်။

၃။ အိမ်မှုကိစ္စတွေကို ညီတူမျှတူခွဲလုပ်တယ်

crazy-divorce-causes-s5.jpg

အိမ်မှုကိစ္စဆိုတာ အမျိုးသမီးတွေချည်းပဲ လုပ်စရာမလိုဘူး။ အမျိုးသားတွေလည်း ပါဝင်ကူညီသင့်ပါတယ်။ ဒါပေမဲ့ တစ်ယောက်တစ်ဝက် ၅၀ % စီ ခွဲခြားပြီး လုပ်ကြတာကတော့ အိမ်ထောင်ရေးနဲ့မတူတော့ဘဲ အလုပ်သဘောဆန်လွန်းသွားပါတယ်။ ဒီလိုခွဲခြားလုပ်ဆောင်ကြတဲ့အခါ အိမ်ထောင်ရေးမှာ ပျော်ရွှင်မှုနည်းသွားစေပြီး အိမ်ထောင်ဖက်အပေါ်ပေးကမ်းဖြည့်ဆည်းမှု၊ ရင်းနှီးမှုတွေ လျော့သွားပါတယ်။

၄။ ရည်းစားများခဲ့တဲ့ဇနီးသည်

crazy-divorce-causes-s7.jpg 

ဇနီးဖြစ်သူဟာ အရင်တုန်းက ရည်းစားတွေအများကြီးထားခဲ့မယ်၊ အဲ့ဒီရည်းစားတွေနဲ့ လိင်မှုရေးရာ နှီးနှောခဲ့မယ်ဆိုရင်လည်း အိမ်ထောင်ရေးပြိုကွဲနိုင်ခြေ များပါတယ်။ အိမ်ထောင်မပြုမီက ခင်ပွန်းသည်မဟုတ်ဘဲ အခြားယောကျ်ားနှစ်ဦးနဲ့အထက် လိင်ဆက်ဆံခဲ့ဖူးမယ်ဆိုရင် အိမ်ထောင်ရေးပြိုကွဲနိုင်ခြေက ၂၅% မှ ၃၀% ဝန်းကျင်အထိ ရှိနေတယ်လို့ အမေရိကန်ပြည်ထောင်စုရှိ Utah တက္ကသိုလ်ရဲ့ National Survey of Family Growth လေ့လာမှုအချက်အလက်များအရ သိရပါတယ်။

Source : Men Health


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က