တချို့အရာတွေကတော့ အက်ကွဲသွားတဲ့ ကြွေပန်းကန်တစ်ချပ်လိုပါပဲ။

သမီးရည်းစားဆက်ဆံရေး relationship တစ်ခုလိုပဲ။ အချစ်ဆုံးသူငယ်ချင်းတွေကြားမှာလည်း အကြောင်းကြောင်းကြောင့် ဝေးကွာသွားရတဲ့ အခိုက်အတန့်လေးတွေရှိပါတယ်။ သူငယ်ချင်းနှစ်ယောက် လူ တစ်ယောက်တည်းကို ပြိုင်တူချစ်မိတာတို့၊ သူငယ်ချင်း ချင်းယုံကြည်မှုကို သစ္စာဖောက်မိတာတို့က အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကို ဝေးကွာသွားစေနိုင်တဲ့ အကြောင်းအရင်းတွေထဲက တချို့ပါပဲ။



 

လူ အချင်းချင်း ဆက်ဆံရေးတွေမှာဖြစ်တတ်တဲ့ ထုံးစံတွေလိုပါပဲ။ တချို့အရာတွေက အချိန်တစ်ခုကြာရင် ပြန်လည်ကုစားနိုင်ပေမယ့် တချို့အရာတွေကတော့ အက်ကွဲသွားတဲ့ ကြွေပန်းကန်တစ်ချပ်လိုပါပဲ။ ဘယ်လိုမှ ပြန်ဆက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဝမ်းနည်းပေမယ့်လည်း လက်ခံလိုက်ရမယ့်အမှန်တရားတွေပါ။ ကိုယ့်အချစ်ဆုံး သူငယ်ချင်းတစ်ယောက် ကိုယ့်အနားမှာ ဆက်ရှိမနေချင်တော့ဘူးဆိုရင် အသည်းကွဲရပေမယ့် ကုစားလို့ရပါသေးတယ်။

၁။ အချိန်ယူပြီး ရဲရဲရင်ဆိုင်ပါ

feel_the_nature_by_ivonart.jpg

အချိန်ဆိုုတာ အကောင်းဆုံးသမားတော်ပါ။ သူငယ်ချင်းတစ်ယောက်ကို ဆုံးရှုံးရတာ ရင်နာဖို့ကောင်းတာမှန်ပေမယ့် အဖြစ်မှန်ကိုတော့ ရင်ဆိုင်ရမှာပါပဲ။ နာကျင်မှု ဝေဒနာကို မာနနဲ့ဖုံးကွယ်ထားတာတို့၊ ဘာမှမဖြစ်သလိုဟန်ဆောင်နေတာတို့က တစ်ခဏတာအချိန်တိုလေးအတွင်းမှာ အဆင်ပြေနိုင်သလိုရှိပေမယ့် ကြာလာရင်အဲဒီအဖြစ်အပျက်ကနေ ရုန်းထွက်ဖို့ ပိုမိုခက်ခဲလာမှာပါ။

ဒါကြောင့် အကောင်းဆုံးကတော့ မိမိမှာ အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ရှိခဲ့တယ်။ အကြောင်းကြောင်းကြောင့် သူထွက်သွားခဲ့တယ်။ ရှိနေချိန်မှာ အကောင်းဆုံး၊ အရိုးသားဆုံး ဆက်ဆံပေးခဲ့တယ် ဆိုတဲ့ အသိနဲ့ပဲ အဖြစ်မှန်ကို ရဲရဲကြီးရင်ဆိုင်လိုက်ပါ။

၂။ အမှတ်တရဟောင်းတွေကို ဖျက်ပစ်ပါ

ဒီလူဟာ ကိုယ့်ဘဝထဲမှာဆက်ရှိမနေတော့တာ သေချာနေပြီပဲ။ Text message အဟောင်းတွေ၊ အီးမေးလ်အဟောင်းတွေကို ပြတ်ပြတ်သားသား ဖျက်ပစ်ပါ။ မဟုတ်ရင် စိတ်ပျော့ညံ့တဲ့အချိန် (အလုပ် အရမ်း ပင်ပန်းတဲ့အချိန်) မျိုးမှာ ပြန်သွားဖတ်မိနေပါဦးမယ်။ သူငယ်ချင်းတစ်ယောက်နဲ့ဝေးရတဲ့အချိန်မှာ ဒါတွေကိုပြန်ဖတ်မိတာက အတိတ်ကိုပြန်တွေးမိပြီး မိမိကိုယ်မိမိ နာကျင်အောင်လုပ်မိတာပဲ ရှိပါလိမ့်မယ်။

တကယ်လို့ တစ်ချိန်ချိန်ဆိုတာ မျှော်လင့်ထားရင်တော့ အဲဒီအရာတွေကို မဖျက်ပစ်ဘဲ မိမိရဲ့ကွန်ပျူတာ၊ ဖုန်းတွေထဲက ရှင်းထုတ်ပြီး USB memory stick တစ်ချောင်းထဲ ရွှေ့ထားလိုက်ပါ။ ပြီးရင် အမေ (သို့) မိသားစုဝင်တစ်ဦးဆီမှာ အပ်ထားလိုက်ပါ။ ဒီအဖြစ်အပျက်တွေကြောင့် နာကျင်မှုတွေမခံစားရတော့ဘူးဆိုတဲ့အချိန်ကျရင် အမှတ်တရတွေအဖြစ် ပြုံးပြုံးလေး ပြန်ထုတ်ကြည့်နိုင်တာပေါ့။

၃။ ဆိုရှယ်မီဒီယာပေါ်မှာ unfriend/ block လုပ်လိုက်ပါ

facebook.jpg 

ဆိုရှယ်မီဒီယာဟာ နေ့စဉ်ဘဝတွေရဲ့တစ်စိတ်တပိုင်းဖြစ်လာတဲ့အတွက် ဆိုရှယ်မီဒီယာပေါ်မှာ သူ့ပုံတွေ၊ စာတွေမြင်နေရရင်လည်း ခင်ဗျးကို စိတ်အနှောင့်အယှက်ဖြစ်စေမှာပါ။ တကယ်လို့ ခင်ဗျားကို သူငယ်ချင်းဟောင်းတစ်အုပ်စုလုံးက ဝိုင်းကြဉ်လိုက်တာမျိုးဆိုရင် သူတို့အုပ်စု လျှောက်လည်ပတ်ပြီး ပျော်ပါးနေတဲ့ပုံတွေကို မြင်ရရင် အတိတ်ကိုပြန်တွေးမိပြီး စိတ်မကောင်းဖြစ်ရ၊ ရင်နာရမှာပါ။ ဒါကြောင့် စိတ်ပြတ်ပြတ်နဲ့ပဲ Unfriend/ block လုပ်လိုက်ပါ။

၄။ ဓာတ်ပုံတွေကို ဝဲလိုက်ပါ

အိပ်ခန်းနံရံပေါ်မှာကပ်ထားတဲ့ သူငယ်ချင်းတွေစုရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ ဆိုရှယ်မီဒီယာပေါ်မှာတင်ထားတဲ့ check-in ပုံတွေ၊ ဖုန်း gallery ထဲက တူတူဆွဲထားတဲ့ selfie (ဆယ်လ်ဖီ) တွေ။ အားလုံးကို သူ့နည်းသူ့ဟန်နဲ့ဝဲထုတ်လိုက်ပါ။ အဲဒီမှတ်ဉာဏ်တွေအားလုံးက အသည်းကွဲနေတဲ့အချိန်မှာတော့ ခင်ဗျားကို ပိုမိုနာကျင်အောင် နှိပ်စက်မယ့် လက်နက်တွေပါပဲ။

၅။ ချရေးပါ

writing-1209121_960_720.jpg 

စာအုပ်နဲ့ ဘောပင်ကိုင်ပြီး ဒိုင်ယာရီစာအုပ်ထဲမှာချရေးရတာက ခေတ်စားသေးလားတော့ မသိပေမယ့် မိမိခံစားချက်တွေကို ဖော်ထုတ်/ဖော်ပြရာမှာ အကောင်းဆုံးနည်းလမ်းတစ်မျိုးပါပဲ။ ခင်ဗျားမှာ ချရေးစရာ ဒေါသဖြစ်တဲ့ခံစားချက်တွေ၊ ဝမ်းနည်းတဲ့ ခံစားချက်တွေ ရှိပါလိမ့်မယ်။ ဒါတွေကို စာရွက်ထဲမှာချရေးလိုက်တာက စိတ်ခံစားချက်တွေကို အတိုင်းအတာတစ်ခုထိ ပေါ့ပါးသွားစေပါတယ်။ စမ်းကြည့်ကြည့်ပါ။

၆။ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့

အရာအားလုံးက ကံစီမံရာပါပဲ။ တွေ့ဆုံဖို့ ကံပါလာလို့ တွေ့ဆုံကြရတယ်။ ခင်မင်ဖို့ ကံပါလာလို့ ခင်မင်ကြရတယ်။ ကွဲကွာဖို့ ကံပါလာရင်တော့လည်း ကွဲကွာကြရမှာပေါ့နော်။ ခင်ဗျားလုပ်ခဲ့တဲ့ အမှားကြောင့် ဖြစ်ချင်ဖြစ်မယ်။ သူလုပ်ခဲ့တဲ့ အမှားကြောင့် ဖြစ်ချင်ဖြစ်မယ်။ အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ကြပြီဆိုရင်တော့ ဒါတွေကို ဘယ်သူ့အပြစ်ဆိုပြီး လိုက်လံဖော်ထုတ်နေတာ အလကားပါပဲ။ မိမိကိုယ်ကိုယ် အပြစ်တင်မိခြင်းကလည်း ဘာကိုမှ ပြန်လည်ပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကံစီမံရာလို့ပဲ သဘောထားလိုက်ပါ။

Source: wikihow


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က