ကိုယ့်ချစ်သူကို ကိုယ်တိုင်က အထင်သေးနေမှတော့ ဘယ်လိုလုပ် ယုံကြည်ချက်ရတော့မလဲ။

ချစ်ရသူနဲ့ သေတစ်ပန် သက်တစ်ဆုံး ပေါင်းချင်ပါရဲ့။ ပြတ်သွားတော့လည်း ကြေကွဲရ၊ ခံစားရတာပါပဲ။ ဘယ်တော့ ပြတ်မလဲဆိုတာ ကြိုပြောလို့မရနိုင်ပေမဲ့ ဒီလေးခုကတော့ အချစ်ရေးဆုံးခန်းတိုင်မယ့်အရာတွေပါ။



၁။ ဝေဖန်မှု

Criticism-in-relationship-kitchen-768x759.jpeg 

မကြိုက်လို့ မကြိုက်ဘူးပြောတာ ကိစ္စမရှိဘူး။ ဝေဖန်တာကတော့ အဆိုးတွေချည်း ပြောနေတာဆိုရင် အခြေအနေမကောင်းဘူး။ အကြံပေးတာ၊ ကူညီတာမပါတဲ့ ဝေဖန်မှုဟာ ဘယ်သူမှလက်မခံနိုင်တဲ့အရာပါ။

၂။ အထင်သေးခြင်း

man-with-hand-squeezing-eyes-and-woman-looking-down-beside-him.jpg 

ဘာထူးလဲ။ ဝေဖန်ခြင်းရဲ့နောက်မှာ ကပ်ပါလာတဲ့အရာလေ။ ကိုယ့်ချစ်သူကို ကိုယ်တိုင်က အထင်သေးနေမှတော့ ဘယ်လိုလုပ် ယုံကြည်ချက်ရတော့မလဲ။ ဒီလိုစိတ်ရှိရင် အချစ်ရေးကြာကြာမခံဘူး။ ပြတ်တော့မှာ။

၃။ ကိုယ့်ဘက်ကိုယ်ယက်

relationship-issue-criticism.jpg 

စကားများရန်ဖြစ်တိုင်း တစ်ဖက်ကိုမကြည့်ဘူး။ သူ့ဘက်သူပဲကြည့်တယ်။ ကိုယ်မှန်တယ်၊ သူမှားတယ်လို့ပဲ ပြောနေသမျှ ဘယ်သူကမှ ကြာကြာသည်းမခံနိုင်ဘူးနော်။ အတ္တကြီးတဲ့စိတ်က အတော်ဆိုးတာ။

၄။ မဖြေရှင်းဘူး

Screen-Shot-2017-06-30-at-2.20.09-PM.png

သံသယတွေ၊ အဆင်မပြေမှုတွေရှိလာရင် သေသေချာချာ ရှင်းပြရပါမယ်။ ရှင်းပြလို့မရဘူးဆိုရင်လည်း မရရအောင် ရှင်းပြရမှာပဲ။ ချော့ရမှာပဲ။ မရလို့ လွှတ်ထားလိုက်ပြီဆိုရင်တော့ ပြတ်ပြီလို့သာ မှတ်ပါတော့။ လူဆိုတာ သံသယစိတ်ကြီးနဲ့ ဘယ်လိုဆက်ချစ်နိုင်မှာလဲနော်။

Source : Bakadesyyo


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က