စားသောက်ဆိုင်တစ်ဆိုင်မှာ သူငယ်ချင်းတွေအုပ်စုလိုက်ကြီး ထိုင်တဲ့အခါ စားပြီးသောက်ပြီးလို့ ဘေလ်ရှင်းကြတော့မယ်ဆိုရင် ကျသင့်ငွေ စုုစုပေါင်းကို တစ်ယောက်ဘယ်လောက်ဆိုပြီး မျှဝေပြီး ရှင်းကြတာကို "going Dutch" လို့ အင်္ဂလိပ်လိုခေါ်ပါတယ်။
Thiha Htun

စားသောက်ဆိုင်တစ်ဆိုင်မှာ သူငယ်ချင်းတွေအုပ်စုလိုက်ကြီး ထိုင်တဲ့အခါ စားပြီးသောက်ပြီးလို့ ဘေလ်ရှင်းကြတော့မယ်ဆိုရင် ကျသင့်ငွေ စုုစုပေါင်းကို တစ်ယောက်ဘယ်လောက်ဆိုပြီး မျှဝေပြီး ရှင်းကြတာကို "going Dutch" လို့ အင်္ဂလိပ်လိုခေါ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီလို ကုန်ကျစရိတ်ကို မျှဝေကျခံကြတာကို အမေရိကန်စစ်စတမ်လို့ခေါ်ပေမယ့် အဲဒါဟာ မှားယွင်းတဲ့ အခေါ်အဝေါ်တစ်ခု ဖြစ်ပါတယ်။

 

ဟုတ်ပြီ။ ဒါဆိုရင် အဲဒီလို ကိုယ်စားသလောက်ကိုယ်ရှင်း (သို့) ကျသင့်ငွေစုစုပေါင်းကို အချိုးကျစိုက်ထည့်တာကို ဘာလို့ "going Dutch" လို့ခေါ်တာလဲ။ Dutch (ဒတ်ချ်) ဆိုတာ နယ်သာလန်လူမျိုးတွေကို ခေါ်တာဖြစ်ပြီး အဲဒီလို ဒတ်ချ်စစ်စတမ်နဲ့ ရှင်းတယ်ဆိုတာ ဒတ်ချ်လူမျိုးတွေနဲ့ ဘယ်လိုပတ်သက်ပါသလဲ။ အဲဒီမေးခွန်းရဲ့နောက်ကွယ်မှာ အဖြေတစ်ခုရှိနေပါတယ်။

"Going Dutch" (ဒတ်ချ်စတိုင်လ်အတိုင်း) ဆိုတာကို ဘာလဲ

going_dutch_turkey.jpg 

တကယ်တမ်းကျတော့ လူသုံးများတဲ့ အဲဒီစကားဟာ ဒတ်ချ်လူမျိုးတွေကို ရည်ညွှန်းထားတာမဟုတ်ပါဘူး။ သူတကယ် ရည်ညွှန်းထားတာက ဂျာမန်လူမျိုးတွေကိုပါ။ ၁၇ ရာစုနဲ့ ၁၈ ရာစုနောက်ပိုင်းမှာ ဂျာမန်စကားပြောတဲ့ လူအများစုဟာ အမေရိကန်ပြည်ထောင်စုကို ခိုလှုံလာကြပါတယ်။ အထူးသဖြင့် ပန်ဆယ်လ်ဗေးနီးယားပြည်နယ်ကိုပေါ့။ အဲဒီအချိန်တုံးက ဥရောပတိုက်မှာ ဂျာမနီနိုင်ငံမှာ နေထိုင်တဲ့ လူတွေကို "High Dutch" လို့ နာမည်ပြောင်ပေးထားကြပါတယ်။ ဒီလိုနဲ့ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်က ဂျာမန်တွေကိုလည်း ပန်ဆယ်လ်ဗေးနီးယား ဒတ်ချ်ဆိုပြီး ခေါ်ဝေါ်ကြပါတယ်။

အဲဒီမှာ ပန်ဆယ်လ်ဗေးနီးယားဒတ်ချ်တွေဟာ အကြွေးမထားတတ်တဲ့နေရာမှာ နာမည်ရလာပုံပေါ်ပါတယ်။ သူတို့ဟာ စားသောက်ဆိုင်တွေမှာ ဘယ်တော့မှအကြွေးမစားတတ်ဘဲ သူတို့ရဲ့ကျသင့်ငွေကို တိတိကျကျရှင်းတတ်ကြပါတယ်။ ဒီလိုနဲ့ မိမိပေးရမယ့်ငွေပမာဏကို အတိအကျပေးတဲ့သူတွေကို "going dutch" ဆိုတဲ့ ဗန်းစကားနဲ့ခေါ်ဝေါ်သုံးစွဲလာကြတာဖြစ်ပါတယ်။

ဒီတစ်မျိုးတည်းမဟုတ်ပါဘူး

going-dutch.jpg 

နောက်ပြီး "going Dutch" ဆိုတာ အဲဒီလို စားသောက်ဆိုင်တွေမှာ ငွေရှင်းတာ၊ မိမိပေးဆောင်ရမယ့် ငွေကြေးကို အတိအကျပေးဆောင်တာတွေနဲ့ ဆက်နွယ်နေတဲ့ "Dutch" ဆိုုတဲ့ စကားလုံးပါတဲ့ တစ်ခုတည်းသော အသုံးအနှုန်းမဟုတ်ပါဘူး။ ၁၈၇၃ ခုနှစ်တုံးက ဒီမိုကရက် နေ့စဉ်သတင်းစာက ဘီယာဆိုင်မှာ အရက်၊ ဘီယာသောက်သုံးသူတွေဟာ "the Dutch treat" လို့ခေါ်တဲ့ ညီတူညီမျှ စနစ်နဲ့ ပိုက်ဆံရှင်းမယ်ဆိုရင် အရမ်းကြီးဆူညံပွက်လောရိုက်နေမှာ မဟုတ်ပါဘူးလို့ ကာတွန်းဆွဲပြီး ဖော်ပြခဲ့ပါတယ်။

၁၈၉၇ ခုနှစ်မှာလည်း မနက်ခင်းဂျာနယ်မှာ ဆောင်းပါးရှင်တစ်ယောက်က သူနဲ့ သူ့ သူငယ်ချင်းတွေ "Dutch lunch" ပလန်နဲ့ သွားစားဖို့ စီစဉ်ထားကြောင်း ဆောင်းပါးထဲမှာ ဖော်ပြထားပါတယ်။ နောက်ပိုင်းမှာတော့ "going Dutch" ဆိုတဲ့ အသုံးက လူသုံးအများဆုံးဖြစ်လာခဲ့ပါတယ်။ အဓိပ္ပာယ်တွေကတော့ အကုန်တူတူပါပဲ။

ကမ္ဘာသုံးဗန်းစကား

dutchhed.jpg 

နောက်ပိုင်းမှာ သူငယ်ချင်းတွေမုန့်စုစားတာပဲဖြစ်ဖြစ်၊ အွန်လိုင်းမှာသိတဲ့အသိတွေ အပြင်မှာတွေ့ကြတာပဲဖြစ်ဖြစ် ကျသင့်ငွေဘေလ်ကို မျှဝေကျခံကြတာ တစ်ကမ္ဘာလုံးမှာ လိုက်နာကျင့်သုံးလာကြတဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်လာပါတယ်။ ဒီတော့ "going Dutch" ဆိုတဲ့စကားကလည်း တစ်ကမ္ဘာလုံးမှာ ခေတ်စားလာပါတယ်။

ဒါပေမယ့် ဒီစကားကိုပဲ အီဂျစ်လူမျိုးတွေက အင်္ဂလိပ်စတိုင်လ်လို့ခေါ်ပြီး ပါကစ္စတန်ကလူတွေကတော့ အမေရိကန်စနစ်လို့ခေါ်ပါတယ်။ တူရကီလူမျိုးတွေကတော့ ဂျာမန်စနစ်အတိုင်းလို့ ခေါ်ဝေါ်သုံးနှုန်းကြပါတယ်။ ဒါပေမယ့် မူလဘူတစကားအမှန်ကတော့ "going Dutch" (ဒတ်ချ်စတိုင်လ်အတိုင်း) ဖြစ်ပါတယ်။

Source: Reader's Digest


Author


က္က