• Relationships
    သင် ဘာကြောင့် single ဖြစ်နေရတာလဲ
Thiha Htun
[Unicode Version]

Single (တဖြစ်လဲ) FA ဆိုတာ တစ်ကိုယ်တည်း အပျိုကြီး (သို့) လူပျိုကြီးတွေကို ညွှန်းဆိုတာပါ။ ကမ္ဘာပေါ်မှာ ဘယ်နေရာကိုပဲ သွားသွား၊ အတွဲတွေကို ပျားပန်းခတ်အောင် တွေ့နေရပြီး ကိုယ်တစ်ယောက်တည်း အဖော်မဲ့နေတာကို ဖီးလ်နေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးက ခင်ဗျားအတွက်ပါပဲ။ ကိုယ်ဘာကြောင့် single ဖြစ်နေလဲဆိုတာကို သိထားမှ single ဘဝက လွတ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း သိနိုင်မှာမဟုတ်ပါလား။

၁။ အလုပ်အရမ်းများလို့

img_33665.jpg 

တကယ်လို့ ခင်ဗျားဟာ ဘယ်အရာကိုမဆို ကိုယ်တိုင်လုပ်ချင်တဲ့ control freak တစ်ဦးဖြစ်နေမယ်ဆိုရင် ဘဝက အရမ်းအလုပ်ရှုပ်နေနိုင်ပါတယ်။ တကယ်တမ်းကျတော့ သမီးရည်းစားဆက်ဆံရေး တစ်ခုဆိုတာ အချိန်တွေ၊ ငွေတွေ၊ ခွန်အားတွေ၊ စိတ်ခံစားချက်တွေအများကြီးကို ရင်းနှီးမြှုပ်နှံရတဲ့ အရာတစ်မျိုးဖြစ်နေတတ်ပါတယ်။ တကယ်လို့ ခင်ဗျားဟာ မိမိချစ်သူကို အချိန်မပေးနိုင်လောက်အောင် အလုပ်များနေတဲ့ လူတစ်ယောက်ဖြစ်နေမယ်ဆိုရင် ဘယ်သူက ရေရှည်စိတ်ရှည်နိုင်မလဲ။ ဒါဟာလည်း သင် ခုချိန်ထိ လူပျိုကြီး၊ အပျိုကြီးဖြစ်နေသေးတဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေနိုင်ပါတယ်။

၂။ လွတ်လပ်မှုကို မြတ်နိုးလို့

636016186501564018-958448680_travel.jpeg 

ဉာဏ်ကောင်းတဲ့အတွဲတွေကတော့ တစ်ခါတလေမှာ တစ်ယောက်တည်းနေတာက မရှိမဖြစ်လိုအပ်တဲ့ အရာတစ်မျိုးဆိုတာကို နားလည်သဘောပေါက်ကြပါတယ်။ အထူးသဖြင့် စိတ်ဓာတ်ခိုင်မာတဲ့ လူတွေက တစ်ယောက်တည်းနေရမှာကို မကြောက်ကြပါဘူး။ အမှန်တကယ်တော့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ အတူတူနေချိန်ကို မျှတအောင်ထားနိုင်တဲ့ အတွဲတွေလည်းရှိကြပါတယ်။ ဒါပေမယ့် တကယ်လို့ သင်ဟာ သင့်ရဲ့လွတ်လပ်မှုကို အရမ်းမြတ်နိုးတယ်ဆိုရင်တော့ ရည်းစားထားဖြစ်၊ အိမ်ထောင်ပြုဖြစ်မှာ မဟုတ်တော့ပါဘူး။

၃။ အခြေအနေသစ်တစ်ခုကို ရင်ဆိုင်နေရလို့

pms-high-blood-pressure.jpg 

ဘဝမှာ ကြီးမားတဲ့အပြောင်းအလဲတစ်ခုကို ရင်ဆိုင်နေရချိန် (ဥပမာ... ကျောင်းအသစ်တစ်ခုကို ပြောင်းတာတို့၊ အလုပ်သစ်ပြောင်းတာတို့၊ ရည်းစားဟောင်းနဲ့ ပြတ်သွားတာတို့) မှာဆိုရင် ရည်းစားထားတာလိုမျိုး အပူများမယ့် အလုပ်မျိုးကို လုပ်မိမှာမဟုတ်သေးပါဘူး။ အခြေအနေသစ်နဲ့ အသားကျတဲ့အထိ စောင့်ဆိုင်းပြီးမှ ရည်းစားထားတာက အဲဒီအချိန်မှာ အကောင်းဆုံးပါပဲ။

၄။ ရည်းစားဟောင်းကို မမေ့နိုင်သေးဘူး

unhappy-at-work.jpg 

ရည်းစားဟောင်းဆိုတာ ညှိမ်းသတ်လို့မရနိုင်တဲ့ မီးတောက်ဟောင်းလေးတစ်စပါပဲ။ ရည်းစားဟောင်းအပေါ်မှာ ခံစားချက်တွေမကုန်ခမ်းသေးဘူးဆိုရင်လည်း သင်ဟာ တစ်ကိုယ်တည်းနေဖြစ်နေဦးမှာပါပဲ။ အဟောင်းအပေါ်ခံစားချက်တွေ မကုန်ခမ်းသေးဘဲ အသစ်မထားတာဟာ အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။

ယောကျ်ားယူဖို့ထက် ပိုပြီးပျော်ရွှင်စေမယ့်အရာ (၈) မျိုး 

၅။ ကိုယ်ဘာကိုလိုချင်မှန်း မသိဘူး

kcKoLp6gi.jpg 

တချို့လူတွေ ရုပ်လဲရှိတယ်။ ပညာလည်းတတ်တယ်။ မိဘအသိုင်းအဝိုင်းလည်းကောင်းတယ်။ ဒါပေမယ့် တစ်ကိုယ်တည်းဖြစ်နေတတ်ပါတယ်။ အကြောင်းပြချက်ကတော့ ချေးများပြီး ကိုယ်ဘာလိုချင်မှန်းကို ကိုယ်တိုင်မသိလို့ပါပဲ။ ချစ်ခွင့်ပန်လာသမျှလူတွေ (သို့) ရေလာမြောင်းပေးလုပ်လာသမျှသူတွေကို ငြင်းလွှတ်ပြီး ကိုယ်ကိုယ်တိုင်လည်း ဘယ်လို လူမျိုးကို လက်တွဲဖော်အဖြစ် လိုချင်မှန်းမသိတဲ့အခါ single is the best ဆိုတဲ့ စကားကိုပဲ မချင့်မရဲနဲ့ ရေရွတ်ရတော့တာပါပဲ။

၆။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူး

Lack-of-confidence-620x340.jpg 

မိမိရဲ့ခန္ဓာကိုယ်အချိုးအစား၊ ရုပ်ရည်ရူပကာ၊ ဥစ္စာဓန အစရှိတာတွေအပေါ် ယုံကြည်မှုမရှိတဲ့အခါ ဘယ်အရာကိုမှ ရဲရဲဝံ့ဝံ့မပြောရဲ၊ မလုပ်ရဲတော့ပါဘူး။ ရည်းစားရဖို့ဆိုတာ ပြောရဲ၊ လုပ်ရဲဖို့ကလည်း လိုပါသေးတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကလည်းမရှိ၊ ကြောက်လည်းကြောက်တတ်တယ်ဆိုရင်တော့ ရည်းစားထားဖြစ်မှာ မဟုတ်သလို အမေပေးစားတဲ့သူနဲ့ ယူဖို့တောင် ခက်ခဲနေမှာပါ။

Source: Lifehack

 

[Zawgyi Version]

Single (တျဖစ္လဲ) FA ဆိုတာ တစ္ကိုယ္တည္း အပ်ိဳႀကီး (သို႔) လူပ်ိဳႀကီးေတြကို ညႊန္းဆိုတာပါ။ ကမၻာေပၚမွာ ဘယ္ေနရာကိုပဲ သြားသြား၊ အတြဲေတြကို ပ်ားပန္းခတ္ေအာင္ ေတြ႕ေနရၿပီး ကိုယ္တစ္ေယာက္တည္း အေဖာ္မဲ႔ေနတာကို ဖီးလ္ေနၿပီလား။ ဒါဆိုရင္ေတာ႔ ဒီေဆာင္းပါးက ခင္ဗ်ားအတြက္ပါပဲ။ ကိုယ္ဘာေၾကာင္႔ single ျဖစ္ေနလဲဆိုတာကို သိထားမွ single ဘဝက လြတ္ေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာကိုလည္း သိႏိုင္မွာမဟုတ္ပါလား။

၁။ အလုပ္အရမ္းမ်ားလို႔

 

တကယ္လို႔ ခင္ဗ်ားဟာ ဘယ္အရာကိုမဆို ကိုယ္တိုင္လုပ္ခ်င္တဲ႔ control freak တစ္ဦးျဖစ္ေနမယ္ဆိုရင္ ဘဝက အရမ္းအလုပ္ရႈပ္ေနႏိုင္ပါတယ္။ တကယ္တမ္းက်ေတာ႔ သမီးရည္းစားဆက္ဆံေရး တစ္ခုဆိုတာ အခ်ိန္ေတြ၊ ေငြေတြ၊ ခြန္အားေတြ၊ စိတ္ခံစားခ်က္ေတြအမ်ားႀကီးကို ရင္းႏွီးျမွဳပ္ႏွံရတဲ႔ အရာတစ္မ်ိဳးျဖစ္ေနတတ္ပါတယ္။ တကယ္လို႔ ခင္ဗ်ားဟာ မိမိခ်စ္သူကို အခ်ိန္မေပးႏိုင္ေလာက္ေအာင္ အလုပ္မ်ားေနတဲဲ႔ လူတစ္ေယာက္ျဖစ္ေနမယ္ဆိုရင္ ဘယ္သူက ေရရွည္စိတ္ရွည္ႏိုင္မလဲ။ ဒါဟာလည္း သင္ ခုခ်ိန္ထိ လူပ်ိဳႀကီး၊ အပ်ိဳႀကီးျဖစ္ေနေသးတဲ႔ အေၾကာင္းရင္းတစ္ခု ျဖစ္ေနႏိုင္ပါတယ္။

၂။ လြတ္လပ္မႈကို ျမတ္ႏိုးလို႔

 

ဉာဏ္ေကာင္းတဲ႔အတြဲေတြကေတာ႔ တစ္ခါတေလမွာ တစ္ေယာက္တည္းေနတာက မရွိမျဖစ္လိုအပ္တဲ႔ အရာတစ္မ်ိဳးဆိုတာကို နားလည္သေဘာေပါက္ၾကပါတယ္။ အထူးသျဖင္႔ စိတ္ဓာတ္ခုိင္မာတဲ႔ လူေတြက တစ္ေယာက္တည္းေနရမွာကို မေၾကာက္ၾကပါဘူး။ အမွန္တကယ္ေတာ႔ ကိုယ္ပိုင္လြတ္လပ္ခြင္႔နဲ႔ အတူတူေနခ်ိန္ကို မွ်တေအာင္ထားႏိုင္တဲ႔ အတြဲေတြလည္းရွိၾကပါတယ္။ ဒါေပမယ္႔ တကယ္လို႔ သင္ဟာ သင္႔ရဲ႕လြတ္လပ္မႈကို အရမ္းျမတ္ႏိုးတယ္ဆိုရင္ေတာ႔ ရည္းစားထားျဖစ္၊ အိမ္ေထာင္ျပဳျဖစ္မွာ မဟုတ္ေတာ႔ပါဘူး။

၃။ အေျခအေနသစ္တစ္ခုကို ရင္ဆိုင္ေနရလို႔

 

ဘဝမွာ ႀကီးမားတဲ႔အေျပာင္းအလဲတစ္ခုကို ရင္ဆိုင္ေနရခ်ိန္ (ဥပမာ... ေက်ာင္းအသစ္တစ္ခုကို ေျပာင္းတာတို႔၊ အလုပ္သစ္ေျပာင္းတာတို႔၊ ရည္းစားေဟာင္းနဲ႔ ျပတ္သြားတာတို႔) မွာဆိုရင္ ရည္းစားထားတာလိုမ်ိဳး အပူမ်ားမယ္႔ အလုပ္မ်ိဳးကို လုပ္မိမွာမဟုတ္ေသးပါဘူး။ အေျခအေနသစ္နဲ႔ အသားက်တဲ႔အထိ ေစာင္႔ဆိုင္းၿပီးမွ ရည္းစားထားတာက အဲဒီအခ်ိန္မွာ အေကာင္းဆံုးပါပဲ။

၄။ ရည္းစားေဟာင္းကို မေမ႔ႏိုင္ေသးဘူး

 

ရည္းစားေဟာင္းဆိုတာ ညွိမ္းသတ္လို႔မရႏိုင္တဲ႔ မီးေတာက္ေဟာင္းေလးတစ္စပါပဲ။ ရည္းစားေဟာင္းအေပၚမွာ ခံစားခ်က္ေတြမကုန္ခမ္းေသးဘူးဆိုရင္လည္း သင္ဟာ တစ္ကိုယ္တည္းေနျဖစ္ေနဦးမွာပါပဲ။ အေဟာင္းအေပၚခံစားခ်က္ေတြ မကုန္ခမ္းေသးဘဲ အသစ္မထားတာဟာ အေကာင္းဆံုး ဆံုးျဖတ္ခ်က္တစ္ခုလည္း ျဖစ္ေနႏိုင္ပါတယ္။

ေယာက်္ားယူဖုိ႔ထက္ ပိုၿပီးေပ်ာ္႐ႊင္ေစမယ့္အရာ (၈) မ်ိဳး 

၅။ ကိုယ္ဘာကိုလိုခ်င္မွန္း မသိဘူး

 

တခ်ိဳ႕လူေတြ ရုပ္လဲရွိတယ္။ ပညာလည္းတတ္တယ္။ မိဘအသိုင္းအဝိုင္းလည္းေကာင္းတယ္။ ဒါေပမယ္႔ တစ္ကိုယ္တည္းျဖစ္ေနတတ္ပါတယ္။ အေၾကာင္းျပခ်က္ကေတာ႔ ေခ်းမ်ားၿပီး ကိုယ္ဘာလိုခ်င္မွန္းကို ကိုယ္တိုင္မသိလို႔ပါပဲ။ ခ်စ္ခြင္႔ပန္လာသမွ်လူေတြ (သို႔) ေရလာေျမာင္းေပးလုပ္လာသမွ်သူေတြကို ျငင္းလႊတ္ၿပီး ကိုယ္ကိုယ္တိုင္လည္း ဘယ္လို လူမ်ိဳးကို လက္တြဲေဖာ္အျဖစ္ လုိခ်င္မွန္းမသိတဲ႔အခါ single is the best ဆိုတဲ႔ စကားကုိပဲ မခ်င္႔မရဲနဲ႔ ေရရြတ္ရေတာ႔တာပါပဲ။

၆။ ကိုယ္႔ကိုယ္ကိုယ္ ယံုၾကည္မႈမရွိဘူး

 

မိမိရဲ႕ခႏၶာကိုယ္အခ်ိဳးအစား၊ ရုပ္ရည္ရူပကာ၊ ဥစၥာဓန အစရွိတာေတြအေပၚ ယုံၾကည္မႈမရွိတဲ႔အခါ ဘယ္အရာကိုမွ ရဲရဲဝံ႕ဝံ႕မေျပာရဲ၊ မလုပ္ရဲေတာ႔ပါဘူး။ ရည္းစားရဖို႔ဆိုတာ ေျပာရဲ၊ လုပ္ရဲဖို႔ကလည္း လိုပါေသးတယ္။ ကိုယ္႔ကိုယ္ကိုယ္ ယံုၾကည္မႈကလည္းမရွိ၊ ေၾကာက္လည္းေၾကာက္တတ္တယ္ဆိုရင္ေတာ႔ ရည္းစားထားျဖစ္မွာ မဟုတ္သလို အေမေပးစားတဲ႔သူနဲ႔ ယူဖို႔ေတာင္ ခက္ခဲေနမွာပါ။

Source: Lifehack

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs