နှစ်ဘက်လုံးအတွက် ကောင်းကျိုးတွေ အများကြီးရှိပါတယ်။

အချစ်ရေးတစ်ခု ပြိုကွဲသွားတဲ့နောက်မှာ အချစ်ဟောင်းနဲ့ ပြန်ဆုံချိန်တိုင်းဟာ အနာပေါ် ဆားပက်လိုက်သလိုပဲ ခံရခက်လွန်းတယ်။ ဘယ်သူကမှ ဒီခံစားချက်ကို မလိုချင်ကြဘူးနော်။ ဒါပေမဲ့ ဟန်မပျက်လေးပဲ တည်ငြိမ်သလို နေကြရပါတယ်။ အဲ့ဒီအတွက် အကောင်းဆုံးစကားလုံးကတော့ "မိတ်ဆွေအဖြစ်နဲ့ ဆက်နေရအောင်" ဆိုတဲ့စကားပါ။

 

မိတ်ဆွေတွေအဖြစ်နဲ့ အခေါ်အပြောမပျက် ရှေ့ဆက်တယ်ဆိုတာ သူနဲ့ဇာတ်လမ်းပြန်ဆက်ဖို့ လမ်းကြောင်းခင်းတာလည်း မဟုတ်ပါဘူး။ အမုန်းတွေထက်စာရင် အခေါ်အပြောမပျက်လေး နေနိုင်တာက နှစ်ဘက်လုံးအတွက် ကောင်းကျိုးတွေ အများကြီးရှိပါတယ်။ မဒီ့အနေနဲ့ မြင်ရသလောက်ကို ပြောပြရမယ်ဆိုရင် ...

see also 

 

၁။ အချစ်သစ်နဲ့ ထပ်ဆုံတွေ့တဲ့အခါ စိတ်ညစ်ရတဲ့ ခံစားချက်တွေ ရှိမနေဘူး။ ကိုယ်ရောသူပါ လူကောင်းတွေမို့လို့ တစ်ယောက်ကိုတစ်ယောက် မချစ်တော့ပေမဲ့ မမုန်းကြတာ။ ဒီခံစားချက်ဟာ အချစ်နဲ့ပတ်သက်လာရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရစေတယ်။ စိတ်ခံစားချက် ကောင်းနေမှာ။

 

၂။ သူငယ်ချင်းအပေါင်းအသင်းတွေကြားမှာ မျက်နှာမပျက်ရဘူး။ သူနဲ့ပတ်သက်ပြီးသိကျွမ်းတဲ့ မိတ်ဆွေကောင်းတွေကိုလည်း လမ်းခွဲလို့ လက်လွှတ်လိုက်ရတာမရှိဘူး။

 

၃။ အပေါ်မှာပြောခဲ့သလို အချစ်နဲ့ပတ်သက်လာရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရနေတော့ နာကျင်ဝမ်းနည်းစရာတွေ မရှိနိုင်ဘူး။ ကိုယ့်ဘက်က စိတ်နှစ်ပြီး မျှော်လင့်ချက်အကြီးကြီးထားခဲ့တဲ့ အချစ်ရေးတစ်ခုက ပြိုလဲခဲ့တယ်ဆိုရင်တောင် အကြောင်းမတိုက်ဆိုင်လို့၊ ဖူးစာမပါလို့ဆိုတဲ့စိတ်လေးရနေလို့ ပူပန်သောကတွေလည်း နည်းပါလိမ့်မယ်နော်။

Share

Loading Next Article...
က္က