RS တစ်ခု (Relationship) တစ်ခုကို တူနှစ်ကိုယ် စတင်တည်ဆောက်တော့မယ်ဆိုရင် မဖြစ်မနေလိုက်နာရမယ့် အခြေခံ စည်းမျဉ်း စည်းကမ်းလေးတွေ ရှိပါတယ်။

RS တစ်ခု (Relationship) တစ်ခုကို တူနှစ်ကိုယ် စတင်တည်ဆောက်တော့မယ်ဆိုရင် မဖြစ်မနေလိုက်နာရမယ့် အခြေခံ စည်းမျဉ်း စည်းကမ်းလေးတွေ ရှိပါတယ်။ ဒီအခြေခံစည်းမျဉ်း စည်းကမ်းလေးတွေကို ချိုးဖောက်မိရင် ပြတ်ရင်ပြတ်၊ မပြတ်ရင်လည်း သာယာပျော်ရွှင်တဲ့ RS နိုင်ငံတော်ကြီးကို ထူထောင်နိုင်တော့မှာ မဟုတ်ပါဘူး။ သမီးရည်းစားတိုင်း လိုက်နာသင့်တဲ့ RS အခြေခံ စည်းမျဉ်းလေးတွေကတော့...

၁။ သစ္စာရှိပါ

behaviors-men-with-true-love.jpg 

သစ္စာတရားဆိုတာ RS တစ်ခုမှာ အရေးအကြီးဆုံးပါပဲ။ သစ္စာမရှိတဲ့ လူတစ်ယောက်၊ ခြံခုန်ဖူးတဲ့ လူတစ်ယောက်ကို ခွင့်လွှတ်မိရင်လည်း နောက်တစ်ကြိမ်မှာ ထပ်လုပ်ဦးမှာပါ။ သစ္စာလေးတောင် မရှိဘဲနဲ့ RS တစ်ခုကို ရှေ့ဆက်တိုးဖို့ဆိုတာလည်း ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သစ္စာရှိဖို့ဆိုတာ RS တစ်ခုရဲ့ အခြေခံအုတ်မြစ် စည်းမျဉ်းပါပဲ။

၂။ ပစ်ထားတယ်လို့ မခံစားရပါစေနဲ့

what-love-is-cover.jpg

RS တစ်ခုမှာ တန်ဖိုးထားတတ်ဖို့ကလည်း အရေးကြီးပါတယ်။ သူ ငါ့ကို ချစ်တာပဲဆိုပြီး စိတ်ချလက်ချ ပစ်ထားတာမျိုးတွေ မလုပ်မိပါစေနဲ့။ အချိန်ကြာလာရင် ကိုယ်မရှိလည်း နေနိုင်တဲ့ အခြေအနေဖြစ်သွားမှ ဟတ်ဖီးလ်ကြီးနဲ့ ဖီးလ်ကွေးရပါဦးမယ်။ အချိန်တိုင်းလိုက်ကပ်နေတာ၊ သဝန်လိုက်တိုနေတာက အာရုံနောက်စေနိုင်သလို အေးတိအေးစက်နဲ့ ပစ်ထားပြန်ရင်လည်း သံယောဇဉ်တွေ အေးခဲသွားနိုင်ပါတယ်။ မလျော့မတင်း၊ စောင်းကြိုးညှင်းဆိုသလို ပူးလိုက်ခွာလိုက် လုပ်ပေးမှသာ RS လေးက သာယာမှာပါ။

၃။ အပြန်အလှန်လေးစားမှု ရှိပါစေ

Never-Marry-A-Man-with-These-15-Habits-Even-If-You-Think-You-Love-Him-No.-4-Is-A-Deal-Breaker.jpg

သူ့အလုပ်အကိုင်ကို မလေးစားတာ၊ သူ့ယုံကြည်မှုကို မလေးစားတာမျိုး သွားလုပ်မိရင်တော့ အကြီးအကျယ်မှားပြီလို့သာ တွေးထားလိုက်ပါ။ ချစ်သူရည်းစားဆိုတာ သူတို့ ယုံကြည်ချက်နဲ့ ရပ်တည်မှုကို သူများတွေ နားမလည်နိုင်ရင် နေပါစေ။ ကိုယ့်ချစ်သူကိုတော့ နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ယုံကြည်ထားတာပါ။ ဒီလိုမဟုတ်ဘဲ အပြန်အလှန်လေးစားမှု မရှိခဲ့ရင်၊ နားလည်မှုမရှိခဲ့ရင် ခံစားရတဲ့ နာကျင်မှုဟာ ဘာနဲ့မှ မတူပါဘူး။ တစ်ခါတလေမှာ အဲဒီနာကျင်မှုမျိုးက သူတို့ကို ကိုယ်နဲ့ ပိုဝေးသွားအောင် တွန်းထုတ်စေနိုင်ပါလိမ့်မယ်။

၄။ တခြားသူတွေနဲ့ မအီပါနဲ့

06-cheating-signs-phone.jpg 

ဒါကတော့ ရှင်းပါတယ်။ ကိုယ့်မှာ RS ကြီးငုတ်တုတ်ရှိနေပြီဆိုရင် တခြားသူနဲ့ မအီရဘူးဆိုတာ လူတိုင်းသိပြီးသား အခြေခံစည်းမျဉ်းတစ်ခုပါပဲ။ ရည်းစားကလည်း ထားချင်၊ ချက်ဘောက်စ်မှာ လာဟိုင်းသမျှကိုလည်း ပြန်ကြူချင်တယ်ဆိုရင် (ဒါမှမဟုတ်) ချက်ဘောက်စ်မှာ သွားဟိုင်းချင်တယ်ဆိုရင် နောက်တစ်ချိန်မှာ ဖြစ်လာမယ့် ပြဿနာတွေကို ရဲရဲကြီးဖြေရှင်းနိုင်မယ့် အရည်အချင်းရှိဖို့ လိုပါလိမ့်မယ်။ ဒါပေမယ့် ဒီစည်းမျဉ်းကို မချိုးဖောက်ဘဲ နေနိုင်ရင် အကောင်းဆုံးပါပဲ။

၅။ အချိန်ပေးနိုင်ဖို့ ကြိုးစားပါ

8_Confessions_That_Reveal_Why_People_Cheat_08-1-1.jpg 

သမီးရည်းစားတော်တော်များများ ပြတ်သွားရတဲ့ အကြောင်းပြချက်တစ်ခုကတော့ အချိန်မပေးနိုင်လို့ပါပဲ။ ကြိုက်ခါစတုံးကတော့ တွေ့ဖို့အတွက် အချိန်မရှားပေမယ့် တွဲလာတဲ့ အချိန်တွေ များလာတဲ့အခါ ကိုယ့်ထက် ဦးစားပေးလာရမယ့် အရာတွေ များလာပါလိမ့်မယ်။ အလုပ်၊ မိသားစု၊ လူမှုရေး အစရှိသဖြင့်ပေါ့။ ဒါပေမယ့် ပျော်ရွှင်တဲ့ RS လေးတစ်ခုုဖြစ်ချင်တယ်ဆိုရင်တော့ မရ ရတဲ့ကြားက အချိန်ပေးနိုင်ဖို့ကို အားထုတ်ကြိုးပမ်းသင့်ပါတယ်။

Source: Pinterest

 

Share

Loading Next Article...
က္က