ကြားဖူးကြမှာပေါ့။ လူနက္ခတ်နဲ့ ဘီလူးနက္ခတ် မတည့်လို့ ပေါင်းသင်းဖို့ အဆင်မပြေတာတို့ ဘာတို့။

လူတစ်ယောက်နဲ့တစ်ယောက် စရိုက်လက္ခဏာတွေ တူညီနိုင်ကြမှာမဟုတ်ပါဘူး။ အထူးသဖြင့် သမီးရည်းစားတွေ စရိုက်လက္ခဏာ မတူကြတဲ့အခါ ပြဿနာလေးတွေရှိလာနိုင်ပါတယ်။ အဲဒီလို ပြဿနာလေးတွေ ရှိလာတဲ့အခါ တစ်ယောက်ရဲ့ စရိုက်လက္ခဏာကို တစ်ယောက်က ကြိုသိထားရင် ပြဿနာဖြေရှင်းရ ပိုမိုလွယ်ကူနိုင်ပါတယ်။

 

စရိုက်လက္ခဏာ မတူညီတဲ့ အကြောင်းအရာအများကြီးရှိပါတယ်။ အဲဒီထဲကမှ တစ်ခုကတော့ မြန်မာ့ရိုးရာ ဗေဒင်နည်းအရ နက္ခတ်မတူတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကြားဖူးကြမှာပေါ့။ လူနက္ခတ်နဲ့ ဘီလူးနက္ခတ် မတည့်လို့ ပေါင်းသင်းဖို့ အဆင်မပြေတာတို့ ဘာတို့။ ဒီတော့ ကိုယ်က ဘာနက္ခတ်လဲ/ ကိုယ့်ချစ်သူက ဘာနက္ခတ်လဲ သိထားရင် ပိုအဆင်ပြေနိုင်မှာပါနော်။

နက္ခတ်တွက်နည်း

နက္ခတ်တွက်ဖို့အတွက် အရင်ဆုံး ကိုယ့်ရဲ့ အင်္ဂလိပ်မွေးသက္ကရာဇ်ကို သိဖို့လိုအပ်ပါတယ်။ တကယ်လို့ ကိုယ်ဟာ နှစ်ဆန်းတစ်ရက်နေ့ မတိုင်ခင် မွေးဖွားသူဆိုရင် မွေးသက္ကရာဇ်ထဲက ၆၃၉ ကို နှုတ်လိုက်ပါ။ (ဥပမာ... ၁၉၉၂ ခုနှစ် မွေးဖွားသူဆိုရင် ၁၉၉၂ ထဲက ၆၃၉ နှှုတ်လိုက်ရင် ၁၃၅၃ ရမယ်။)

တကယ်လို့ ကိုယ်ဟာ နှစ်ဆန်းတစ်ရက်နေ့ပြီးမှ မွေးဖွားသူဆိုရင်တော့ မွေးသက္ကရာဇ်ထဲက ၆၃၈ ကို နှုတ်လိုက်ပါ။ (ဥပမာ... ၁၉၉၂ ခုနှစ် မွေးဖွားသူဆိုရင် ၁၉၉၂ ထဲက ၆၃၈ နှှုတ်လိုက်ရင် ၁၃၅၄ ရမယ်။) ရလာတဲ့ ဂဏန်းတွေကို ၃ နှင့်စားပေးလိုက်ပါ။ အကြွင်း ၁ ဆိုရင် နတ်နက္ခတ်၊ အကြွင်း ၂ ဆိုရင် လူနက္ခတ်၊ အကြွင်းသုညဆိုရင်တော့ ဘီလူးနက္ခတ်ဖွားပဲ ဖြစ်ပါတယ်။

ကိုယ့်ချစ်သူက နတ်နက္ခတ်ဖွားဆိုရင်

Fotolia_60569185_M.jpg 

နတ်နက္ခတ်ဖွားတွေကတော့ နည်းနည်းခေါင်းမာပြီး အနေအထိုင်တည်ကြည်တယ်။ ကိုယ်မှန်တယ်ထင်ရင် တဇွတ်ထိုးလုပ်တတ်တဲ့ အကျင့်ရှိတယ်။ သူတို့တွေက သူတို့ကို လေသံမာမာနဲ့ပြောရင် (အော်ရင်) မကြိုက်တဲ့အတွက် သူတို့နဲ့ဆက်ဆံရင် လေပြေလေးထိုးပြီး အေးအေးဆေးဆေး ဆက်ဆံသင့်ပါတယ်။ ချော့သာပြောတတ်ရင် ဘာမဆိုလက်ခံကြမှာပါ။

သူတို့ဟာ အပေါင်းသင်းမင်ပြီး ကူညီချင်စိတ်ရှိတဲ့အတွက် အပေါင်းအသင်းလည်းများကြပါတယ်။ ဒါကြောင့် အပေါင်းအသင်းနဲ့ အချိန်ကုန်တာများပြီး ကိုယ့်ကို အချိန်မပေးနိုင်တာမျိုး ရှိလာတဲ့အခါမှာလည်း နားလည်ပေးနိုင်လို့ လိုအပ်လာပါလိမ့်မယ်။ နတ်နက္ခတ်ဖွားတွေဟာ သစ္စာတရားကို အလေးအနက်ထားတတ်ကြသူတွေ ဖြစ်တဲ့အတွက် သူတို့ကို သစ္စာမဖောက်မိဖို့တော့ လိုပါတယ်။

သူတို့ကို သစ္စာဖောက်ဖူးရင် ကိုယ့်ကို ပြန်လက်ခံပေးခဲ့ရင်တောင်မှ ဘယ်လိုမှ ပြန်ယုံကြည်နိုင်မှာ မဟုတ်တော့ပါဘူး။ တဇွတ်ထိုးလုပ်တတ်တဲ့ အကျင့်ရှိသူတွေဖြစ်တဲ့အတွက် ဘေးက နည်းနည်းထိန်းကွပ်ပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။

ကိုယ့်ချစ်သူက လူနက္ခတ်ဖွားဆိုရင်

o-DATING-30S-facebook.jpg 

လူနက္ခတ်ဖွားတွေကတော့ ဆင်ခြေတုံတရား ကောင်းမွန်တဲ့ ကိုယ်ထူးကိုယ်ချွန်သမားတွေ ဖြစ်ကြပါတယ်။ နောက်ပြီး သူတို့ဟာ လက်တွေ့ဆန်ပြီး ပြိုင်ဆိုင်လိုစိတ်ရှိကြတယ်။ ဒါကြောင့် သူတို့နဲ့ ဆက်ဆံမယ်ဆိုရင် အကျိုးအကြောင်း၊ အချက်အလက်ခိုင်ခိုင်မာမာနဲ့ ပြောပြတတ်ဖို့ လိုအပ်ပါတယ်နော်။

သူတို့မှာ အရာရာကို ပြိုင်ဆိုင်လိုစိတ်ရှိတဲ့အတွက် အလုပ်ထဲမှာ၊ သူငယ်ချင်းတွေကြားမှာ ပြိုင်ဆိုင်တတ်ကြပြီး နောက်ဆုံး ချစ်သူရည်းစားနဲ့ တွေ့နေရင် အသေးအဖွဲလေးတွေကအစ လိုက်ပြိုင်နေတတ်ပါတယ်။ တစ်ခါတလေ ရစ်နေတယ်လို့တောင် ထင်ရပါတယ်။ ဒါကြောင့် သူတို့နဲ့ လိုက်မပြိုင်ဘဲ အလျှော့ပေးသင့်ပေး၊ ဒါမှမဟုတ် နားလည်အောင်ရှင်းပြခြင်းဖြင့် ပြေလည်မှု ရယူနိုင်ပါတယ်။ အဓိကကတော့ သူတို့ကို အရွဲ့မတိုက်မိဖို့ လိုအပ်ပါတယ်။

ကိုယ့်ချစ်သူက ဘီလူးနက္ခတ်ဖွားဆိုရင်

Arguing-couple.jpg 

ဘီလူးနက္ခတ်ဖွားတွေကတော့ စိတ်ဓာတ်ပြင်းပြီး မခံချင်စိတ်များကြပါတယ်။ "သင်ကောင်းလျှင် ကျွနု်ပ်မဆိုးပါ" ဆိုတဲ့လူမျိုး ဖြစ်တဲ့အတွက် ပေါင်းသင်းရခက်တဲ့ လူမျိုးပါ။ တကယ်လို့ သူ့လိုလူမျိုးကို ချစ်သူတော်ထားရပြီဆိုရင်တော့ နားလည်မှုအပြည့်ပေးပြီး အတတ်နိုင်ဆုံး ရိုးရိုးသားသား ဆက်ဆံဖို့ လိုအပ်ပါတယ်နော်။

သူ့လိုလူမျိုးက ပြောစရာရှိရင် ဒဲ့ထိုးပြောမှ အဆင်ပြေမယ့် လူစားမျိုးပါ။ အိကျိအိကျိနဲ့ ကွေ့ဝိုက်နေမယ့် လူမျိုးဆိုရင်လည်း သဘောကျမှာ မဟုတ်ပါဘူး။ စိတ်ဓာတ်ပြင်းတယ်ဆိုပေမယ့် ချစ်သူနဲ့ပတ်သက်လာရင် ခံစားလွယ်၊ ပေါက်ကွဲလွယ်ကြပြီး သဝန်အရမ်းတိုတတ်ကြပါတယ်။ မခံချင်စိတ်များတဲ့ လူမျိုးအတွက် သူတို့အပေါ် မကောင်းဘူးထင်ရင် အရွဲ့တိုက်တတ်တဲ့ လူမျိုးတွေပါနော်။ ဒါကြောင့် သူတို့အပေါ် ကောင်းကောင်းဆက်ဆံပေးဖို့ လိုအပ်ပါတယ်နော်။

 

Share

Loading Next Article...
က္က